မြန်မာအမျိုးသမီးတွေအပေါ် ဗိုလ်ချုပ်အောင်ဆန်း ဘယ်လိုမြင်သလဲ


အာဇာနည်အမျိုးသားခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်းဟာ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ဖို့လို အပ်တယ်ဆိုတာကို  ၁၉၃၆ ကျောင်းသားသပိတ်ကာလတုန်းက အလေးအနက်ပြောခဲ့ဖူးပါတယ်။ ကိုအောင်ဆန်း (ဗိုလ်ချုပ်)က ” ကျောင်းသူတွေကြည့်ရတာ မျိုးချစ်စိတ်ရှိပုံမရဘူး။ သူတို့ဟာ စာတတ်ချင်လို့လာကြတာမဟုတ်ဘူး။ ဘွဲ့ လို ချင်လို့ လာကြတာဗျာ။ ပြောရရင် ပကာသန စာသင်တာ၊ ကတော်ဖြစ်ချင်လို့” လို့ သုံးသပ်ခဲ့ဖူးပါတယ်။

” အမျိုးသားရေးကိစ္စတစ်ခုလုပ်ကြရင် ယောက်ျားတွေချည်းပဲ မဖြစ်ဘူး။ မိန်းမတွေလည်း ပါသင့်သလောက်ပါရမယ်။ ဒါမှအောင်မြင်မှာ။ မိန်းမတွေပါလာရင် မိန်းမတွေ မှာ လည်း ခေါင်းဆောင်ရှိရမယ်။ ခေတ်ပညာတတ်တွေဆို  ပိုမကောင်းဘူးလား” လို့လည်း ပြောခဲ့ပါတယ်။
ကိုအောင်ဆန်း (ဗိုလ်ချုပ်)က လွတ်လပ်ပြီး မြန် မာပြည် မှာ ပြည် ထဲရေးဝန်ကြီးဖြစ်လာမယ့် ” ဗိုလ်ခင်မောင်လေး” ကို ပြော နေခြင်းဖြစ်ပါတယ်။

ကိုမောင်လေးက ” မခင်မြတို့ (နောင် ဒေါ်ခင်မျိုးချစ်)၊ မအမာ (နောင်လူထုဒေါ်အမာ) တို့ ကျောင်းသူတွေ မြို့ထဲလှည့်လည် ဆန္ဒပြတော့ လိုက်ခဲ့တာပါပဲ” လို့ စောဒ ကတက်တော့ ကိုအောင်ဆန်းက အားမရနိုင်သေးဘူး။ “ဒါလောက် ကလေးနဲ့များဗျာ” လို့ ငေါ့တော့တော့ပြောခဲ့သေးသတဲ့။ ဒီလိုနဲ့ ၁၉၃၆ ကျောင်းသား သပိတ်ကြီးမှာ မခင်မြတို့၊ မအမာတို့ တက်တက်ကြွကြွပါဝင်လာတော့ ကိုအောင်ဆန်းအမြင်ပြောင်းသွားတယ်။
” ကျွန်တော် လူကဲခတ်မှား တယ်ဗျ။ မြန်မာမိန်းကလေးတွေကို အ ထင်သေးမိတာလည်း မှားတယ်ဗျ” လို့ ဝန်ခံရှာတယ်။

” သပိတ်မှောက်တဲ့ညက (ရွှေဂုံတိုင်မော်လမြိုင်ဇရပ်) မှာ ငါးသေတ္တာတွေဖောက်၊ ကြက်သွန်တွေလှီးပြီး
ကျောင်းသားတွေကို ကျွေးလိုက်ကြတာ သူတို့တစ်တွေဟာ အခိုင်းအစေကျနေတာပဲ။ သူတို့ကျောင်းသူ
တွေဟာ နောက်ဆုံးကျမှ မလောက်မင၊မဝတဝစားကြရတာကိုမြင်ရပြန်တော့ ကျွန်တော်အတော် စိတ်ထိခိုက်တယ်။ အိပ်တော့ လည်း ဖြစ်သလိုအိပ်ကြရတာကိုး။ အင်းဝကျောင်းဆောင်ရှေ့ မှာ သပိတ်တားကြတဲ့ အဖြစ်အပျက်တွေကို ပြန်ကြားရတော့ ကျွန်တော်ယုံတောင်မယုံဘူး။ သတင်းစာထဲမှာ ဓာတ်ပုံတွေကို မြင်ရတော့မှ ကျွန်တော့်စိတ်ဟာ တုန်လှုပ်သွားတယ်။ သူတို့ တစ်တွေနေပူကျဲကျဲ မှာယောက်ျားလေးတွေနဲ့ ရင်ပေါင်တန်းပြီးသပိတ်တားကြတယ်။ အ လိုတော်ရိတွေက မကြားတကြား သရော်ကြတာတွေကို သူတို့ ခေါင်းငုံ့ခံနေရတယ်။ ပရော်ဖက်ဆာ ပီးကောက်က ကုလားထိုင်ထိုးပေးတော့ မခင်မြ က ကျေး ဇူး တင် ပါ တယ် ဆရာကြီး၊ ကျွန်မတို့ မောင်ကြီးတွေနဲ့ပဲ အတူတူမတ်တတ် ရပ်နေပါမယ် လို့ စကားချိုချိုနဲ့ သတ္တိပြလိုက်တယ်။  အလိုတော် ရိတွေနဲ့ ဘောင်း ဘီဝတ် ကပြားတွေကို သူ တို့အတင်း တိုး သွားမယ် လုပ်ကြတယ်ဆိုတာတွေကို ကြားရတော့ ငါထင်တာတွေဟာ အမှားချည်းပဲ လို့ မြင်လာတယ်ဗျာ”



” မမကြီးရယ်၊ မအမာရယ်၊ မခင်မြရယ် သပိတ်မှောက်တဲ့ ညကဘုရားရင်ပြင်ပေါ်မှာပြောကြတဲ့ စကားတွေဟာ ကျွန်တော်တို့ ယောက်ျားလေးတွေကို ရဲဆေးထိုးပေး လိုက် တာပဲ။ ရှင် တို့ယောက်ျားတွေ ကျွန်မတို့လိုကတော်လောင်းတွေလောက်မှ လိုက်မလုပ်နိုင်ကြရင် ရှင်တို့ဟာ မိန်းမလျာတွေပဲ၊ ထဘီဝတ်ထားကြလို့ မမကြီးပြော တာ ကို ကျွန်တော့်နားထဲက မထွက်ဘူး”

” တက္ကသိုလ်စုံစမ်းရေး ကော်မတီမှာ အစစ်ခံကြတုန်းက မခင်မြအစစ်ခံချက်က ရေပက်မဝင်ဘူး။ အထိခိုက်ဆုံးပဲလို့ ဘိုင်ရှစ် (ကိုရာရှစ်) က ပြောတယ်။ အဲဒီစုံ စမ်းရေးေ က်ာမတီမှာ မခင်မြ၊ မမကြီး၊ မအုန်း၊ မသန်းစိန်၊ မအမာ၊ မရီရီ စတဲ့ကျောင်းသူ တွေသာအစစ်မခံရင်၊ သတ္တိမကောင်းရင် တစ်ခါတည်း အရှက်ကွဲမှာပဲ။ ကျွန်တော်တို့လည်း မျက်နှာအိုးမဲသုတ်ထားကြရမှာ။မြန်မာမိန်းကလေးတွေကို
အထင်သေးမိတာမှားတယ်ဗျာ”

ကိုအောင်ဆန်း (ဗိုလ်ချုပ်) က မြန်မာအမျိုးသမီးများ နိုင်ငံရေးမှာ မပါဝင်ရကောင်းလားလို့ အထင်မှားခဲ့ တာကို အဲဒီလိုဝန်ခံခဲ့ပါတယ်။ အမှားကို ဝန်ခံပြောကြားရဲတဲ့ ဗိုလ် ချုပ် ရဲ့ ရိုးဖြောင့်ပြီး သတ္တိရှိပုံကို
လေးစားကြည်ညိုခဲ့ရပါတယ်။ ဒါကြောင့် ကိုအောင်ဆန်းသည် မခင်မြသပိတ်မှောက်မှတ်တမ်းမှာ ဤသို့ရေးသားလိုက်သည်တဲ့။

” သ ပိတ် အတွင်း၌ သပိတ် မှောက်ကျောင်းသူများ၏ လုပ်ရည် ကိုင်ရည် အစွမ်းသတ္တိနှင့် ဇွဲကိုတွေ့မြင်ခဲ့ ရသဖြင့် မြန်မာအမျိုးသမီးများသည် မြန်မာပြည်လွတ်လပ်ရေး တိုက်ပွဲ၌ တစ် တပ်တစ်အား စွမ်းစွမ်းတမံ ပါဝင်နိုင်ကြမည်ဟု ကျွန်တော်ယုံကြည်သည်”
ကိုအောင်ဆန်း (၁ဝ-၅-၁၉၃၆  )
လို့ ဗိုလ်ခင်မောင်လေး က မှတ်တမ်း တင်ရေးသားခဲ့ပါတယ်။

စာကိုး- အိုးဝေ ရွှေရတုသဘင်
Credit:Popular Myanmar

No comments:

Powered by Blogger.