သံယောဇဉ် အစွဲအလန်းကြီးလွန်းတဲ့ ကြောင်ကလေး
အင်ဒိုနီးရှားနိုင်ငံ အလယ်ဂျာဗားက သင်္ချိုင်းမြေတစ်ခုရဲ့ အုတ်ဂူတစ်ဂူအနားမှာ ကြောင်လေးတစ်ကောင်ဟာ ထူးထူးဆန်းဆန်းနေနေပါတယ်။ ဒါကို မကြာခဏမြင်တွေ့လာရတဲ့ Keli ဆိုတဲ့သူဟာ ကြောင်လေးကို သတိထားကြည့်မိခဲ့ပါတယ်။ ကြောင်လေးဟာ အဲဒီဂူအနီးမှာပဲ ညအိပ်သလို တစ်နေ့လုံးလည်း ဒီလိုပဲနေတာကို တွေ့ပါတယ်။ တစ်ခါတစ်ရံ နာရီအနည်းငယ်ပျောက်သွားပေမယ့် ပြီးရင်တော့ ဒီနေရာကိုပဲ ပြန်လာပါတယ်။ သူသွားတဲ့နောက်ကို နောက်ယောင်ခံလိုက်ကြည့်တဲ့အခါမှာတော့ သူ့ကိုအစာကျွေးတဲ့ဆီကို သွားမှန်းသိခဲ့ရပါတယ်။ ဘယ်လိုပဲမောင်းထုတ်ထုတ် ကြောင်လေးဟာ အဲဒီဂူနားကနေ မခွာပါဘူးတဲ့။
ထပ်မံ စုံစမ်းကြည့်တဲ့အခါမှာတော့ ကြောင်ကလေးရဲ့မူလပိုင်ရှင်ဖြစ်တဲ့ Kundari ဆိုတဲ့ အမျိုးသမီးဟာ လွန်ခဲ့တဲ့ တစ်နှစ်က သေဆုံးသွာခဲ့ပြီး အဲဒီအုတ်ဂူဟာပိုင်ရှင်ရဲ့အုတ်ဂူဖြစ်ပါတယ်။ တစ်နှစ်နီးပါးရှိပေမယ့် ဒီအနားက တစ်ဖ၀ါးမှမခွာနေတတ်တဲ့ ကြောင်ကလေးရဲ့ သံယောဇဉ်ကြီးမှုဟာ အံသြစရာကောင်းလှပါတယ်။
လူတွေပဲ အစွဲအလန်းကြီးတာမဟုတ် တိရစ္ဆာန်လေးတွေလည်း အစွဲအလန်းကြီးကြောင်း ဒီကြောင်းလေးရဲ့ ဖြစ်ရပ်က ပြနေပါတယ်။
No comments: