ရည်းစားဦးနဲ့ပြတ်ပြီးသရဲဦးနဲ့တွေ့ခြင်း



ဒီအဖြစ်အပျက်လေးက နည်းနည်းတော့ကြာပါပြီ
ဆယ်ကျော်သက်အရွယ် ရည်းစားစထားတဲ့အချိန်တုံးကပေါ့။

ဆယ်ကျော်သက်ဆိုလို့ အခုတော်တော်အသက်ကြီးနေပြီလို့တော့မထင်နဲ့နော် အခုမှ ၂၀ကျော်သက်ဘဲရှိသေးတာ (ကြော်ငြာဝင်တာပေါ့)

အချိန်က ည ၇ နာရီလောက်ရှိမယ်။
နေ့ခင်းက ကျွန်မသူငယ်ချင်းတွေက သူနောက်တစ်ယောက်ရနေပြီ ဆိုတဲ့သတင်းပြောပြတယ်။
သူဆိုတာကတော့ (ရည်းစားဦး) ပေါ့နော်
အဲဒီအချိန် ကိုယ်က အချစ်တွေ ဘာတွေအဲလောက်မသိဘူး။ ကိုယ့်နဲ့ကြိုက်နေရဲ့သားနဲ့ တခြားတစ်ယောက်ရနေပြီဆိုတော့ စိတ်တိုတာပေါ့နော် မာနလဲထိခိုက်တယ်ပေါ့။
ဒါနဲ့ ပယ်ပယ်နှယ်နှယ်ပြောပြီးလမ်းခွဲမယ်ပေါ့
ညနေ ၆ နာရီ လမ်းထိပ်က အအေးဆိုင်မှာစောင့်နေဆိုပြီး သူ့သူငယ်ချင်းနဲ့မှာလိုက်တယ်
၆နာရီ ခွဲ ခုချိန်ထိမလာသေးဘူး
လူကလဲဒေါသက ထိပ်ရောက်နေပြီ ၇နာရီဲ
သူမလာလောက်တော့ပါဘူး
မလာလဲပြီးတာဘဲ ပြတ်ပြီပေါ့။
ဆိုပြီး ကျွန်မ အအေးဖိုးရှင်းပြီး ထထွက်လာတယ်။

!မိသက် ဟိုကောင့်စီလာတာလား!
(ဝန )ကျွန်မအခင်ဆုံးသူငယ်ချင်း
 သူနဲ့လဲခင်တယ်
!ဟုတ်တယ် လမ်းခွဲမလို့လာတာ နင့်သူငယ်ချင်းက မလာဘူးလေ !
!ဟာနင်တို့က ရန်ဖြစ်ကြပြန်ပြီလား
ငါသူအိမ်သွားခေါ်ပေးရမလား!
!မခေါ်နဲ့သူငယ်ချင်းငါပြန်တော့မယ် နောက်ကျနေပြီ!
!အေး ဟိုကောင်နဲ့မတွေ့တော့ ငါလိုက်ပို့ပေးမယ် တက်!

သူနဲ့ကျွန်မနဲ့က သိပ်မဝေးပါဘူး ကားမှတ်တိုင် ၄ မှတ်တိုင်စာလောက်ဘဲဝေးတာ။ အလာတံုးကတော့ ကားဌားလာတယ်။ အပြန်တော့မိုးချုပ်နေပြီ တစ်ယောက်ထဲလဲ Taxi မစီးချင်တာနဲ့ ဝန စက်ဘီးနဲ့လိုက်ပို့တာကိုလက်ခံလိုက်တယ်။ ဝနနဲ့ကလဲငယ်ပေါင်းတွေ
စိတ်ဓါတ်ကိုလဲသိနေတာ ဆိုတော့လေ။

ဝနက ကားလမ်းမက ကားတွေရှုပ်လို့ ရပ်ကွက်တွေထဲက ပတ်နင်းတယ်။ တစ်လမ်းလုံးလဲရယ်စရာတွေပြောတယ် ဝနက အရမ်းအစသန်တာ
!မိသက် ငါတို့ ခုနက ဖြတ်လာတဲ့ ဂုံးကျော်တံတားသိလား!
!အေး သိတယ်လေ ဘာဖြစ်လို့လဲ!
!အဲနေရာကအရမ်းစီးတာတဲ့!
!ဟယ် ဟုတ်လား!
!အေးဟုတ်တယ်ဟ အခုလဲစီးတယ်လေ နင်နဲ့ငါနဲ့စက်ဘီးစီးလာတာလေ ဟားဟားဟား!
!ဝန အစုတ်ပလုတ် ငါကအကောင်းမှတ်လို့!
စကားတပြောပြောနဲ့သူငယ်ချင်းနစ်ယောက် စက်လေးလေးစီးလာတာတစ်နေရာရောက်တော့
ကျွန်မကျောတွေချမ်းလာတယ် စိတ်ထဲမှာလဲတစ်မျိုးကြီး ခံစားချက် မကောင်းဘူး
!ဝနရေ မြန်မြန်နင်း!
!ဟားဟား ဘာလဲကြောက်နေပြီလား
ဒီနေရာကတော့ မစီးပါဘူးဟ ဒီနေရာက ညဘက်တွေ အတွဲတွေချိန်းတွေ့တဲ့နေရာလေ !
ဟုတ်လောက်မယ် ကျွန်မပတ်ဝန်းကျင်ကိုကြည့်ကြည့်တော့မီးရောင်လဲသိပ်မရှိဘူး လူနေအိမ်လဲမရှိဘူး
စက်ရုံအဟောင်းတော့တွေ့တယ် အုတ်ခုံလေးတွေလဲတွေ့တယ်။

အတွဲတွေတော့ မတွေ့သေးဘူးး
!ဒီနေရာက အရင်က အထည်စက်ရုံလေ့ ပိတ်ထားတာကြာပြီ !
!အော်! ထိုအချိန်
!ကလင် ကလင် ကလင်!စက်ဘီး ဘဲလ် သံ
!ဘာလဲဟ ဒီလောက် လမ်းရှင်းနေတာကို ဘယ်ကောင်က လက်ကမြင်းပြီ ဘဲလ် တီးနေတာလဲ မိသက် လှည့်ကြည့်လိုက်!
ကျွန်မလဲ အနောက်ကိုလှည့်ကြည့်လိုက်တော့
စက်ဘီးတစ်စီး အတွဲထင်တယ် နှစ်ယောက်လုံး အနွေးထည် အနီလေး ဆင်တူဝတ်ထားတယ်
လမ်းကအကျယ်ကြီး ဘေးကကျော်တက်သွားလို့ရတာကို ဘာလို့ ဘဲလ် တီးနေတာလဲတော့မသိဘူး
! အတွဲတစ်တွဲဟ သူ့ကောင်မလေးကိုစနေတာထင်တယ်!
!စ စရာရှားလို့ ဘဲလ်တီးပြီးစရတယ်လို့မသာလေးတွေ ရေ
 ကျော်တက်သွားဟေ့!
(ဝနက အဲလို ဘယ်သူ့မှလဲမကြောက်ဘူး
ဂျစ်ကန်ကန်နဲ့ ပြောရရင်တော့ လူမိုက်စတိုင်ပေါ့)
ဝနက သာအော်လိုက်တာ သူတို့က မကျော်တက်ဘူး ဖြည်းဖြည်းလေးဘဲနင်းနေတယ်
မိသက် ငါသီချင်းဆိုပြရမလား!
!အေး ဆိုပြလေ!
အင်းးအဟမ်း အဟမ်း အပြုံးနဲ့မှေးစက်တော့ချစ်သူရေထပ်ပြီးတော့မဝေးတော့ဘူး . . . .. .. . . . . . .
 (အံမယ် သူကမျိုးကြီးသီချင်းနဲ့) အပြာရောင်အချစ်ည မင်းလှမ်းကြည့်လိုက်စမ်းး စမ်းးး စမ်းးး!
!ဟဲ့ဆက်ဆိုလေ!
!လှမ်းကြည့်လိုက်စမ်း!
!အေး ဆက်ဆိုလေ!
!မဟုတ်ဘူး အရှေ့မှာ အရှေ့မှာ!
!ဘာလဲဟ! ကျွန်မက အနောက်ခုံမှာထိုင်နေတာဆိုတော့ မမြင်ရဘူး ဝန ကိုယ်နဲ့ကွယ်နေတာလေ
ကျွန်မလဲ အနောက်ကနေ ခေါင်းလေးထွက်ပြီး အရှေ့ကို ကြည့်လိုက်တော အမလေး လေးးးး

ကျွန်မတို့အရှေ့ ပေ ၃၀ လောက်မှာ စက်ဘီးကြီးက လေပေါ်မြှောက်တက်နေတယ်လူလဲမရှိဘူး
ကျွန်မလဲ သံသယဝင်တာနဲ့ အနောက်လှည့်ကြည့်လိုက်တော့
ဟို အတွဲ က ကျွန်မတို့ကို ရပ်ပြီးကြည့်နေတယ်
လမ်းမအလယ်မှာ တောင့်တောင့်ကြီး
စက်ဘီးလဲမရှိတော့ဘူး
!မိသက်ရေ ငါစက်ဘီးပြန်လှည့်တော့မယ်!
!အားး မလှည့်နဲ့ သရဲကအနောက်မှာ ဆက်နင်း မြန် မြန် အဲဒီစက်ဘီးကျော်အောင် မြန်မြန်နင်းးး!
!ဘာ !
ကျွန်မရော ဝနရော ဇော ချွေးတွေ ပျံလာပြီ ရုတ်တရက်ဆိုတော့  ဘုရားစာရွတ်ဖို့လဲမေ့နေတယ်
သရဲစက်ဘီးနားရောက်ပါပြီ ဘေးနားကဖြတ်တော့
ဝနကလဲ စက်ဘီးကို မိုင်ကုန် နင်းချလိုက်တယ်

!ကလင် ကလင် !သရဲစက်ဘီးက ဘဲလ်တီးတာပါ
လမ်းမဘက် အကွေ့နားရောက်တော့ ကျွန်မအနောက်ကို တချက်လှမ်းကြည့်လိုက်တယ်
စက်ဘီးလေးနဲ့ ဟိုအတွဲက ကျွန်မတို့ကို လက်ပြလို့! ! !
နောက်တစ်ပတ်လောက်ကြာပြီးတော့
ဝန နဲ့ကျွန်မ နေ့ခင်းဘက် အဲဒီရပ်ကွက်နားသွားပြီးလမ်းဘေးဆိုင်မှာ အကြော်စားရင်း စပ်စုကြည့်တာပေှါ့
အဲဒီတော့မှအကြောင်းစုံသိတယ်။

အဲဒီအတွဲက အနီးနားရပ်ကွက်တစ်ခုကတဲ့
ညဘက်တွေ့အဲစက်ရုံနားမှာသူတို့ချိန်းတွေ့နေကြတဲ့
လွန်ခဲ့တဲ့တစ်လလောက်က
သူတို့ချိန်းတွေ့ပြီးအပြန် ကားတိုက်ခံရတာ ၁ယောက်ကပွဲချင်းပြီး နောက်တစ်ယောက်ကဆေးရုံရောက်မှသေတာတဲ့
မသေခင်ကဆို အဒေါ့်စီမှာလဲ ညနေတိုင်း အကြော်လာစားနေကြလေ
အဒေါ်ဆို အခု ညနေ ၅နာရီ ထိုးတာနဲ့ဆိုင်သိမ်းပြီ
 အကြော်တွေပျောက်ပျောက်သွားလို့တဲ့လေ ။
ဒါကတော့ ကျွန်မ အချစ်ဆုံးသူငယ်ချင်းလေးနဲ့အမှတ်တရပေါ့

!!!!
အားပေးမှုကိုကျေးဇူးတင်ပါတယ်

Credit ; Thet Thet San

No comments:

Powered by Blogger.