သမိုင်းထဲက မျက်နှာနှစ်ဖက်နဲ့လူသား
သူ့နာမည်ကို Edward Mordake ဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာ ၁၉ရာစုလောက်က ပေါ်ခဲ့တဲ့ ထူးထူးဆန်းဆန်း လူသားဖြစ်ပါတယ်။ မှတ်တမ်းတွေအရတော့ သူဟာ ပုံမှန်လူကဲ့သို့ စားနိုင်သောက်နိုင် အိပ်နိုင်စတဲ့ ကိစ္စအားလုံးနီးပါးကိုလုပ်နိုင်ပေမယ့် ရယ်ခြင်း နဲ့ ငိုခြင်းကိုတော့ မလုပ်နိုင်ပါဘူးတဲ့။
ဆိုးရွားတာကတော့ အိပ်တဲ့အခါမှာ အမြဲဒုက္ခရောက်ရပါတယ်။ မျက်နှာတစ်ဖက်က အပေါ်မှာရောက်နေရင် ကျန်တစ်ဖက်က အောက်မှာရောက်ပြီး မွမ်းကျပ်နေတဲ့အတွက်ကြောင့်ပါ။ ဘေးဘက်ကိုစောင်းအိပ်ရင် ခန္ဓာကိုယ်ကတစောင်းကြီးဖြစ်နေမှာပါ။ တော်တော်ကံဆိုးခဲ့သူပါပဲ။
မျက်နှာတစ်ဖက်ကို ဖယ်ထုတ်ပစ်ဖို့ အဲဒီအချိန်တုန်းက သမားတော်တွေကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။ စိတ်ညစ်မှုကို မခံနိုင်တဲ့အဆုံး Edward Mordake ဟာ အသက် ၂၀ ကျော်အရွယ်မှာပဲ မိမိကိုယ်ကို သတ်သေသွားခဲ့ပါတယ်။
အချို့ကတော့ ဒါကို ယုံကြည်မှုမရှိကြပေမယ့် မျက်နှာနှစ်ဖက်လူသားရဲ့ဖြစ်ရပ်ကတော့ ယနေ့တိုင်အောင်
ပြောမဆုံးပေါင် ဖြစ်နေပါသေးတယ်။
#သုတဇုန်
www.fb.com/thutazone
www.thutazone.com
No comments: