ယောကျာ်းဖြစ်သူကို မပေးချင်တာကြောင့် ကိုယ့်သမီးတွေကို သတ်လိုက်တဲ့မိခင်
အသက် ၂၄ နှစ် အရွယ် Samira Lupidi ဆိုသူ အမျိုးသမီးဟာ ၁နှစ်ကျော် အရွယ် နဲ့ ၃ နှစ် အရွယ် ရှိပြီဖြစ်တဲ့ သမီးအရင်းတွေကို ဓားနဲ့ ထိုးသတ်ခဲ့ပါတယ်။ သတ်ရတဲ့အကြောင်း အရင်းကတော့ သူမယောက်ျားကို ကြောက်တဲ့အပြင် ကလေးတွေကို ယောင်္ကျားကို မပေးချင်လို့ပါတဲ့။
သူမရဲ့ ယောင်္ကျားဟာ သူမကို မကြာခဏ ရိုက်နှက်လေ့ရှိတာကြောင့် သူမအလွန်ပဲ ကြောက်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ယောင်္ကျားဆီက ထွက်လာပြီး ဒုက္ခသည် စခန်းတစ်ခုဆီမှာနေထိုင်ခဲ့ပါ တယ်။ ယောင်္ကျားဆီက ထွက်လာပြီး နောက်တစ်ရက်မှာတင် ဒီဖြစ်ရပ် ဟာ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ရက်နေ့မှာ ဒုက္ခသည်စခန်းက ၀န်ထမ်းတစ်ယောက်က သူတို့အခန်းရှိရာ ကို လာရောက်စဉ် သူမဟာ အတင်းထွက်ပြေးခဲ့ပါတယ်။ ၀န်ထမ်းက ကလေးတွေကိုသတ်လိုက်ပြီ ဆိုတဲ့သူမ စကားသံကို ကြားခဲ့ရပါတယ်။
အခန်းထဲက အိပ်ယာပေါ်မှာတော့ ချစ်စဖွယ် သမီးနှစ်ယောက်ဟာ ဓားဒါဏ်ရာတွေနဲ့ သေဆုံးလျှက်ရှိပြီး နဘေးမှာတော့ သွေးပေနေတဲ့ ဓားနှစ်ချောင်းကိုတွေ့ပါတယ်။ သူထွက်ပြေးတုန်းက သူ့ရဲ့လက်မှာ သွေးတွေပေကျံနေတာကို တွေ့တယ်လို့ ၀န်ထမ်းက ဆိုပါတယ်။ အခုချိန်ထိ သူမက ငြင်းဆန်နေဆဲဖြစ်တာကြောင့် တရားရင်ဆိုင်နေရဆဲပဲဖြစ်ပါတယ်။ အာမခံတောင်းခဲ့ပေမယ့် တရားသူကြီးက ပယ်ချလိုက်ပါတယ်။ အမှုကို မကြာခင်အပြီးသတ်စီရင်မှာ ဖြစ်ကြောင်း သိရပါတယ်။


No comments: