ရှေးဟောင်းအီဂျစ်တွေသုံးခဲ့တဲ့ အလှအပဆိုင်ရာ အလေ့အထများ


အီဂျစ်သမိုင်းကြောင်းကို ပြောမယ်ဆိုတာနဲ့ ကယ်လီယို ပက်ထရာအလှဘုရင်မကို ပြေး မြင်မိကြပြီး သူမရဲ့ အလှအပနဲ့ ပတ်သက်တဲ့အကြောင်းအရာ တွေကို စဉ်းစားမိစေပါတယ်။ ယနေ့ခေတ်မှာ လူသုံးများနေတဲ့ အလှကုန်တွေနဲ့ အလှအပဆိုင်ရာ အလေ့အထအများစုဟာ ရှေး ဟောင်းအီဂျစ်နိုင်ငံကနေ ဆင်း သက် လာတာဖြစ်တာမို့ ရှေးတုန်း က အလှအပအတွက် ဘယ်လို တွေကျင့်သုံးခဲ့ကြသလဲဆို တာလေ့လာကြည့် ရအောင်ပါ။

မြေနီမှုန့် - အိုင်းရင်းအောက်ဆိုက် နဲ့ အနီရောင်သံသတ္တုရိုင်းပေါင်း စပ်ပြုလုပ်ထားတဲ့ ဆိုးဆေးကို အ၀တ် အထည်အရောင်ဆိုးဖို့သာ မက အလှအပအတွက်လည်း သုံးကြတယ်လို့ ဆိုပါတယ်။ အနီရောင်ဆိုးဆေးမှုန့်ကိုပါးနီအဖြစ်လည်း ကောင်း၊ ရေနဲ့ရောပြီးတော့လည်း နှုတ်ခမ်းဆိုးဆေးအဖြစ်လည်း
ကောင်း သုံးကြတယ်လို့ ဆိုပါတယ်။

ကာချယ် - ရှေးဟောင်းအီဂျစ်နိုင်ငံမှာ အသုံးပြုမှုအများဆုံးကတော့ ကာချယ်ပါ။ အခုခေတ်ကာလမှာ တော့ အိုင်းလိုင်နာလို့ ဆိုရမှာပါ။ အီဂျစ်တွေက မျက်လုံးအရောင် တင်ဖို့ကာချယ်ကို ခဲဓာတ်ပါတဲ့ ဆားကို သန့်စင် ပြီး သုံးကြပါသ တဲ့။ ခဲက မျက်လုံးတစ်ဝိုက်မှာ သုံးဖို့မသင့်တော်ဘူးလို့ ဆိုပေမယ့် အီဂျစ်လူမျိုးတွေက အန္တရာယ် ကင်းအောင်လို့ ရက် ၃၀ လောက် ခဲကိုသန့်စင်ထားပြီးမှ သုံးကြ တယ်လို့ ဆိုပါတယ်။

ဒန်းဆိုးဆေး - အလှအပအတွက် အသုံးများတဲ့ ရိုးရာဆိုးဆေးဖြစ်ပြီး အီဂျစ်လူမျိုးတွေကတော့ လက် သည်း ဆိုးဆေးအဖြစ်သုံးကြပါ တယ်။ သူတို့နိုင်ငံရဲ့ ရာသီဥတု ကြောင့် လက်သည်းတွေမပျက်စီး ရအောင် ကာကွယ် တဲ့သဘောဖြစ် ပြီး ဒန်းဆိုးဆေးက လက်သည်း တွေကျန်းမာအောင်ထောက်ကူ တယ်လို့ ဆိုပါတယ်။

ကြက်ဆူဆီနှင့် နှမ်းဆီ - ရှေး ဟောင်းအီဂျစ်လူမျိုးတွေက အ ရေးအကြောင်းကင်းပြီး အရွယ် တင်နုပျို
စေဖို့အတွက် ကြက်ဆူဆီနဲ့ နှမ်းဆီကိုသုံးလေ့ရှိပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ဆီလိမ်း ပြီး နှိပ်နယ်
ပေးလေ့ရှိကြပါတယ်။

ဆပ်ပြာ - တစ်ကိုယ်ရေသန့်ရှင်း တာဟာ ကျန်းမာရေးအတွက် ရော၊ ရုပ်သွင်ပိုင်းဆိုင်ရာ အတွက်ရော
ကောင်းကျိုးရှိတဲ့အတွက် ကိုယ်တိုင်လုပ်ဆပ်ပြာသုံးလေ့ရှိကြပါတယ်။ သံလွင်ဆီနဲ့ ရွှံ့စေး၊ မြေစေးနဲ့ရောပြီး လုပ်ထားတဲ့ သဘာဝဆပ်ပြာဟာ အသား အရေကို နေလောင်ဒဏ်က ကာ ကွယ်ပေးတဲ့အပြင် စိုပြည်
နေစေ တယ်လို့ ဆိုပါတယ်။

ပျားရည်ဖြင့် ပေါင်းတင်ခြင်း - ပျားရည်နဲ့ ပေါင်းတင်တဲ့နည်းလမ်း ပေါင်းများစွာကို အွန်လိုင်းမှာရှာ တွေ့နိုင်
ပေမယ့် အီဂျစ်တွေရဲ့ တော်ဝင်နည်းလမ်းကတော့ ပျား ရည်နဲ့ နွားနို့နဲ့ရောပြီး ပေါင်းတင် တာပါ။ မျက်နှာ တင်မကဘဲ တစ် ကိုယ်လုံးပါ ဒီနည်းနဲ့ ပေါင်းတင် လေ့ရှိကြတယ်လို့ ဆိုပါတယ်။

သဘာဝအမွေးချွတ်ဆေးသုံးခြင်း - ရှေးဟောင်းအီဂျစ်လူမျိုးတွေက ခန္ဓာကိုယ်ပေါ်မှာ အမွေးအမှင်တွေ
ထားလေ့မရှိကြဘဲ သဘာဝ အမွေးချွတ်ဆေးအဖြစ် သကြား ရည်နဲ့ ပျားရည်ရောစပ်ပြီး သုံးကြ ပါတယ်။

7Day Daily

#သုတဇုန်
www.fb.com/thutazone
www.thutazone.com

No comments:

Powered by Blogger.