ကမ္ဘာ့အကောင်းဆုံး သူဌေးကြီး


 ကမ္ဘာ့အကောင်းဆုံး သူဌေးလို့ခေါ်ရတာ အကြောင်းရှိပါတယ်။ ၀န်ထမ်းတွေကို ဘယ်သူဌေးမှ မပေးဖူးတဲ့အရာတွေကို ရက်ရက်ရောရော ပေးခဲ့လို့ပါပဲ။ သူကတော့ အိန္ဒိယက စိန်သူဌေးကြီး Savji Dholakia ဖြစ်ပါတယ်။ ကမ္ဘာအနှံ့ကို စိန်တွေတင်ပို့နေသူပါ။ သူဟာ သူ့ရဲ့ဝန်ထမ်းတွေကို ကားအစီးပေါင်း ၁၂၆၀စီး နဲ့ တိုက်ခန်းအသစ် ၄၀၀ တို့ကို လက်ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

"ကျွန်တော့်ဝန်ထမ်းတွေ ငါးနှစ်အတွင်း တိုက်ခန်းတစ်ခန်း နဲ့ ကားတစ်စီးလောက်တော့ ပိုင်ဆိုင်သင့်ပါတယ်၊ အခုဒါကို အကောင်အထည်ဖော်လိုက်တာပါ ၊ပိုကြိုးစားတဲ့ သူတွေကို ဒီထက်မက အများကြီးပိုတဲ့လက်ဆောင်တွေကို ပေးပါဦးမယ်" လို့ သူဌေးကြီးက ဆိုပါတယ်။

သူ့ကုမ္ပဏီက ၀န်ထမ်းတွေအတွက်တော့ အလွန်ပျော်ရွှင်တဲ့ အစီအစဉ်ဖြစ်ခဲ့ပါတယ်။




#သုတဇုန်

No comments:

Powered by Blogger.