မြန်မာတွေဘယ်တုံးကစပြီးတိုက်သင်္ဘောဆောက်ခဲ့သလဲ
လွန်ခဲ့သည့်နှစ်ပေါင်း ၁၄၀ ခရစ်နှစ် ၁၈၇၃ စက်တင်ဘာလ ၉ ရက်နေ့တွင် ရတနာပုံ သင်္ဘော စက်ရုံတော်ကြီး ရတနာပုံသဘောင်္ကျင်း (ရတနာပုံမန္တလေး) တွင်မြန်မာ့ ပထမဆုံးသံထည်သင်္ဘော ပဲ့ခုတ်စက်ရဟတ်တ ပ် မြစ်တွင်းသွား မီးသင်္ဘောကို ရေချနိုင်ခဲ့ပါသ ည်။ ရေချပွဲကို မက္ခရာမင်းသား၊ရွှေကူမင်းသားတို့တ က်ရောက်ပြီး မင်းခန်းမင်းနား နှင့် ကြီးကြယ်စွာ သင်္ဘောရေချပွဲ ကျင်းပပြုလုပ်ခဲ့ ပါသည်။ ရတန္တပုံ ရွှေမြို့တော်ကြီးတည်ထောင်ရာတွင် မြန်မာနိုင်ငံအား ခေတ်မှီ လက်နက်တပ်ဆင်သော တပ်မတော်ဖြစ်ဖစရန် ကနောင်မင်းသားကြီး (သီရိ ပ၀ရ မဟာသုဓမ္မရာဇာ ဘွဲ့ခံ) သည် ခေတ်မှီ ရေတပ်မတော်ကြီးဖြစ်စေရန် ဧရာဝတီမြစ်ကမ်းန ဖူး ပန်းဆက်တံခါးတော်အထွက်တွင် သက္ကရဇ် ၁၂၂၆ ခရဇ်နှစ် ၁၈၆၄ တွင် စတင် တည်ဆောက်ခဲ့ပါသည်။
ထိုအချိန်တွင် ရတနာပုံနေပြည်တော်အတွင်း ခေတ်မှီ စက်ရုံ ၅၀ ကျော်အား ကနောင်မင်းသားကြီးသည် စက်ရုံ ဌာနတော်အဖြစ် ဖွဲ့စည်းတည်ဆောက်ပြီး သားတော် မက္ခရာမင်းသား သီရိမဟာသုဓမ္မရာဇာ
အားအုပ်ချုပ်စီ မံစေကာ စက်ရုံအမှုထမ်း ၁၂၇ သီးဖြင့်လုပ်ငန်းဆောင်ရွက်လည်ပါတ်ကာ လစာအားဖြင့် တစ်လ စပါး တင်း ၂၈၅၅ တင်းဖြင့် အလုပ်လုပ်စေကာ စက်ရုံအတွက် ခေတ်မှီ စက်ကိရိယာများအား စကော့တလန်ပြည် ဒန်စပ်စ် နှင့် စမစ်ကုမ္ပဏီများမှ ၀ယ်ယူ တပ်ဆင်ကာ ၁၈၇၀ အောက်တိုဘာလ ၇ ရက်နေ့တွင် ပထမဦးဆုံး တိုက်သင်္ဘော (ကျွန်းကိုယ်ထည်ရေနွေးငွေ့စက်တပ်) အား ရေချနိုင်ခဲ့ပြီး တိုက်သဘောင်္အရွယ်အစားမှာ အလျှား ၁၈၀ပေ အနံ ၂၄ပေခန့် ရေစူး ၆ပေရှိကာ ရေယာဉ်အတွက်စက်များ
ကို ဆပ်သလင်း၊ မက္ကဇီ၊ ဒေါ်လ်ဆင်၊ဆပ်ပဆင်နှင့် အက်ဒ်မန်ဂျုံး ကုပ္မဏီများမှ ၀ယ်ယူတပ်ဆင်ခဲ့ေ ကြာင်းသိရှိရပါသည်။
၁၈၇၁ ဇွန်လ ၁၀ရက်နေ့တွင် နောက်ထပ်တိုက်ရေယာဉ် ၂စီးအား မင်းခန်းမင်းနား ဖြင့် ရေချခဲ့ပြီး ၁၈၇၁ သြဂုတ်လ ၂ ရက်နေ့တွင် မြန်မာ လက်သမားဆရာကြီးဆရာရှမ်း တည်ဆောက်သော အလျှား ၁၆၅ ပေ အနံ ၂၈ ပေ ရေစူး ၆ပေရှိ သမိုင်းဝင် ရေနွေးငွေ့ အင်ဂျင်စက်တပ် အမြောက် ၁၄ လက်ပါသော တိုက်သဘောင်္ အား အမြောက် ၁၄ လက်စလုံးအား ပစ်ဖေါက်ကာ ရေချပွဲအားကျင်းပပြီး ၁၈၇၂ ဖေဖေါ်ဝါရီ
လ ၁၂ ရက်နေ့တွင် သင်္ဘော ၁စီးနှင့် နောက်ထပ်သဘောင်္ ၃စီး အား ထပ်မံရေချပွဲ ကျင်းပကာ
မြန်မာ့သင်္ဘောတည် ဆောက်မှုတွင် မညံ့ကြောင်း နယ်ချဲ့တို့အားတ န်လှုပ်စေခဲ့ကာ ၉-၉-၁၈၇၃ တွင် မြန်မာ့ ပထမဆုံး သံထည် မီးသဘောင်္အားတည်ေ ဆာက်ပြကာ ၁၈၇၅ တွင် မြစ်တွင်းသွား အမြောက် ၁၂ လက်တင် မြန်မာ့ဘုရင့်ရေ တပ်မတော် စစ်ရေယာဉ်ဖြင့် ဧရာဝတီမြစ်အတွင်း စစ်ရေးလေ့ကျင့်မှု အားပြုလုပ်ခဲ့ပြီး ၁၈၇၅ ဧပြီလတွင် အမြောက် ၁၄ လက်တပ် စစ်ရေယာဉ်တစ်စီး အား ဗန်းမော်မြို့ သို့ ဆန်တက်စေ ခဲ့ရာ နယ်ချဲ့တို့အားအထူးတုန်လှုပ်စေခဲ့ပါသည်။
ကျွန်းသင်္ဘော ၁၀ စီး ဆရာရှမ်း တည်ဆောက်သော အမြောက်တင်တိုက် သင်္ဘော ၁စီး သံထည် သင်္ဘော ၄ စီး ၁၈၇၀ မတိုင်မှီ တည်ဆောက်ခဲ့သော သင်္ဘော ၃စီး စုစုပေါင်း ၁၈ စီးအား အင်္ဂလိပ်တို့ မြန်မာနိုင်ငံ
အားသိမ်းပြီးနောက် ဧရာဝတီ ဖလုပ်တီလာ ကုပ္မဏီသို့ ရတနာပုံသင်္ဘောကျင်းနှင့် တကွ စစ်နိုင်ဆုလာဘ် အဖြစ် ရောင်းချ သွားရာမှ မြန်မာ့သင်္ဘောတည် ဆောက်ရေးဇာတ်သိမ်းခဲ့ကာ ယခု မြန်မာ့ရေတပ်သင်္ဘော
ကျင်းတွင် နိုင်ငံတကာအားရင်ဘောင်တန်းနိုင်သော ကော်ဘတ်စစ်ရေယာဉ်များ။ အမြန်တိုက်ခိုက် ရေးစစ်ရေယာဉ်များ၊
ဖရီဂိတ်စစ်ရေယာဥ်များ၊ ကမ်းထိုးရေယာဉ်များ။
ပိုးဆောင်ထောက်ပံ့ရေး ရေယာဉ်များအား ခေတ်မှီ နည်းပညာများ၊
ခေတ်မှီဒုံးလက်နက်နှင့် လက်နက်စနစ်များ၊ ခေတ်မှီစက်ကိရိယာများအသုံးပြုတည်ဆောက်လျှက်ရှိကာ မကြာမှီက ၀ယ်ယူဖြည့်တင်းသော ခေတ်မှီ ရေပေါ်လွန်းကျင်း ကြီးအား လက်သမားဆရာကြီး ဆရာရှမ်းအားဂုဏ်ြ ပုကာ ဆရာရှမ်းအမည်ပေးတပ်တော်ဝင်ပြုလုပ်ခဲ့ ရာဝမ်းမြောက်ဂုဏ်ယူခဲ့ရပြီး
နောင်တခေတ်ရဲ့မျိုးဆက်သစ် ရေတပ်သားများ သိရှိစေရန် ဂုဏ်ပြုရေးသားလိုက်ရပါသည်။
(ရတနာပုံသင်္ဘောကျင်းသမိုင်းမှတ်တမ်းမှ ကူးယူဖေါ်ပြပါသည်)-

No comments: