ထိပ်ပြောင်သူများအတွက်သတင်းကောင်း


အကယ်၍ သင်ကထိပ်ပြောင်နေသူ၊ သို့မဟုတ် ထိပ်တဖြည်းဖြည်းပြောင်လာသူဆိုရင်တော့ ဒီသတင်းက
သတင်းကောင်းပါပဲ။ ဆေးနည်းအသစ်တစ်ခုကို ဆရာဝန်တွေတီထွင်နေရာကနေ အခုတော့ တိုးတက်မှု
အကြီးစား တစ်ခုကို တွေ့ရပါပြီ။


အရင်တုန်းကတော့ ကြွက်တွေပေါ်မှာ အရင်စမ်းသပ်ခဲ့ရာကနေအခုတော့ ပထမဆုံးအကြိမ်လူသားပေါ်မှာ
စမ်းသပ်မှု အောင်မြင်ခဲ့ပါတယ်။ လတ်လောမှာ SMO4554လို့ သိပ္ဗံအမည်ရတဲ့ ဒီဆေးကို Sand Diego
ဇီဝနည်းပညာ Company တစ်ခုက တီထွင်ခဲ့တာဖြစ်ပါတယ်။

အမျိုးသား၃၀၀ ကိုစမ်းသပ်ခဲ့ရာမှာတော့ ရလဒ်က ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမယ့် ဆေးက နောက်ဆုံး
အဆင့်တော့ မရောက်သေးပါဘူး။ များမကြာမီကာလများမှာ နောက်ထပ်စမ်းသပ်မှုတွေ ပြုလုပ်ပြီး အမြန်
ဆုံး ဈေးကွက်ထဲကိုဝင်လာနိုင်ဖို့ အဆိုပါCompany က မျှော်လင့်နေပါတယ်။

ShweMOM


No comments:

Powered by Blogger.