တစ်အိမ်လုံး အနံဆိုးတွေ ထွက်နေပါက အလွယ်ဆုံး ဖြေရှင်းနည်း
တစ်ခါတစ်ရံ မှာ ဟင်းတွေ ကျော်လှော်ချက်ပြုတ်ပြီးလို့ပဲ ဖြစ်ဖြစ် ၊ တိရစ္ဆာန် အကောင်တစ်ကောင်
သေဆုံးလို့ လွှတ်ပစ်ပြီးတာပဲ ဖြစ်ဖြစ် အနံ့ဆိုးတွေကျန်နေတတ်ပါတယ်။ ဘယ်လို ရှင်းရမလဲ နည်းမသိရင် အချိန်အတော်ကြာ ဒုက္ခရောက်ရပါတယ်။ နည်းသိရင်တော့ လွယ်လွယ်လေးပါ :)။
ရှာလကာရည်တစ်ခွက် နဲ့ လက်ကိုင်တပ် ဒယ်အိုးတစ်လုံးပဲ လိုပါတယ်။ လုပ်ရမှာကတော့ ရှာလကာရည် တစ်ခွက်ကို လက်ကိုင်တပ်ဒယ်အိုးထဲထည့်ကာ ပွက်ပွက်ဆူအောင် တည်လိုက်ပါ။ အငွေ့တွေတထောင်းထောင်းထွက်လာတဲ့အခါ အနံဆိုးရှိတဲ့နေရာ တစ်ဝိုက်ကို ယူသွားပေးပါ။
(ယူဖို့မလွယ်ရင်လည်း အဲဒီနားမှာပဲ အိုးကိုတည်လိုက်ပါ။ Portable မီးဖိုတွေ ရေနွေအိုးတွေ အလွယ်တကူ
ရနေတော့ အဆင်ပြေမယ်ထင်ပါတယ်)
ခဏတာ အချိန်အတွင်းမှာ အနံ့ဆိုးတွေပျောက်သွားပါလိမ့်မယ်။ အစပိုင်းမှာ ရှာလကာရည် အနံ့ အနည်းငယ်ကျန်နိုင်ပေမယ့် သိပ်မကြာခင်မှာပဲ ဘာအနံ့မှ မကျန်တော့တာ တွေ့ရပါလိမ့်မယ်
#သုတဇုန် #tips
fb.com/thutazone
www.thutazone.com

No comments: