Polydactyly ကြောင့် ခြေလက် ၃၁ ချောင်းနဲ့ မွေးလာတဲ့ ကလေး
Honghong မွေးလာတဲ့အခါ သူ့ခြေချောင်းလက်ချောင်းတွေ ရေတွက်ဖို့ သူ့မိဘတွေ တွေဝေခဲ့ကြပါတယ်။
ဒီကောင်လေး လက်ချောင်း ၁၅ ချောင်းနဲ့ ခြေချောင်း ၁၆ နဲ့ မွေးလာတာ ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ပါ။ ဝမ်းတွင်းပါရောဂါတစ်ခုဖြစ်တဲ့ polydactyly ရောဂါတစ်မျိုးလို့ Xiaoxiang Mornign Post သတင်းအရ သိရပါတယ်။
အခုအချိန်မှာ ၄ လ ပြည့်နေပြီဖြစ်တဲ့ အဲဒီကလေးဟာ လက်နဲ့ ခြေထောက် နှစ်ဖက်စလုံး ၆ ချောင်းစီ ရှိတဲ့ မိခင်ထံ ရောဂါဆိုးမွေး ဆက်ခံရရှိခဲ့တာပါ။ သားရဲ့ ရောဂါအခြေအနေကို မြင်တွေ့ပြီးနောက်ပိုင်း မိဘတွေ အကူအညီ အသည်းအသန်ရှာဖွေနေကြပါတော့တယ်။ ဟူနန်ပြည်နယ်ရှိ ဆေးရုံတစ်ခုက ဆရာဝန်ကလည်း ကလေးရဲ့ အသက် တစ်နှစ်မပြည့်ခင် ၆ လအတွင်း ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးဖို့ အကြံပြုခဲ့ပါတယ်။
ဒါပေမယ့် များပြားလွန်းတဲ့ ကုသမှုစရိတ်တွေကြောင့် မိဘနှစ်ပါးရဲ့ မျှော်လင့်ချက်တွေ ပျက်စီးသွားခဲ့ပါတယ်။ Honghong ရဲ့ ခွဲစိတ်ကုသမှုစရိတ်ဟာ ယွမ် ၁၀၀၀၀၀ (ဒေါ်လာ ၁၅၃၉၀) ကုန်ကျမှာ ဖြစ်ပါတယ်။
သူတို့အဖြစ်အပျက် တရုတ်လူမှုမီဒီယာပေါ် ရောက်သွားပြီးနောက် အင်တာနက်သုံးစွဲသူအများအပြားက အကူအညီ ဝိုင်းဝန်းရှာဖွေပေးကြပြီး အစိုးရဆီ Honghong နဲ့ သူ့မိသားစုကို ထောက်ပံ့ကူညီပေးဖို့
တောင်းဆိုပေးကြပါတယ်။
Trend Myanmar



No comments: