ဗိုက္တဂြီဂြီ မြည်တိုင်း ဗိုက်ဆာတာ မဟုတ်



အစာအိမ်ထဲ တဂွီဂွီမြည်နေတာ ကြုံဖူးမှာပါ။ ဒါပေမယ့် ခုလို အသံမြည်နေတာဟာ တကယ်တော့ အစားအစာ စားချင်နေုလို့၊ ဗိုက်ဆာနေလို့တော့ မဟုတ်ပါဘူး။ အစာအိမ္ထဲက တဂြီဂြီ စျမည္လာတဲ့ အခါတိုင်း နေလို့မကောင်း ဖြစ်လာတတ်ပါတယ်။

ဒါပေမယ့် တကယ့်အဖြစ်မှာတော့ တအုပ်အုပ်မြည်နေတုန်း ဖမ်းချုပ်လိုက်တဲ့ အစာအိမ်က သင့်အစာအိမ်က လုံးဝမဟုတ်ပါဘူး။ တကယ့် အစာအိမ်က နံရိုးချိုင့်ခွက်လေးအောက်ခြေထိသာ ရောက်ပါတယ်။ ဒီတော့ အဲဒီတဂွီဂွီမြည်နေတာဟာ ဗိုက်ဆာခြင်းကြောင့် ဖြစ်လာတဲ့ အရာမဟုတ်ပါဘူး။ အစာအိမ်ကနေ အူတွေထဲ အစာတွေ တွန်းပို့ပေးတဲ့ သန့်စင်ရေးဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒါက အစာစားပြီး တစ်နာရီခန့်အကြာမှာ ပုံမှန်ဖြစ်ပွားပါတယ်။ အစာထပ်စားခြင်းက အစာအိမ်ကို ငြိမ်သက်စေပြီး ယင်းသန့်စင်မှုဖြစ်စဉ်ကို ရပ်တန့်စေပါတယ်။

အစာတစ်ခါနဲ့ တစ်ခါစားတဲ့ အချိန်စပ်ကြား ၄-၅ နာရီခြားသင့်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပြုထားပါတယ်။ ဒါ့ကြောင့် ဗိုက်တဂွီဂွီမြည်တိုင်း ဗိုက်ဆာကောင်းဆာနိုင်ပေမယ့် တကယ်တော့ ထမင်းစားဖို့ လိုအပ်နေတာတော့ မဟုတ်ပါဘူး။

Trend Myanmar

No comments:

Powered by Blogger.