လမ်းမလျှောက်နိုင်ပေမယ့် သူငယ်ချင်းတွေအကူအညီကြောင့် ဥရောပကို ခရီးသွားနိုင်
Kevan Chandler လို့ခေါ်တဲ့ကောင်လေးဟာ ကျောရိုးမကြီးနဲ့ ကြွက်သားကိုကြုံလှီစေတဲ့ Muscular Dystrophy ဆိုတဲ့ရောဂါကြောင့် လမ်းမလျှောက်နိုင်ပဲ ဘီးတပ်ကုလားထိုင်မှာပဲ ထိုင်နေရပါတယ်။ သူ့ရဲ့စိတ်ကူးကတော့ ဥရောပကို အလည်သွားနိုင်ဖို့ ဖြစ်ပါတယ်။ လမ်းမလျှောက်နိုင်တဲ့ သူတစ်ယောက်
နိုင်ငံပေါင်းစုံကို အလည်အပတ်သွားနိုင်ဖို့ ဆိုတာ မလွယ်ကူလှပါဘူး။
ဒါပေမယ့် အခုတော့ Kevanရဲ့ဆန္ဒပြည့်တော့မှာပဲ ဖြစ်ပါတယ်။ သူ့ရဲအချစ်ဆုံး သူငယ်ချင်း ၄ ယောက်က သူ့ကို ကျောပိုးပြီး ဥရောပ တစ်ပတ် ခရီးသွားဖို့ ဆုံးဖြတ်လိုက်ကြပါပြီ။ ၆၅ပေါင်လေးတဲ့ Kevan ကို တစ်ယောက်တစ်လှည့်စီ ထမ်းပိုးကြမှာပဲ ဖြစ်ပါတယ်။ သူတို့ဟာ အင်္ဂလန် ၊ အိုင်ယာလန် နဲ့ ပြင်သစ်စတဲ့
နိုင်ငံတွေကို အလည်သွားမှာပါ။ ဒီအထဲမှာ လှေကားထစ် ၆၀၀ ရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုလည်း ပါဝင် ပါဦးမယ်။
ဒီခရီးစဉ်ကို မှတ်တမ်းတင်သွားမှာဖြစ်ပြီး သူ့လိုမျိုး Muscular Dystrophy ရောဂါသည်တွေကို လူအများ စာနာစေဖို့ ရည်ရွယ်တယ်လို့ Kevan က ဆိုပါတယ်။ လူတစ်ယောက်ကို ချီပိုးပြီး အချိန်အကြာကြီး ခရီး သွားဖို့ဆိုတာ အတော်ခက်ခဲတဲ့ ကိစ္စပါ။ အရမ်းလေးစား ချီးကျူးဖို့ကောင်းတဲ့ သူငယ်ချင်းတွေပဲဖြစ်ပါတယ်။
#သုတဇုန်
www.fb.com/thutazone
www.thutazone.com
No comments: