ဒီတစ်ပတ်(၂၂.၃.၂၀၁၆ မှ ၂၈.၃.၂၀၁၆) ဗေဒင်



တနင်္ဂနွေ
အံ့သြစရာများနှင့် အထိတ်တလန့်ဖြစ်စရာများ ကြုံရတတ်ပါသည်။ ရည်ရွယ်နေသော ကိစ္စများ မဖြစ်လာ
သေးခင် မမျှော်လင့်သော ကံကောင်းခြင်းများ ကြုံရကိန်းရှိပါသည်။ ထီပေါက်ခြင်း၊ ထီပေါက်သလို
ငွေရခြင်းကြောင့် လည်းကောင်း၊ အစုလိုက်အပြုံလိုက်ငွေ၇မည်။ သူများအကျိုးဆောင်ပေး၍ ကိုယ့်အကျိုး
အောင်ကိန်းရှိပါသည်။ ကောင်းသောသတင်း ကျော်ကြားမည်။ အချစ်ရေးမှာ ၊ လက်ထပ်ကိန်းရှိသည်။ လူကြီးမိဘတို့၏ ဆန္ဒကို လိုက်လျော ဖြစ်မည်။ အချစ်ဟောင်းနှင့် အဆင်မပြေမှုများ ကြုံမည်။ မရောက်ဖူးသောခရီးများေ၇ာက်ဖြစ်မည်။ ရစရာရှိသော ငွေကြေးတစ်ချို့ ပြန်ရမည်။ လုပ်ငန်းပြောင်းလဲမည်။ လုပ်ငန်းသစ်ရမည်။ ခရီးဝေး သွားဖြစ်မည်။
အကျိုးပေးဂဏန်း ၁၊ ၈၊ ၆
အထူးဟော - အမှတ်တမဲ့မှ အမှတ်တရဖြစ်စရာများ ပေါ်မည်။
ယတြာ - တနင်္ဂနွေနေ့နံနက်တွင် အောင်သပြေပန်းကို ဘုရားလှူပါ။

တနင်္လာ
အရာရာ ထစ်ငေါ့မှုများ မတင်မကျဖြစ်မှုများ ၊ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ကိန်းရှိသည်။ စွန့်စားမှုနှင့် စူးစမ်းမှုတို့ ဆောင်ရွက်၇န် သတ္တိအလိုလို နည်းလာတတ်သည်။ သို့သော် ရဲဝင့်စွာ အထိတ်တလန့် ကင်းရှင်းစွာဖြင့် စွန့်စားပါ။ ကြိုးစားပါ။ ဤတစ်ကြိမ် သင် အောင်မြင်လိမ့်မည်။ ငွေကုန်ကြေးကျများနေမည်။ သို့သော် ရစရာငွေများ ၀င်လာမည်။ ပြည်တွင်းပြည်ပခရီးအဝေးရောက်ဖြစ်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး၊ ကောင်းလိုက် မကောင်းလိုက်ဖြစ်နေမည်။ သူများအရှုပ် ၀င်မပါသင့်ပါ။ ကိုယ့်ပါ ရှုပ်တတ်သည်။ ပညာရေးကောင်းသည်။ အလုပ်အကိုင်တိုးတက်မှုရှိသည်။ အတိုက်အခံများတတ်သည်။ စကားပြောဆင်ခြင်ပါ။
အကျိုးပေးဂဏန်း ၂၊၄၊၉
အထူးဟော - လူယုံမထားရ။
ယတြာ - တနင်္လာနေ့နံနက်တွင် အရှေ့ရပ်၌ ငါးအရှင် သက်စေ့ ၀ယ်လွှတ်ပါ။

အင်္ဂါ
အရာရာ အတိုက်အခံပေါ်မည်။ သို့သော် ကျော်လွှားနိုင်သည်။ အစပိုင်းတွင် အပြစ်တင်ခံရပြီး
နောက်ပိုင်းတွင် ချီးကျုးဂုဏ်ပြုခြင်းခံရမည်။ စကားပြောဆင်ခြင်ပါ။ ရင်းနှီးသောသူနှင့် စိတ်ဝမ်းကွဲမည်။ အဝေးမိတ်ဆွေ အကူအညီ ရမည်။ အလုပ်အကိုင် ပြောင်လဲတိုးတက်မည်။ လုပ်ငန်းသစ်လုပ်ဖြစ်မည်။ ခရီး
ဝေးထွက်ဖြစ်မည်။ ဆွေမျိုးသားချင်း အတွက် စိတ်ရှုပ်၇မည်။ အိမ်ထောင်ရေး အနှောင့်အယှက်ပေါ်ပေါက် မည်။ ချစ်သူအသစ်တွေ့မည်။ ချစ်သူ တစ်ယောက်နှင့် လမ်းခွဲသွားမည်။ငွေဝင်ငွေထွက်ကြမ်းမည်။
အကျိုးပေးဂဏန်း ၃၊ ၈၊ ၁
အထူးဟော - အရာရာတွင် သတိထားပါ။
ယတြာ - အင်္ဂါနံနက်တွင် ဘုရားနှင့် သံဃာတော်များကို အုန်းထမင်းကပ်လှူပါ။

ဗုဒ္ဓဟူး
စိတ်မောလူမောဖြစ်သောကာလဖြစ်သည်။ အရာရာတွင် သံသယနှင့် ဆောင်ရွက်မိတတ်သည်။ လက်တွေ့သမား ဖြစ်ပြီး ဝေဖန်ပြီးမှ ယုံတတ်သူဖြစ်၍ အမှားမရှိပဲ ၊ အောင်မြင်မှုအပြည့်အ၀ရမည်။ အချစ်ရေးတွင် လှည့်စားခံရမည်။ အိမ်ထောင်ရေးမှာ အနှောင့်အယှက်ပေါ်မည်။ မရည်ရွယ်ပဲ အိမ်ထောင်ကျမည်။ စက်ပစ္စည်း၊ မြေ၊ အိမ် အဆောက်အဦး၊ ၀င်ကိန်း ထွက်ကိန်းရှိသည်။ ကိုယ်ပိုင်လုပ်ငန်း၊ ရှယ်ယာလုပ်ငန်းများ အကျိုးပေးမည်။ မရောက်ဖူးသောဒေသများ ရောက်ဖြစ်မည်။
အကျိုးပေးဂဏန်း ၄၊ ၉၊ ၆
အထူးဟော - အကြီးအကဲ မြှောက်စားမည်။
ယတြာ - ဗုဒ္ဓဟူးနေ့နံနက်တွင် လမ်းပေါ်မှာရှိသော တိရိစ္တာန်များကို အစာကျွေးပါ။

ကြာသပတေး
အသွားအလာ၊ အပြောအဆို၊ အနေအထိုင်ဆင်ခြင်သင့်သောကာလဖြစ်သည်။ ဆန္ဒမစောသင့်ပါ။ လောကွတ်မချော် သင့်ပါ။ အပြောမကြမ်းသင့်ပါ။ အတိုက်အခံ ပေါ်မည်။ ကျော်လွှာုးနိုင်သည်။ မြေအရောင်းအ၀ယ်ဖြစ်မည်။ နေရာ အပြောင်းအရွှေ့ရှိသည်။ လုပ်ငန်းပြောင်းလဲ မှုရှိသည်။ ရာထူးတက် လစာတိုးမည်။ နေရာကောင်းရမည်။ အိမ်ထောင်ပြုဖြစ်မည်။ ကောင်းသည်။ သို့သော် သင် ယူမည့်သူမှာ အရှုပ်အရှင်းတစ်ခု ပါတတ်သည်။
အကျိုးပေးဂဏန်း ၅၊ ၆၊ ၇
အထူးဟော - သင် ကံကောင်းပါစေ
ယတြာ - ကြာသပတေးနေ့နံနက်တွင် လမ်းပေါ်၌ ပိုက်ဆံ တစ်ရာကျပ် ပံ့သကူပြုပါ။ နှုတ်မှ ထွက်ရော့ တစ်ရာ၊ ၀င်လာခဲ့သိန်းတစ်ရာဟု ဆို၍ ပံ့သကူပြုပါ။

သောကြာ
စိတ်မြန်ကိုယ်မြန် ဆောင်ရွက်ဖြစ်နေမည်။ ဆန္ဒစောပြီး ဒေါသအလျောုက် ပြုမူ ဆောင်ရွက်မှုကြေုာင့် အမှားအယွင်း များတတ်သည်။ ထိခိုက်ရှနာဖြစ်ကိန်းရှိ၍ ဂရုစိုက်ပါ။ လိမ်ညာပြောဆိုသော သင်၏ ချစ်သူစကားကြောင့် သင်ဒုက္ခ ရောက်ကိန်းရှိသည်။ ရည်ရွယ်ချက်များ ပြောင်းလဲသင့်သည်။ မရောက်ဖူးသောခရီးများ ရောက်မည်။ အလုပ်အကိုင် တိုးတက်ပြောင်းလဲမှုရှိနေသည်။ ရွှေ့ပြောင်းကိန်းလည်းရှိသည်။ အိမ်ဆောက်ခြင်း၊ ပြောင်းခြင်း။ ပြင်ခြင်း။ မြေရောင်းဝယ်ခြင်းများဖြစ်မည်။ ကျန်းမာရေး အနည်းငယ်ချုချာမည်။
အကျိုးပေးဂဏန်း ၆၊ ၁၊ ၈
အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
ယတြာ - သောကြာနေ့နံနက်ပိုင်းတွင် ဒံပေါက်ဆွမ်း ဘုရားကပ်ပါ။

စနေ
စူးစမ်းရှာဖွေခြင်းများ ၊ စုံစမ်းလေ့လာမှုများ လှုပ်ရှားသွားလာမှုများ ပြုရသောကာလဖြစ်သည်။ အောင်မြင်မည်။ တွေ့ဆုံသောလူများကလည်း သင့်အား ကူညီကြလိမ့်မည်။ ရည်ရွယ်ချက်အတိုင်း အကောင်အထည်ဖော်ဖြစ်မည်။ ခရီးဝေးများထွက်ဖြစ်မည်။ အချစ်ရေးနှင့်ပတ်သတ်၍ နှောင့်နှေးကြန့်ကြာပြီးမှ လက်ထပ်ဖြစ်မည်။ ကိုယ်ချစ်တာထက် မိဘသဘောတူတာကို ဦးစားပေးမည်။ စက်ပစ္စည်းများ မြေယာများ အ၀င်အထွက်ရှိသည်။ ကျန်းမာရေးကောင်းမည်။ အလုပ်အကိုင် တိုးတက်မှုရှိသည်။ ဆောင်ရွက်မှုများ ပြီးမြောက်မည်။ ကြိုးစားထားမှုများ အောင်မြင်မည်။
အကျိုးပေးဂဏန်း ၉၊ ၆၊ ၁
အထူးဟော - အောင်မြင်သူဖြစ်လာမည်။
ယတြာ - စနေနေ့ နံနက်တွင် လမ်းပေါ်တွင် ကြွလာသော သံဃာတော်အား ဆွမ်းကပ်လှူပါ။

မြစ်မခ မီဒီယာ တွင် ဖော်ပြထားသော ဒေါက်တာထွန်းလင်း (ဘုတလင်) ၏၇ ရက်သားသမီး
တစ်ပတ်စာ ဟောစာတမ်းမှ ကူးယူဖော်ပြသည်။

No comments:

Powered by Blogger.