ထိုက်တန်တဲ့ ရင်းနှီးမြပ်နှံခြင်း (၅) မျိုး


ဘဝမှာအောင်မြင်ဖို့အတွက် လူတိုင်းလိုလို ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ကြရပါတယ်။ အဲ့ဒီထဲကမှ ထိုက်တန်တဲ့ ရင်းနှီးမြှုပ်နှံခြင်း (၅) မျိုးကို ဖော်ပြပေးလိုက် ပါတယ်......

၁ .ကျွန်တော်အမြင် စာအုပ်ဟာ ကမ္ဘာပေါ်မှာဈေးအပေါဆုံးနဲ့ အထိုက်တန်ဆုံးသော ရင်းနှီးမြုပ်နှံခြင်းပါပဲ။
တချို့လူတွေအမြင် မှာစာအုပ်ကောင်းဆိုတာ အကြောင်းအရာ ကောင်းတွေနဲ့ပြည့်နှက်နေရလိမ့်မယ်။ ပြီးတော့ စာမျက်နှာ တွေအများကြီးပါ ရမယ်။ ဒါမှစာအုပ်ကောင်းလို့ ထင် တတ်ကြတယ်။ နည်းနည်းလေးမှ မဟုတ် ပါဘူး။ တချို့စာအုပ်တွေမှာ ဖတ်လိုက်ရတဲ့အကြောင်းအရာ နည်းနည်းလေး ကလည်းကျွန်တော် တို့ဘဝတလျှောက်လုံးကို ပြောင်းစေနိုင်ပါတယ်။
ကျွန်တော်တို့ ရဲ့ငွေတွေ သောင်းသိန်းချီပြီး သက်သာစေနိုင်ခဲ့ပါတယ်။ ဒီတော့ ကျွန်တော်မေး ကြည့်ပါရစေ။ စာအုပ်ဝယ်ရင် အချက်အလက်ကို လိုချင် လို့လား ဒါမှမဟုတ် သင့်ဘဝကိုပြောင်းလဲနိုင်စေ
ဖို့လား စာအုပ်ဖိုးအတွက် ကပ်စီးမနည်း ပါနဲ့။

၂.ဆွေးနွေးပွဲ ဟောပြောပွဲ
တချို့ဆွေးနွေးပွဲတွေကို ကျွန်တော်တက်ရောက် ခွင့်ရရင်ကျွန်တော်စိတ်တွေအရမ်းလှုပ်ရှားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အကြိမ်တိုင်းမှာ ကိုယ့်ကိုစောင့်နေတတ်တဲ့ မိတ်ဆွေအသစ်တွေတွေ့ခွင့်ရတတ်
ပါတယ်။
 ဒီအပြင် အိုင်ဒီယာအသစ်တွေ အတွေ့အကြုံအသစ်တွေ အိမ်ပြန်သယ်သွားဖို့ အများကြီးရရှိ နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဘာတွေကိုသိသင့်ယူသင့်ပြီး ဘာတွေကို မသိသင့်မယူသင့်ဘူး ဆိုတာကိုတော့ ကိုယ့်ကို
ကိုယ် သေချာအောင် အရင်နားလည် ထားနိုင်ရပါမယ် ကိုယ့်ကိုယ်ကို ဆွေးနွေးရာမှာ ပညာရှင်ကြီးလို
မခံယူမိပါစေနဲ့ ဘဝဆိုတာ ရရှိလာတဲ့အခွင့်အရေးနဲ့ အသိပညာတွေကို အမှန်တကယ် လက်တွေ့မလုပ်
ဆောင်ပါပဲ ဘာမှ တိုးတက်မှု့ မရှိလာနိုင်ပါဘူး။

၃.coach/mentor
သင်ရွေးချယ်ထားတဲ့ အရာမှာ အလျှင်အမြန်တိုးတက်အောင်မြင်စေနိုင်မဲ့ အရာကတော့ ကောင်းမွန်တဲ့ ဆရာ နည်းပြရှိခြင်းပါပဲ။ လူအများစု မှာ ၂ မျိုး နှစ်စားရှိတတ်ပါတယ်။
 ၁. ကိုယ့်ဖာသာစမ်းသပ်လေ့လာ တယ် မှားတယ်မှန်တယ် မသိဘူး
၂. မှားယွင်းတဲ့ နမူနာစံပြကနေ လေ့လာတယ် (ကိုယ်တိုင်မလုပ်နိုင်ဘူး)

အဲ့တော့ ကျွန်တော်တို့က မှန်ကန်တဲ့နည်းလမ်းကို တွေ ကြုံ ဖို့ အတွက် အချိန် ဘယ်လောက်တောင်ကြာအုန်းမှာလဲ။
သင့်ရဲ့ လုပ်ငန်းလိုင်း မှာ top5 ဖြစ်တဲ့ သူတွေ ရဲ့အကြံဥာဏ်သေးသေးမွားမွားလေးကလည်း အင်မတန်တန်ဖိုးရှိပါတယ်။ သူက သင့် ဘဝကို လက်ဝါးလှန်လိုက်သလိုပြောင်းလဲ သွားစေနိုင်ပါတယ်။ “ကောင်းမွန်တဲ့ နည်းပြ ဆရာ ”ကိုဘယ်မှာ သွားရှာရမလဲ ဆိုရင်တော့ ကျွန်တော်ပြောပြချင်တာက ကိုယ်ကရော အဲ့ဒီဆရာကို ဘာများကူညီပေးနိုင်မှာလဲ၊ သူဆီက အသိပညာတွေ ရယူခံယူနိုင်ဖို့ အတွက် ဘယ်လိုလုပ်ရမလဲ ၊ ဘယ်လိုလုပ်မှ သူကကိုယ့်ကို လက်ခံနည်းလမ်းပြပေးနိုင်မှာလဲ ဆိုတာကို သိရှိနားလည်တတ်ရပါမယ်။

၎.ဆက်ဆံရေး

ဘယ်ပြင်ပအောင်မြင်မှုက မှ မိမိအိမ်အတွင်းအောင်မြင်မှု့ကို မယှဉ်နိုင်ပါဘူး ။
Success isn’t all about money.
သင်တွေးကြည့်လိုက်ပါ အကယ်လို့သင်မှာ ငွေကြေးသိန်းသန်းချီ ပြီးချမ်းသာနေ ပေမယ့် သင့်ကို
ပေါင်းသင်းဆက်ဆံမဲ့လူ မရှိဘူးဆိုရင်ကော ဘယ်နေရာများ ဝမ်းသာဂုဏ်ယူစရာကောင်း ပါ့မလဲ။ ဆက်ဆံရေး/ယုံကြည်မှု ဆိုတာတွေ ဟာ အဲ့ထက်မက တန်ဖိုးရှိပါတယ်။ ပိုက်ဆံ ရှိနေယုံနဲ့ဝယ်ယူလို့မရ နိုင်ပါဘူး။ ဒါကြောင့် အဲ့အရာအတွက် ခုချိန်ကစပြီးထိန်းသိမ်းထားရင်းနှီးမြုတ် နှံထားလိုက်ပါ။

၅.ကျန်းမာရေး
သင်ရှာဖွေ လို့ရလာတဲ့ငွေတွေ အကုန်လုံးကို အတွေ့ အကြုံ တွေ အတွက် အကုန်ခံချင်သလား။ ဒါမှမဟုတ် ဆေးဖိုးဝါးခ အဖြစ်နဲ့ ပဲအကုန်ခံ ချင်ပါသလား။ ခင်ဗျား ကျွန်တော် တို့ အားလုံးဟာ မိမိရဲ့ ကိုယ်ခန္တာ ကို ကျေးဇူးတင်ကြရမှာပါ။
ကိုယ့်ကို ကောင်းမွန်တဲ့အရာတွေ မြောက်များစွာလုပ်ဆောင်စေနိုင်ခဲ့တဲ့ အတွက်ကျေးဇူးတင် သင့်ပါတယ်။ အဲ့ဒီတော့ သူ့ကို လဲဂရုစိုက် စောင့်ေ၇ှာက်သင့်လှပါတယ် ဟုတ်တယ်မလားခင်ဗျာ။
ကိုယ့်ရဲ့ ကျန်းမာရေးကိုကိုယ်အထူးတလည်တန်းဖိုးထားဂရု စိုက်ရမှာပါ အကယ်လို့ဒီလောက ကြီးက မှာသင်မရှိတော့ရင် ကျွန်တော်တို့ လောကကြီး မှာသင့်လို ကောင်းမွန် တန်ဖိုးရှိလွန်းတဲ့လူ နောက်ထပ်တစ်ယောက် ထပ်မံ ဆုံးရှုံးရ မှာမို့လို့ပါ လက်ခံပါသလားခင်ဗျာ။

Credit : ကာရာချတ်(Mr.Man)

No comments:

Powered by Blogger.