ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့ မရတဲ့ မိခင်မေတ္တာ
တရုတ်ပြည် ဟူနမ်ပြည်နယ်က မိခင်တစ်ယောက်ရဲ့လုပ်ရပ်က လူတွေကို အံသြတုန်လှုပ်သွားစေခဲ့ပါတယ်။
သူမရဲ့ သားဖြစ်သူမှာ ခံစားနေရတဲ့ အရေပြားဆိုင်ရာ ရောဂါတစ်ခု အတွက် ဆေးဖိုးစရိတ် မတတ်နိုင်တဲ့ မိခင်ဖြစ်သူဟာ သူမရဲ့ ဗိုက်သားကိုလှီးထုတ်ပြီး အစားထိုးကုသပေးစေခဲ့ပါတယ်။ ဆေးရုံစရိတ်လည်း မတတ်နိုင်တဲ့အတွက် ထုံဆေးမပေးပဲ လှီးထုတ်ခဲ့တဲ့အပြင် သားဖြစ်သူဆေးစရိတ်ပိုသုံးနိုင်စေဖို့ သူမခွဲစိတ်ပြီး ၄ရက်မြောက်နေ့မှာပဲ ဆေးထိုးဆေးသောက် ရပ်နားခဲ့ပြီး သားဖြစ်သူအတွက် အနစ်နာခံ ကုသပေးခဲ့ပါတယ်။
ဒီလိုလုပ်ရပ်မျိုးကို မိခင်တွေကလွဲလို့ ဘယ်သူလုပ်ရဲပါသလဲ။
ဘယ်အရာနဲ့မှ နှိုင်းယှဉ်လို့ မရတဲ့ မိခင်တွေရဲ့ မေတ္တာပဲဖြစ်ပါတယ်။
Credit: Sky Bird _ ရေခြားမြေခြား ရွှေမြန်မာများ
No comments: