ကြာကြာထိုင်ရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ


၁ - အကြာကြီးထိုင်ခြင်းဟာ အစာခြေဖျက်မှုကို နှေးကွေးစေပါတယ်။ စားပြီးပြီးချင်းထိုင်တာကြောင့်လည်း အစာချေဖျက်မှု စနစ်ဟာ ပိုမိုနှေးကွေးသွားပါတယ်။

၂ - လည်ပင်း၊ ကြောရိုးနဲ့ ပခုံးတွေကို နာကျင်စေပါတယ်။ အချိန်ကြာကြာထိုင်လေ ခန္ဓာကိုယ်ပုံစံဟာ ညွတ်ကျသွားလေဖြစ်ပြီး ပုံသဏ္ဍန်ပျက်သွားပါတယ်။

၃ - အထိုင်များခြင်းဟာ သွေးလည်ပတ်မှု အားနည်းခြင်း၊ အရိုးတွေအားနည်းခြင်းနဲ့ စတဲ့ပြဿနာတွေ ကို
 ဖြစ်စေပါတယ်။

၎ - ကြွက်သားတွေ အားနည်းလာပါတယ်။ လှုပ်လှုပ်ရှားရှားနေခြင်းဟာ ကြွက်သားတွေ မာကြောခြင်း မရှိဘူး ဆိုပေမဲ့ ကွေးလွယ် ညွတ်လွယ်ရှိပါတယ်။ အထိုင်များရင်တော့ ဒီလို မဟုတ်တော့ပါဘူး။

ရှောင်ရန်နည်းများ

၁ - ဓာတ်လှေကားအစား ရိုးရိုးလှေကားသုံးပါ။

၂ - သွားမယ့်နေရာရဲ့ ဝေးဝေးမှာ ကားရပ်တာ၊ ဝေးတဲ့မှတ်တိုင်မှာ ဆင်းတာမျိုးတွေ လုပ်ပြီး လမ်းလျှောက်ပါ။

၃ - လက်တင်မပါတဲ့ ခုံမှာ ထိုင်ပါ။ ဒီလိုခုံတွေက သင့်ကို ပိုပြီး မတ်မတ်ထိုင်စေပါတယ်။

၎ - ၁ နာရီထိုင်ပြီးတိုင်း ၁၀ မိနစ်လောက် လမ်းလျှောက်ပါ။

၅ - နေ့လည်စာစားပြီးတိုင်း လမ်းလျှောက်ပါ။ ကော်ဖီဆိုင်လမ်းလျှောက် သွားတာမျိုး အကျင့်လုပ်ပါ။

Credit: Duwun.com.mm

No comments:

Powered by Blogger.