သွေးကင်ဆာ ရောဂါသည် သမီးလေးအတွက် အခြားသူတွေကိုပွေ့ ဖက်ပြီး အလှူခံခဲ့တဲ့ မိခင်

မိဘတွေဟာ သားသမီးဇောကပ်လာ
ရင် ဘာမဆိုလုပ်ရဲသူများ ဖြစ်ကြ ပါ တယ်။ သားသမီးတွေပေါ်မှာ ထား တဲ့
မေတ္တာနဲ့ ရှက်ရ ကြောက်ရကောင်း မှန်းမသိတော့အောင် သတ္တိရှိသူများပါ။ ကိုယ့်သားသမီးအဆင်ပြေစေဖို့တစ်ခုပဲ သူတို့ရဲ့စိတ်ထဲမှာ ရှိကြပါတယ်။

အသက် ၂၈နှစ် အရွယ် Chen Dejuan ဆိုတဲ့ မိခင် တစ်ဦးဟာ ချွန်ရှင်းက ရထားဘူတာ ၁ ခု မှာရောဂါသည်သမီးလေးနဲ့ အတူအလှူခံခဲ့ပါတယ်။ သူမလက်ထဲမှာ ကတ်ပြား တစ်ခု ကိုင်ထားလို့ပေါ့။ ကတ်ပြားမှာရေးထား တာကတော့ ၁ခါ ဖက်ရင် ၁၀ ယွန် လို့ရေးထားပါတယ်။



သူမဒီလို လုပ်တာလိမ်ညာနေတာ မဟုတ်ပါဘူး ဆိုတာကို သက်သေပြဖို့ သူမရဲ့ အိုင်ဒီကဒ် နဲ့ အတူ သမီး
လေး Nanang ရဲ့ ဆေးမှတ်တမ်းကိုပါ ပြသထားပါတယ်။ ဒီသမီးလေးအတွက် ဆေးကုသခဲ့တာ ယွန် ၇၀၀၀၀ခန့်ကုန်ခဲ့ပြီးပါပြီ။ သူမတို့စုထားတဲ့ငွေတွေအပြင် သူငယ်ချင်း၊ မိတ်ဆွေတွေဆီက ချေးငှားခဲ့တဲ့ငွေ
တွေပဲ ဖြစ်ပါတယ်။ "ဒီငွေအားလုံးကုန်ဆုံးခဲ့ပြီး ဆေးကုသဖို့ ထပ်မံလိုအပ်နေသေးတဲ့ အတွက် ခုလို လုပ်ရ တာပါ" လို့ သူမက ၀မ်းနည်းစွာနဲ့ ပြောခဲ့ပါတယ်။

လူဆိုတာကလည်း သနားတာတွေ့ရင် စာနာကူညီတတ်ကြသူများ ဖြစ် ပါတယ်။ဒီအဖြစ်ကို မြင်တဲ့သူတိုင်းက သူမတို့အတွက် စိတ်မကောင်း ဖြစ်ကြပါတယ်။ သူမကိုပွေ့ဖက်ပြီး အလှူငွေတွေ ကူညီသွားကြပါတယ်။ ၁ နာရီ အတွင်းမှာပဲ ယွန် ၆၀၀ ကျော် ရရှိခဲ့ပါတယ်။

SKK
#AyeSay
www.ayesay.com.mm

 http://1ywpi925eu8i25ne6noy0131.wpengine.netdna-cdn.com/wp-content/uploads/2014/12/facebook-share-button.png

No comments:

Powered by Blogger.