ကလေးပြန်ရနိုင်ဖို့ မိန်းမကိုယ်ထဲကို မျှော့ထည့်ရတဲ့ကုထုံး
ယခု အသက် ၅၀ ရှိပြီဖြစ်တဲ့ လန်ဒန်မြို့က Nina Evans ဆိုသူအမျိုးသမီးဟာ အသက် ၄၀အရွယ်က ဖြစ်ခဲ့တဲ့ သားအိမ်လမ်းကြောင်းရောဂါတစ်ခုကြောင့် ကလေးထပ်ယူလို့ မရတော့ပါဘူး။ ဒါကြောင့်သူမဟာ သားအိမ်ထဲကို မျှော့ထည့်တဲ့ကုထုံးနဲ့ ကလေးရယူဖို့ကြိုးစားခဲ့တာ အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတုန်းက သူမက အသက် ၄၅နှစ်ရှိပါပြီ။ သူမမှာ ကလေးတစ်ယောက်ပဲရှိခဲ့ပြီး အခုဆိုရင် အသက် ၂၈ နှစ်တောင်ရှိနေပါပြီ။ ဒုတိယကလေးကို သူမဟာ အလွန်လိုချင်ခဲ့ပါသတဲ့။
"လူအတော်များများက မျှော့တွေကို သွေးစုပ်တဲ့ ကြောက်စရာ သတ္တ၀ါတွေလို့ ထင်နေကြပါတယ်။ ကျွန်မကတော့ ဒီလိုမထင်ပါဘူး။ မျှော့တွေဟာ လူရဲ့ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာလူကိုတွယ်ပြီးတာနဲ့ သွေးလည်ပတ်မှုကို အားကောင်းစေတဲ့ဓာတ် ၊ နာကျင်မှုကိုလျှော့ချပေးတဲ့ဓာတ်နဲ့ သွေးပြစ်တာကို မဖြစ်စေတဲ့ဓာတ် စတဲ့ ဓာတ် ၃မျိုးကို ထုတ်လွှတ်ပေးလို့ပါပဲ" လို့ သူမက ဆိုပါတယ်။
သူမဟာ မျှော့ကုထုံးနဲ့ ၈လအကြာ ကုသပြီးတဲ့နောက်မှာ ကိုယ်ဝန်ရှိနေတာကို အံသြဖွယ်တွေ့ရှိ လိုက်ရပါတယ်။
"ဒီလိုကုပြီး ၁လအကြာမှာ ကျွန်မအားတွေရှိလာတယ်လို့ခံစားရတယ်။ ဆရာဝန်က မျှော့သုံးကောင်ပါတဲ့ ပလပ်စတစ်ပစ္စည်းတစ်မျိုးကို ကျွန်မရဲ့ မိန်းမကိုယ်ထဲကို ထည့်တယ်။ အဲဒီမျှော့တွေက မိန်းမကိုယ်က နံရံတွေမှာ တွယ်ကပ်ပြီး သွေးတွေကို စုပ်ယူတယ်။ တော်တော်တော့ အနေရအထိုင်ရခက်ပါတယ်။ ၁နာရီကျော်လောက် သွေးစုပ်ပြီး တဲ့နောက် မျှော့တွေဟာ သွေးဝပြီး ပြန်ကွာသွားပါတယ်။ ဒီလို ၇ရက်လောက်ကုအပြီးမှာ အစကမမှန်တဲ့ ကျွန်မရဲ့ မိန်းမဓမ္မတာလည်း ပြန်မှန်လာခဲ့ပါတယ်" လို့ Nina Evans က ဆိုပါတယ်။
"အခုဆိုရင် ကျွန်မသားလေး Noel ဟာ ၆နှစ်တောင်ရှိနေပါပြီ။ သားအိမ်ထဲမှာ မျှော့တွေကျန်ခဲ့မှာ စိုးရိမ်နေတယ်မလား။ မကျန်ခဲ့ပါဘူး ။ ဆရာဝန်တွေက အတိအကျရေတွက်ထားပါတယ်။မျှော့တွေကြောင့်
သာ အသက် ၄၅နှစ်အရွယ်မှာ ခုလိုပြန်ကျန်းမာလာပြီး ကလေးမွေးနိုင်ခဲ့တာပါ။ နောက်ကလေးတစ်ယောက် ထပ်ရဖို့လည်း ကြိုးစားသွားဦးမယ်" လို့ ဆက်ပြောသွားပါတယ်။


No comments: