အလုပ်မရှိ မှီခို တဲ့လား.....


တစ်ယောက်က သူမရဲ့ မှတ်ပုံတင်ကိုကြည့်ပြီး မေးတယ်
"ရှင့်မှတ်ပုံတင်မှာ မှီခို လို့ရေးထားတော့ ရှင့်မှာ အလုပ်မရှိဘူးပေါ့"

သူမက ပြန်ဖြေတယ်
"ကျွန်မက အိမ်ထောင်ရှင်မတစ်ယောက်ပါ ၊ ဒါပေမယ့် အလုပ်မရှိဘူးလို့ ရှင့်ကိုဘယ်သူကပြောလဲ ၊ ရှိတာမှ ၂၄နာရီ အပြည့်ကို ရှိတာ ၊ ကျွန်မက သားသမီးတွေရဲ့ အမေ ၊ ယောင်္ကျားရဲ့ဇနီး ၊ မိဘတွေရဲ့ သမီး ၊ ယောက္ခမတွေရဲ့ ချွေးမ ဖြစ်တယ်။ ပြီးတော့ ကျွန်မက မနက်ဆိုရင် လူတိုင်းကို လိုက်နှိုးရတဲ့ Alarm နာရီ ၊ ထမင်းချက် ၊ အိမ်စေ ၊ ဆရာ ၊ စားပွဲထိုး ၊ အိမ်စောင့် ၊ သူနာပြု ၊ ကလေးထိန်း ...ဘယ်နေရာမှာ မဆို ကျွန်မ မပါရင်မပြီးဘူးရှင့် ။ နေရောညပါ လုပ်နေရပေမယ့် ကျွန်မအတွက် အလုပ်လုပ်သူတွေလို လစာ ၊ အားလပ်ရက် ၊ ခွင့် ဘာဆိုဘာမှ မရဘူးရှင့် ၊ နေ့စဉ်နေ့တိုင်း လုပ်နေရတဲ့အရာတွေချည်းပဲ။ ဒါပေမယ့် ဒီလောက်နေ့မအား ညမအားလုပ်နေတဲ့ကျွန်မရဲ့ မှတ်ပုံတင်ရဲ့ အလုပ်အကိုင်နေရာမှာ အလုပ်မရှိ ၊ မှီခို တဲ့လားရှင်"

No comments:

Powered by Blogger.