ဖြစ်ရပ်မှန်လူသိနည်း Mr. Bean အကြောင်း
ယနေ့ခေတ်ဟာသသရုပ်ဆောင်လောကမှာ Mr. Bean ကို လူတိုင်းသိကြပေမယ့်
သူ့ရဲ့နံမည်အရင်းက Rowan Atkinson ဖြစ်တယ်ဆိုတာတော့ လူတိုင်းသိကြမှာ
မဟုတ်ပါဘူး။ သူဟာ အနုပညာလောကကို ၂၅နှစ်ကြာ ကျင်လည်ပြီးနောက် နံမည်အရင်း
Rowan Atkinson ဆိုတာပျောက်ကွယ်ပြီး Mr. Bean နံမည်သာ လူသိများလာခဲ့ပါတယ်။
Mr. Bean ကို ၁၉၅၅ခုနှစ် ဇန်န၀ါရီ ၆ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အခုဆို Mr.
Bean ဟာ အသက် ၆၁နှစ်တောင် ရှိပါပြီ။ လူတွေဟာ Mr. Bean ကိုမြင်လိုက်တာနဲ့
ခရစ္စမတ်အတွက် ကြက်ဆင်ကြီးကို ပေါင်းနေတဲ့ဟာသရုပ်ပုံလွှာရယ်၊လက်ဖက်ရည်အိုးထဲကို
လက်ဝင်နေလို့ ဆေးခန်းလာပြတဲ့ Mr. Bean ရဲ့ သရုပ်ဆောင်ပုံကို
ပြေးမြင်တက်ကြပါတယ်။ Mr. Bean ပရိသတ်ကြီးအတွက် သူ့ရဲ့စိတ်ဝင်စားဖွယ်
ကိုယ်ရေးအချက်အလက်များကို ဗဟုသုတရဖွယ် ဖော်ပြလိုက်ပါတယ်။
၁။ Mr. Bean ဟာ အင်္ဂလိပ်လူမျိုးပါ။
Mr. Bean ဟာသဇာတ်လမ်းတွဲတွေကို အင်္ဂလန်မှာ ရိုက်ကူးခဲ့ပေမယ့် တစ်ချို့ကတော့ Mr. Bean ကို အမေရိကန်လို့ ထင်နေကြပါတယ်။ တကယ်တော့ Mr. Bean ကို အင်္ဂလန်နိုင်ငံ၊နယူးကက်ဆဲ (Newcaste) မြို့မှာ မွေးဖွားတဲ့ အင်္ဂလိပ်စစ်စစ်ကြီးပါ။ အရပ်အမြင့်ဟာ ၁၈၀စင်တီမီတာ (၅ပေ ၁၁လက်မ) တောင် ရှိပါသတဲ့။
၂။ Mr. Bean ဟာ စကားနည်းနည်းထစ်ပါတယ်။
ကလေးဘ၀ကတည်းက Mr. Bean ဟာ စကားနည်းနည်းထစ်ပါတယ်။ သရုပ်ဆောင်ရမဲ့အချိန်မှာ Mr.Bean
ဟာ မထစ်ငေါ့အောင် ကြိုးစားခဲ့ရပါတယ်။ စကားထစ်နေပေမယ့်လည်း Mr. Bean ဟာ အနုပညာလော ကမှာ အောင်မြင်ခဲ့ပါတယ်။
၃။ Mr. Bean ဟာ နံမည်ကြီးတက္ကသိုလ် ၂ခုမှာ ဘွဲ့ရခဲ့ပါတယ်။
သရုပ်ဆောင်မဖြစ်ခင်က Mr. Bean ဟာ အနုပညာကို မလေ့လာဖူးပါဘူး။ သူဟာ နယူးကက်ဆဲ တက္က သိုလ်(Newcaste University) မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကို ရရှိပြီး မဟာအင်ဂျင်နီယာဘွဲ့ကို
တော့ အောက်(စ်)ဖို့ တက္ကသိုလ် (Oxford University) Queen’s College ကနေ ရရှိခဲ့ပါတယ်။ တကယ်တော့ Mr. Bean ဟာ အောက်(စ်)ဖို့တက္ကသိုလ်ကတောင် မဟာအင်ဂျင်နီယာဘွဲ့ရထားတဲ့ ပညာတက်တစ်ယောက်ပါ။
၎။ Mr. Bean ဟာ ကားမောင်းကျွမ်းတယ်။
Mr. Bean ဟာ ကားမောင်းကျွမ်းတယ်ဆိုတာ လူသိနည်းပါတယ်။ သူဟာ တကယ်တော့ ကားမောင်းရာမှာ ဆရာကျတဲ့ လူတစ်ယောက်ပါ။ Mr. Bean ဟာ အခြားနံမည်ကျော်တွေနဲ့ Top Gear ကားမောင်းပြိုင်ပွဲမှာ ၀င်ပြိုင်တဲ့အခါ သူငယ်ချင်း Matt LeBlanc နှင့်အတူ ဒုတိယတောင် စွဲပါသတဲ့။
၅။ Mr. Bean ဟာ သမီးချောတစ်ယောက် ရှိပါတယ်။
အမှန်အတိုင်းရေးရလျင် Mr. Bean ဟာ ဟောလီးဝုဒ် (Hollywood) လောကမှာ နံမည်သာကျော်ပေမယ့်
ပြောင်ချော်ချော်မျက်နှာထားနှင့် လူချောတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် သူ့မှာတော့ အင်မတန်ချော
မော လှပတဲ့ သမီးတစ်ယောက်ရှိပါတယ်။ Mr. Bean ရဲ့သမီးချောကတော့ တစ်ခြားသူမထင်ပါနဲ့။ နံမည်ကျော်မင်းသမီးချော Lily Atkinson ပဲ ဖြစ်ပါတယ်။

၆။ Mr. Bean ဟာ သက်ရှိထင်ရှား ရှိပါသေးတယ်။
မကြာသေးခင်တုန်းက Mr. Bean ဟာ မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားပြီလို့ ကောလဟလ သတင်းတွေ အင်တာနက်မှာ ပျံ့နှံ့ပါသေးတယ်။ သတင်းမှန် မဟုတ်ပါဘူး။ ယနေ့မှာ Mr. Bean ဟာ သူချစ်သောမိသားစုနှင့်အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်လျက် ရှိပါတယ်။
www.goodyfeed.com မှ 6 Interesting Facts You Didn’t Know About Mr. Beanကို ဘာသာပြန် ပါတယ်။
CREDIT Myanmar Knowledge Bank

No comments: