ဆပ်ပြာထဲကသမိုင်း သမိုင်းထဲက ဆပ်ပြာ


 ရေးသားသူ - ထူးရွှေမောင်(အလင်းသစ်)
ဈေးကွက်ဂျာနယ်

          ကမ္ဘာတည်ဦး လူရယ်ဖြစ်လာ ပြီးစမှာ ဆပ်ပြာဆိုတာ သိကို မသိ ကြပါဘူး။ သုံးဖို့ဆိုတာ ဝေလာဝေး ပါရော။ ခု လူတွေ ဆပ်ပြာသုံးနေ ကြတယ်။ နော့ဖြင့် ဆပ်ပြာကို လူ တွေ ဘယ်တုန်းခါကစ သုံးကြသလဲ။ ငမောင်တွေးကြည့်ပါတယ်။ တွေး တာက ငွေမကုန်ဘူးလေ။ သုံးစရာ မရှိလို့ ပိုနေတဲ့အချိန်တွေကို ဗုံးပေါ လအောသုံးပြီး ငမောင်တွေးပါတယ်။ တွေးရင်းက ကိုယ့်အရည်အချင်းကို သိလာတော့ စွယ်စုံကျမ်းကိုပဲ ပြေး လှန်လိုက်ရတော့တယ်။

          ဗြိတိန်က အန်ဆိုက္ကလိုပီဒီးယား ၂ဝ၁ဝ မှာတွေ့တာက လူသားတွေ ဆပ်ပြာကို လွန်ခဲ့တဲ့ အတိတ်နှစ် ၂၃ဝဝ ကစ တွေ့သိခဲ့ကြတာတဲ့။ Pliny the Elder ရဲ့ အဆိုအရဖြင့် ဘီစီ ၆ဝဝ ခန့်မှာ ဖိုနီးရှန်းလူမျိုးတွေက ဆိတ်အဆီနဲ့ ထင်းမီးလောင် သစ်သားပြာရောနှောပြီး ဆပ်ပြာကိုလုပ်ခဲ့ကြ ဂေါလူမျိုးတွေနဲ့ ကုန်ဖလှယ် စနစ် လုပ်ရာမှာ ဆပ်ပြာကို ဖလှယ်ခံပစ္စည်း အဖြစ်သုံးခဲ့ကြတယ်တဲ့။ ရောမ အင်ပါယာမှာတော့ ဆပ်ပြာကို ကျယ်ကျယ်ပြန့်ပြန့် သိနေကြပြီ။ သုံးနေကြပြီ။ ဆပ်ပြာကို ဘယ်လိုသုံးရမယ်။ ဘယ်လိုထုတ်လုပ်ရမယ်ဆို တာရောမတွေ ရှေးဟောင်း မြေထဲ ပင်လယ်နေသူတွေက ဒါမှမဟုတ် ဆဲလ်တစ်လူမျိုးတွေဆီက ရတာဖြစ် တယ်တဲ့။ ဆဲလ်တစ်တွေဟာ ဘရစ်တေးနီးယားမှာနေထိုင်ခဲ့သတဲ့။


           ဆဲလ်တစ်တွေက သူတို့ရဲ့ ဆပ်ပြာကို တိရစ္ဆာန်အဆီနဲ့ သစ်ပင်က ဖြစ်တဲ့ ပြာနဲ့လုပ်ကြပြီး Saipo လို့ ခေါ်ခဲ့ကြ တယ်။ Soap ဆပ်ပြာ ဆိုတဲ့ စကားလုံးက Saipo က ဆင်းသက် လာသတဲ့။ နို့ပေမယ့် လျှော်ဖွပ်ရာမှာ သန့်ရှင်းစေရာမှာ ဆပ်ပြာရဲ့ အရေး ပါမှုကို ခရစ်တော် ကွယ်လွန်ပြီး အေဒီ နှစ်ရာစုရောက်တဲ့အထိ သိသိ မှတ်မှတ်ရှိကြပုံ မရဘူးတဲ့။ ဂရိ ဆရာဝန် Galen က ဆပ်ပြာကို ခန္ဓာကိုယ် သန့်ရှင်းရေးသုံး ပစ္စည်းအဖြစ်၊ ဆေးဝါးတစ်မျိုး အဖြစ်သာဖော်ပြခဲ့ပါ တယ်။ ရှေးဦးကာလက ဆပ်ပြာကိုဆေးဝါးအဖြစ်သာ သုံးခဲ့ကြတာတဲ့။ အေဒီရှစ်ရာစုမှာတော့ အာရပ်ပညာရှိ Geber က ဆပ်ပြာကို သန့်ရှင်းစေတဲ့ အကျိုးသွားရှိတယ်လို့ ထပ်မံရေး သားဖော်ပြခဲ့တယ်တဲ့။

         ဥရောပမှာတော့ အလယ်ခေတ် ဆပ်ပြာ ထုတ်လုပ်မှုရဲ့ ဗဟိုက ပထမ မှာတော့ မာဆေးဖြစ်ပြီး၊ နောက်တော့ ဂျီနိုအာ၊ နောက်ပိုင်းမှာတော့ ဗင်းနစ် ဖြစ်လာတယ်ဆိုပါတယ်။ ဂျာမနီမှာ တော့ ဆပ်ပြာထုတ်လုပ်မှုတချို့တွေ တိုးတက်လာပေမယ့် ဥရောပအလယ် ပိုင်းဒေသမှာတော့ ဆပ်ပြာကို အင်မ တန်အသုံးနည်းကြသတဲ့။ ဒီလို အသုံးနည်းကြလို့ မြို့စားကတော် Juelich ဆီကို ဆပ်ပြာတစ်ဘူး ၁၆၄၅ ခုနှစ်မှာ လက်ဆောင်ပေးပို့ ဆပ်ပြာကိုထိတွေ့ စမ်းသုံးကြည့်စေခဲ့ပါသတဲ့။ ၁၆၇၂ ခုနှစ်မှာ ဂျာမန်လူမျိုး A. Leo က အီတလီနိုင်ငံကနေ ဂျာမနီနိုင်ငံနေ Lady Von Schleinitz ဆီ ဆပ်ပြာကို ပါဆယ်ပို့ပေးခဲ့ပါတယ်။ ပါဆယ်ထုပ် ထဲမှာ ဆပ်ပြာနဲ့အတူ သိရခက်တဲ့ ဒီပစ္စည်း (ဆပ်ပြာ)ကို သုံးစွဲနည်း အညွှန်း အသေးစိတ်ကိုလဲ တစ်ပါ တည်း ထည့်ပေးလိုက်ပါသတဲ့။

         အင်္ဂလိပ်လူမျိုးထဲက ပထမဦး ဆပ်ပြာချက်လုပ်သူဟာ ၁၂ ရာစု ရောက်မှပဲ ဘရစ္စတိုမြို့မှာ ပေါ်လာ တယ်။ ဆပ်ပြာချက်လုပ်တဲ့ သူ အသိုင်းအဝန်းကလေးဟာ လန်ဒန် Cheapside အာရပ်မှာ ကြီးထွားလာ ပါတယ်။ အခါက ၁၃ ရာစု၊ ၁၄ ရာစုမှာပါ။ အဲဒီခေတ်အခါက ဆပ်ပြာ ချက်လုပ်သူတွေဟာ ချက်သမျှ ဆပ် ပြာအားလုံးအပေါ်မှာ အခွန်ကောက် ပေးဆောင်ကြရပါတယ်။ နပိုလီယန် စစ်ပွဲပြီးတော့ စစ်စရိတ်ထောင်းတာ ကြောင့် အခွန်အခတွေ မြင့်တက်လာ တယ်။ အခွန်တော် ငွေတစ်ပေါင် တိုင်းကို သုံးပဲနိ တိုးကောက်တယ်။ ဆပ်ပြာချက် ဒယ်အိုးကြီးတွေကို သော့ ခတ်နိုင်ဖို့ အံကျအဖုံးတွေနဲ့ဖုံးပြီး ညအခါ သော့ခတ်ထားခံရတယ်။ ဆပ်ပြာချက်သူတွေ ညအမှောင်ထဲမှာ အခွန်ခံတွေ မသိရစေဘဲ ခိုးဝှက် မချက်နိုင်အောင်တဲ့။ နို့ပေမယ့် ဒီလို ကြီးလေးတဲ့ အခွန်တော်ဟာ ၁၈၅၃ ခုနှစ်မတိုင်မီမှာပဲ ပပျောက်သွားခဲ့ တယ်။ နိုင်ငံအတွက်ငွေပေါင်း ပေါင် ဆယ်သိန်း နစ်နာခဲ့ရတာပေါ့။

          ၁၉ ရာစုထဲဝင်တော့မှ ဆပ်ပြာဟာ လူအများစုသုံး ပစ္စည်းဖြစ်လာ တော့သတဲ့။ ဂျာမန် ဓာတုဗေဒ သမား Justus Von Liebig ကဆိုရင် လူမျိုးတစ်မျိုးဟာ ဆပ်ပြာ ဘယ် လောက်သုံးတယ်ဆိုတဲ့ အရေအတွက်က ဒီလူမျိုး ကြွယ်ဝ ချမ်းသာ မှုနဲ့ ယဉ်ကျေးမှု အတိုင်းအတာ၊ အဆင့်အတန်းကို ထုတ်ပြောကြေ ညာတာဖြစ်တယ်လို့တောင် ဆိုခဲ့ သတဲ့။


          ဆပ်ပြာချက်လုပ်စ ရှေးဦးကာ လမှာ သစ်သားကနေရတဲ့ ထင်းမီးလောင်ပြာနဲ့ တိရစ္ဆာန်အဆီကိုသုံးပြီး ချက်ခဲ့ကြ တာတဲ့။ ထင်ပြာမှာ Potassium Carbonate -ပိုတက်ဆီ ယမ်ကာဘွန်နိတ်ပါဝင်ပြီး ရေမှာပျော် ဝင်သွားနိုင်ပါတယ်။ တိရစ္ဆာန်အဆီနဲ့ ပြာရောစပ်ဖျော်ရည်ကို မီးပေါ်တင် အပူပေးတဲ့အခါရေက အငွေ့ပြန်သွား ပါတယ်။ ဒီဖြစ်စဉ်မှာ အဆီက တဖြည်းဖြည်းချင်း ဓာတ်ပြိုကွဲပါ တယ်။ Fatty Acids နဲ့ ပြာရဲ့ Alkali Carbonate တို့ ဓာတ်ပြုကာ ဆပ်ပြာ ဖြစ်ပါတယ်။ ဒါကိုပဲ Saponification ဆပ်ပြာဖောက်ခြင်းလို့ ခေါ်ပါ တယ်။

          ဆဲလ်တစ် လူမျိုး အသုံးပြုတဲ့ တိရစ္ဆာန်အဆီမှာ Fatty Acids ရာခိုင်နှုန်းနည်းနည်းသာ ပါဝင်ပါတယ်။ ခု ပြောခဲ့သလို ဆပ်ပြာချက်လုပ်နည်းမှာ စားတတ်တဲ့ Alkali Carbonate အဖြစ် ဖောက်ထုံး- Slaked Lime ကို အလယ်ခေတ်အထိ အသုံးပြုခဲ့ပါသတဲ့။ ဆပ်ပြာချက်လုပ်နည်းကို အကြမ်းသဘောမျှသာ ဖော်ပြပါ တယ်။ ဆပ်ပြာ ချက်လုပ်မှုကို လက်မှု အဖြစ်က စက်မှုအဖြစ် ၁၇၉ဝ ခုနှစ် လောက်မှာအစပျိုးသတဲ့။ ၁၇၉ဝ ခုနှစ်မှာ ဆားရေက ဆိုဒါ- Soda ထုတ်လုပ်မှုကို Leblanc Process နည်းစနစ်နဲ့ စလုပ်ခဲ့ပါတယ်။ အဲဒီ Leblanc Process ကပဲ ဆပ်ပြာ ချက်လုပ်မှုကို စက်မှုဖြစ်အောင် အထောက်အကူပေးခဲ့ပါသတဲ့။ ဒါကိုစလုပ်သူက ပြင်သစ်လူမျိုး ဓာတုဗေဒသမား Michel Eugine Chevreul ဖြစ်ပါတယ်။ သူက ၁၈၂၃ ခုနှစ်မှာ သူ့လုပ်ငန်းကို အများကြည့် ဖို့ထုတ်ပြခဲ့ပါတယ်။ သူ့လုပ်ငန်းစဉ်ရဲ့ ဓာတုဖြစ်စဉ်အရ ဆပ်ပြာနဲ့ Glycerin ထွက်ပါသတဲ့။ ရေနွေးငွေ့နဲ့ ဆပ်ပြာ ချက်လုပ်နည်းကို ၁၉ ရာစု ကုန်ခါနီး မှာ အသုံးပြုခဲ့ကြပါတယ်။ နောက် တော့ ဆပ်ပြာကို စက်မှုနည်းပညာနဲ့ ချက်လုပ်ပါတော့သတဲ့။
       Caustic Alkali ဖျော်ရည်ပူ -Caustic Soda Sodium Hydroxide ကော့တစ်ဆိုဒါလိုမျိုးနဲ့ တိရစ္ဆာန် အဆီ သဘာဝဆီ၊ ဟင်းသီးဟင်းရွက် ဆီတို့ ပေါင်းစပ်ချက်လုပ် ဓာတ်ပြုစေ ရင် Sodium Fatty Acid Salt ဆပ်ပြာ နဲ့ Glycerin, Glycerol ရပါတယ်။ ဒါဟာ ဆပ်ပြာချက်ရာမှာ (ဘယ်လို ဆပ်ပြာကိုပဲ ချက်တာဖြစ်စေ) အခြေခံ အကျဆုံးပါပဲ။ ဆပ်ပြာအများအပြား ကို စက်မှုနဲ့ ထုတ်မယ်ဆိုရင် Fatty Acid အတွက် သဘာဝအဆီ (ဥပမာ အုန်းဆီ)ကို သုံးပါတယ်။ ကော့စ တစ်ဆိုဒါ နဲ့ ဂလစ်ဆရင်း -Glycerin ဟာ စက်မှုနဲ့ ဆပ်ပြာအများအပြား ထုတ်ဖို့ သုံးနေကြပါပြီ။ ဆိုရမှာက ဆပ်ပြာအတွက် အဓိက ကုန်ကြမ်း ဟာ ဆီနဲ့ အယ်ကာလီ -Alkali ပါပဲ။ အရောင်၊ အနံ့၊ တောက်ပြောင်မှု၊ ပျော့၊ မာ၊ ရေမှာ ပျော်ဝင်နှုန်းစတာတွေက တော့ ဝိသေသ လက္ခဏာတွေအဖြစ် ထပ်ပေါင်းထည့်တာတွေပါ။ ခုအခါ အရေပြားဆိုင်ရာ ဆေးဝါးတွေကိုပါ ဆပ်ပြာမှာ ထည့်လာပါပြီ။

           ခုအခါ ထုတ်လုပ်တဲ့ ဆပ်ပြာ အများဆုံးက ဆပ်ပြာဖောက်အယ် ကာလီ -Soponification Alkali အတွက် Solium Hydroxide ကို အသုံးပြုကြသတဲ့။ တချို့ကတော့ Potassium Hydroxide , Coustic Potash ကိုသုံးတယ်တဲ့။ Pot assium နဲ့လုပ်တဲ့ဆပ်ပြာက Sodium နဲ့လုပ်တဲ့ဆပ်ပြာထက် ရေမှာပိုပျော် ဝင်သတဲ့။ ဒါကိုပဲ သူ့ဖွဲ့စည်းထား ပုံကိုစွဲပြီး ဆပ်ပြာပျော့ခေါ်တယ်တဲ့။ ပိုတက်ဆီယမ်နဲ့လုပ်တဲ့ ဆပ်ပြာကို ဆပ်ပြာရည်အဖြစ်နဲ့ အမျိုးမျိုး ထုတ် လုပ်ပြီး အထည်အလိပ်လုပ်ငန်း (ဥပမာ-ဆေးဆိုးပန်းရိုက်) အတွက်နဲ့ (ဆံသလုပ်ငန်း) အမွေးအမှင်ရိတ်ဖို့ အတွက်တော့ ဆိုဒီယမ်ဆပ်ပြာနဲ့ ပေါင်းစပ်ထုတ်လုပ်တယ်တဲ့။

             အဝတ်အထည်လျှော်ဖွတ်ရာ သုံးဆပ်ပြာ - Laundry Soap ပြုလုပ်တာမှာ Alkaline ကို အခြေခံ ပြုပါသတဲ့။ ဒါမှ ချေးကျွတ်တာတဲ့။ အဝတ်လျှော်ဆပ်ပြာ -Laundry Soap မှာ အရေးအပါဆုံးပစ္စည်းတွေက Sodium Silicate, Sodium Carbonate, Sodium Perborate နဲ့ Phosphate အမျိုးမျိုးပါပဲတဲ့။

           ငမောင်တို့ ခပ်ဟဟကလေး ပြုထားတဲ့ တံခါးက အင်နဲ့ အားနဲ့ ဝင်လာတာက အလှပြင် ပစ္စည်းစုံ ပါပဲ။ ကြော်ငြာအားကလဲကောင်း၊ ကြော်ငြာနည်းကလဲ စုံမို့ ရောင်းအား ကလဲ မငယ်လှဘူး။ ငမောင်တို့ လူ လတ်၊ လူငယ်တွေ မလှကြလို့ပဲလား။ လှသည်ထက်လှချင်ကြလို့ပဲလား။ ကမ္ဘာမှာတော့ လှကုန်ကြပြီ။ တို့ ကျန်ရစ်တော့မှာပဲ စိုးရိမ်ကြလို့ပဲလား။ ဆပ်ပြာလို့ အမည်မခံတဲ့ ရေချိုးရာ၊ မျက်နှာသစ် (နံနက်၊ ည)ရာ၊ ဣတ္တိ အင်္ဂါဆေးကြောသန့်စင်ရာ မကျန်သုံး တဲ့ (ဆပ်ပြာသန္ဓေပါ) ပစ္စည်းတွေလဲ စုံသမှ မကြုံဖူးအောင်ပါပဲ။ အမည် သညာခေါ်စရာတွေကလဲ အမျိုးမျိုး ပါ။ ဖော်နည်းစပ်နည်း သုံးစွဲနည်း တွေကလဲ ထွေပြားပါ့။ ဆပ်ပြာပါလို့ ဆိုကာ ဝင်လာတဲ့ ဆပ်ပြာတွေမှာလဲ မျက်နှာသုံးဖို့၊ ရေချိုးရာသုံးဖို့၊ အဝတ်လျှော်ရာသုံးဖို့၊ အိုးခွက် ပန်း ကန်ဆေးရာ သုံးဖို့ဆိုပြီး အခြေခံ အားဖြင့် ခွဲပါတယ်။

          မျက်နှာသုံးဖို့ ဆိုရာမှာလဲ ဘယ်လို အသားအရေရှိသူသုံးဖို့၊ ဘယ်အချိန်မှာသုံးဖို့ စတာတွေလဲ ခွဲခြားထားပါတယ်။ ပါဝင် ပေါင်း စပ်တဲ့ပစ္စည်းအမျိုးအစား၊ ပါဝင်မှု အချိုးအစား စတာတွေကြောင့် မတူ တာပါ။ တချို့ဟာတွေကို သိလွယ် အောင် ခေါ်နေကျ စကားလုံး ဆပ် ပြာလို့ ခေါ်ပေမယ့် တကယ်က ဆပ် ပြာမဟုတ်တာတွေပါ။


         ဆပ်ပြာသန္ဓေနဲ့ ဆပ်ပြာသာ ဖြစ်ပါစေ၊ Boiling Processs ခေါ် တဲ့ သမားရိုးကျ (မီးပေါ်မှာ)ချက် တဲ့နည်း၊ Hydrolyzer Process နည်း နဲ့ အအေးစပ်ပြီး မီးဖိုပေါ်က ဆပ်ပြာ ချက်ဒယ်နဲ့ ချက်တဲ့ Cold and Semiboilied Method နည်းသုံးပြီး ဆပ်ပြာဖြစ်အောင်လုပ်ရတာပါတဲ့။ ဆပ်ပြာဖြစ်တော့ လိုချင်ရာပုံစံ၊ အရွယ်အစားစတာကို ပုံသွင်းဖြတ် တောက်တာတွေ လုပ်ရတယ်တဲ့။ ငမောင်တို့ဆီမှာတော့ ဆပ်ပြာတောင့် ဆပ်ပြာတုံး၊ ဆပ်ပြာမှုန့်၊ ဆပ်ပြာရည်၊ ဆပ်ပြာပျစ် Cream တွေ သုံးကြတာ ပါ။ ဆပ်ပြာသာ မှန်ပါစေ။ အမေ ရှိလို့ ရှိတဲ့ ဆပ်ပြာပဲဖြစ်ဖြစ်၊ အမေ မရှိဘဲရှိတဲ့ ဆပ်ပြာပဲဖြစ်ဖြစ် လူ့မျက် နှာအပါအဝင် အရာဝတ္ထုတွေရဲ့ မျက် နှာပေါ်က ချေးညှော်တွေကို သန့်စင် စေဖို့ဆိုရင်
(က) Anionic Detergents
(ခ) Cartionic Detergents.
(ဂ) Nonionic Detergents.
(ဃ) Ampholytic, Amphoteric.
လေးမျိုးထဲက တစ်မျိုးပဲဖြစ်ပါသတဲ့။

          ပညာရှင်တွေ ဘယ်လိုပြောပြော၊ လေဒီထူးတို့ကတော့ ဆပ်ပြာဝယ်ရင် TV ကြော်ငြာမှာ မြင်၊ ကြားများတာ၊ ကံစမ်းမဲပေးတာ၊ အထုပ်လှတာပဲ ဝယ်ပါသတဲ့။ ဒါကြောင့် ဆပ်ပြာ ဖြစ်ခြင်း လက္ခဏာထဲမှာ TV ကြော် ငြာ၊ ကံစမ်းမဲ၊ အထုပ်လှခြင်းတွေ ထပ်ဖြည့်သင့်၊ မသင့်။ ဒီလက္ခဏာ တွေမပြည့်စုံရင် ဆပ်ပြာလို့ ခေါ်သင့်၊ မခေါ်သင့် ၂၁ ရာစု ကမ္ဘာမှာ (အလုပ်အကိုင် မရှိလို့) အချိန်အကြာကြီး ငမောင်စဉ်းစားဆဲဖြစ်ကြောင်းပါဗျာ။ အတွေးသမား ငမောင်ကတော့ အကြံပေးအဖွဲ့ဖွဲ့စည်းခြင်း မပြုဖို့ဆုံး ဖြတ်ထားလို့ အကြံပေးခြင်းတော့ သည်းခံပါခင်ဗျား။

#သုတဇုန်
Supported By လှိုင်မင်းလတ် LCCI စာရင်းကိုင် သင်တန်း
Phone; 09 - 510 9922

No comments:

Powered by Blogger.