ကမ္ဘာ့အရှည်လျားဆုံး လေသင်္ဘောကြီး Airlander 10
အင်္ဂလန်နိုင်ငံ Hybrid Air Vehicles လုပ်ငန်းက အလျား ၉၂မီတာ(ပေ၃၀၀) ရှည်တဲ့ ဒီလေသင်္ဘောကြီးကို ထုတ်လုပ်ခဲ့ပြီး အခုအချိန်မှာပြေးဆွဲဖို့ အသင့်ဖြစ်နေပါပြီ။ တစ်ကြိမ်မှာ ခရီးသည် ၄၈ဦးကို တင်ဆောင်နိုင် ပြီးအရေးပေါ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ ဒီလေသင်္ဘောကြီးကို အသုံးချသွားမှာဖြစ်ပါတယ်။
ဒေါင်လိုက်အနေအထားနဲ့ ရပ်နားလို့ရတဲ့အတွက် လေယာဉ်ကွင်းမလိုအပ်ပဲ ရေခဲပြင် ၊ ကွင်းပြင်တွေ နဲ့ သဲကန္တာရတွေပေါ်မှာ အလွယ်တကူဆင်းသက် ရပ်နားနိုင်မှာပဲ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၃၃သန်းခန့်ကုန်ကျခဲ့ပြီး ၂၀၁၈နှစ် မတိုင်ခင်မှာ ဒီလိုလေသင်္ဘောကြီး ၁၂စီးအထိ ဆောက် လုပ် ထားမှာပဲ ဖြစ်ပါတယ်။
#သုတဇုန်
www.fb.com/thutazone
www.thutazone.com
No comments: