လူတိုင်းမသိသေးတဲ့ဦးနှောက်ရဲ့ လျှို့ဝှက်ချက်(၁၀)မျိုး


ဦးနှောက်ရဲ့ ပြဿနာအရပ်ရပ်တွေဟာ ဆေးပညာအမြင်နဲ့ အဖြေထုတ်တဲ့အခါမှာ အပြည့်အစုံ မသိနိုင်သေး ဘဲ၊ လိုအပ်ချက်တွေ၊ ကွဲလွဲချက်တွေ ရှိနေပါတယ်။ ဒါ့အပြင် လုံးဝ အဖြေရှာမရသေးတဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင် တာတွေနဲ့ ထူးဆန်းမှုတွေကလည်း များလှပါတယ်။ ဒါကြောင့် ဗဟုသုတအနေနဲ့ လူတိုင်း မသိသေးတဲ့ ဦးနှောက်ရဲ့ လျှို့ဝှက်ချက် (10)မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1. တစ်စုံတစ်ခုကို သင်ယူနေတဲ့အခါမှာ ဦးနှောက်ဆဲလ်အသစ်တွေ ပိုပြီးဖွံ့ဖြိုးတယ်။

အကြောင်းအရာတစ်ခုခုရဲ့ အဖြေကို စဉ်းစားရင် စဉ်းစားသလို ဦးနှောက်က ပိုပြီး ဖွံ့ဖြိုးတိုးတက်ပါတယ်။ အဲဒီ သင်ယူထားတဲ့ အရာတွေကိုလည်း မမေ့အောင် မှတ်ဉာဏ်အပိုင်းထဲမှာ SD ကဒ်ထဲ ဒေတာတွေ ထည့်သလို ထည့်ပေးပါတယ်။ ဖွံ့ဖြိုးမှု အနည်းအများပေါ်မူတည်ပြီး ဉာဏ်ရည်ဆိုတာ ဖြစ်လာတာပေါ့။

2. အာရုံကြောပေါင်း သန်း ရာချီပြီး ပါဝင်တယ်။

ဦးနှောက်ထဲမှာ ဆိုင်ရာဆိုင်ရာ အကန့်တွေအတွက် အရေးကြီးတဲ့ အာရုံကြောတွေနဲ့ ချိတ်ဆက်ထားပြီး အာရုံကြောပေါင်း သန်း ရာချီပြီး ပါဝင်တယ်။

3. ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းဆိုပြီး ပိုင်ခြားထားတယ်။

ဦးနှောက်မှာ ဘယ်ခြမ်းနဲ့ ညာခြမ်းဆိုပြီး အပိုင်းနှစ်ပိုင်း ပါဝင်ပါတယ်။ ဒါပေမယ့် ပြောင်းပြန်အနေနဲ့ ညာခြမ်းမှာရှိတဲ့ဦးနှောက်က ခန္ဓာကိုယ် ဘယ်ခြမ်းလှုပ်ရှားမှုနဲ့ အခြားလုပ်ငန်းဆောင်တာတွေကို စီမံခန့်ခွဲပေးပြီး ဘယ်ခြမ်းမှာရှိတဲ့ဦးနှောက်ကလည်း ထိုနည်းပါဘဲ။

4. နာကျင်မှုမရှိဘူး။

နာကျင်မှုတစ်စုံတစ်ခု ဖြစ်လာတဲ့အခါ ဘာကြောင့်နာတယ်၊ ဘယ်အတိုင်းအတာထိ နာတယ်ဆိုတာကို ဦးနှောက်က သတင်းပေးပါတယ်။ ဒါပေမယ့် ဦးနှောက်ကိုယ်တိုင်မှာတော့ အာရုံခံစားမှု အင်္ဂါမဟုတ်တဲ့ အတွက် နာကျင်မှုဆိုတာမရှိပါဘူး။ ဒါကလည်း အလွန်ထူးခြားပါတယ်။

5. လူအချင်းချင်း ဦးနှောက်အရွယ်အစား မတူကြဘူး။

လူအချင်းချင်း ဦးနှောက်ဖွံ့ဖြိုးမှုပေါ် မူတည်ပြီး အရွယ်အစား မတူညီကြပါဘူး။ ထူးခြားချက်အနေနဲ့ အသက် အရွယ်ကြီးမြင့်သည့်တိုင် သာမန် ဉာဏ်ရည်သာ ရှိသူတွေဟာလည်း ကလေးတစ်ယောက်ရဲ့ ဦးနှောက်အရွယ်အစားလောက်သာ ဖွံ့ဖြိုးတာမျိုး ရှိတတ်ပါတယ်။

6. စွမ်းအင်အဖြုန်းတီးဆုံး အစိတ်အပိုင်း။

ဦးနှောက်ဟာ ခန္ဓာကိုယ်အလေးချိန်ထဲမှာ 2% သာ ရှိပေမယ့် ခန္ဓာကိုယ်ကနေ ရှာပေးတဲ့ စွမ်းအင် 20% အထိ ဖြုန်းတီးပေးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။

7. ယောက်ျားတွေက မိန်းမတွေထက် ဦးနှောက်ကို 10% ပိုပြီး အသုံးချတယ်။

ယောက်ျားတွေရဲ့ ခန္ဓာဗေဒ တည်ဆောက်ပုံအရ အာရုံကြောစနစ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ အမျိုးသမီး များထက် ကြီးမားပါတယ်။ ဒါကလည်း ယောက်ျားတွေကို မိန်းမတွေထက် ပိုတော်စေတဲ့ အချက်ဖြစ်ပြီး အမျိုးသမီးများထက် 10% ပိုပါတယ်။

8. အိပ်ချိန်မှာ အလုပ်လုပ်ဆုံး။

ဦးနှောက် active အဖြစ်ဆုံး အချိန်ကတော့ အိပ်ချိန်ဖြစ်ပါတယ်။ လူကသာ အိပ်နေပေမယ့် ဦးနှောက်က
တော့ နေ့ခင်း ပိုင်းမှာ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို အဖြေရှာနေတာ ဖြစ်နိုင်သလို၊ အိပ်မက် အတွေးထဲမှာ လည်း ဆိုင်ရာ တွေးခေါ်မှုတွေကို မရပ်မနားလုပ်ဆောင်နေပါတယ်။

9. ဆယ်ကျော်သက်အရွယ်တွေရဲ့ ဦးနှောက်ဟာ အပြည့်အ၀ပုံစံ မဟုတ်သေးဘူး။

ဦးနှောက်ဆိုတာကလည်း လူရဲ့ တွေးခေါ်မှုနဲ့ ရင့်ကျက်မှုအပိုင်းတွေ မြှင့်တက်လာတာနဲ့အမျှတဖြည်းဖြည်း
ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်ပါတယ်။ ဒီတော့ ဆယ်ကျော်သက်အရွယ်တွေရဲ့ ဦးနှောက်ဟာ အပြည့်အ၀ ဖွဲ့စည်းထားတဲ့ ပုံစံ မဟုတ်သေးပါဘူး။

10. အနာဂတ်ကို ခန့်မှန်းနိုင်စွမ်းရှိတယ်။

ဒါဆို လူတိုင်း ဗေဒင်ဟောစားမှာပေါ့ဆိုပြီး ပြောစရာရှိပါတယ်။ ဒါပေမယ့် ဒါက တကယ်ပါ။ ဒါကို ဆဋ္ဌမ အာရုံကသာ သိရှိပြီး လက်တွေ့အကောင်ထည်မှု နည်းပါးပါတယ်။ ဥပမာအားဖြင့် ငါ ဒီလိုဖြစ်မယ် ထင်သား-ပဲ ဆိုပြီး လူတိုင်း ပြော တတ်ပါတယ်။ ဒါက အလုပ်တစ်ခုရဲ့ အခြေခံအချက်ကို စတင်တွက်ချက် စဉ်းစားရာကနေ ဖြစ်လာနိုင်တဲ့ သဘော သကန်တွေကို ဦးနှောက်က ကြိုတင်ဆုံးဖြတ်ထားပြီး မို့ပါ။


နတ်စည်တော် (SHWEMOM)

SHWEMOM


No comments:

Powered by Blogger.