လူတိုင်း သေနတ်ကိုင်ဆောင်ခွင့် ရရှိရေး တက်ကြွလှုပ်ရှားသူ သေနတ်မှန်

 သေနတ်ကိုင်ဆောင်ခွင့်အတွက် တက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဂျေမီဂစ်တ် ဟာ သေနတ် မှန်ခဲ့တဲ့ အတွက်ဆေးရုံတင်လိုက်ရပါတယ်။ လူတွေရဲ့ လုံခြုံရေးအတွက် သေနတ်ကိုင်ဆောင်ခွင့် အပြည့် အဝ ရသင့်တယ်လို့ သူမက ကြွေးကြော်နေသူ ဖြစ်ပါတယ်။


ဖလော်ရီဒါပြည်နယ်မှာ သူမကားမောင်းနေစဉ် နောက်ခန်းမှာ ထိုင်နေတဲ့ သူမရဲ့သားငယ်ရဲ့ လက်ထဲမှာ ရှိတဲ့ သေနတ်က မတော်တဆက ကျည်ထွက်ပြီး သူမကို ထိမှန်ခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရသွားတဲ့ မစ္စ
ဂျေမီကို ဆေးရုံပို့ခဲ့ပြီးနောက် အခု စိုးရိမ်စရာ အခြေအနေ မရှိတော့ဘူးလို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သေနတ်ကို လူတွေလွတ်လပ်စွာ ကိုင်ဆောင်နိုင်ခွင့်နဲ့ ပတ်သတ်လို့ သူမရဲ့ လူမှု ကွန် ယက်မှာ ရေးသားပြီး နာရီပိုင်းအကြာမှာ သေနတ်ပစ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကိုယ်နဲ့ ကိုယ့်မိသားစုကို အန္တရာယ်ပြုနိုင်တဲ့ လူဆိုးတွေရန်က ကာကွယ်ဖို့ အားလုံးသေနတ်ကိုင်ဖို့ အခွင့်အရေးရှိသင့်တယ်လို့ သူမ က ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

Duwun.com.mm

No comments:

Powered by Blogger.