ဒီတစ်ပတ်(၂၉.၃.၂၀၁၆ မှ ၄.၄.၂၀၁၆ အတွင်း) ဗေဒင်
တနင်္ဂနွေ
ရည်ရွယ်ချက်၊ ရည်မှန်းချက်များ အကောင်အထည်ဖော်ဖြစ်မည်။ အတိုက်အခံ၊ အထစ်အငေါ့တွေကြုံမည်။ မမျှော်လင့် ပဲ ရုတ်တရက်ထွက်ခွာသွားမည့် ခရီးစဉ်များပေါ်ပေါက်လိမ့်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး ဇာတ်လမ်းတွေရှုပ်မည်။ လူရင်း၊ လူခင်တို့ အထင်အမြင်လွဲမှားလိမ့်မည်။ အလိမ်ခံရသောပစ္စည်းများ၊ ပျောက်နေသောပစ္စည်းများ ပြန်တွေ့ မည်။ ထိခိုက်ရှနာ အသေးအဖွဲဖြစ်ကိန်းရှိ၍ အနည်းငယ်ဂရုစိုက်ပါ။ ဆွေမျိုးသားချင်းအတွက် စိတ်ရှုပ်ရမည်။ စာမေးပွဲ၊ အင်တာဗျူးများအောင်လိမ့်မည်။
အကျိုးပေးဂဏန်း ၁၊ ၅၊ ၆။
အထူးဟော - လှုပ်ရှားသွားလာမှုများ မြန်ဆန်မည်၊ များပြားမည်။
ယတြာ - တနင်္ဂနွေနေ့နံနက်တွင် အုန်းသီးဆံ ခြောက်ဆံကို အိမ်ဘုရားအားကပ်လှူပါ။
တနင်္လာ
မျှော်လင့်ချက်များ၊ ဆုံးဖြတ်ချက်များ ဆောင်ရွက်မှုအားလုံး အောင်မြင်မှုတွေရှိမည်။ အတိုက်အခံတို့ကို ကျော်လွှား နိုင်မည်။ ဝမ်းသာစရာသတင်းရပ်များ၊ သတင်းစကားများကြားရမည်။ ပြည်တွင်း၊ ပြည်ပ ခရီးဝေးများသွားဖြစ်မည်။ လမ်းခရီးအန္တရာယ်မရှိပါ။ ကိုယ်ပိုင်လုပ်ငန်း၊ စပ်တူရှယ်ယာလုပ်ငန်းများ စတင်အကောင်အထည်ဖော်ဖြစ်မည်။ ကျန်းမာရေးအခြေအနေကောင်းမည်။ ပညာရေးနှင့်ပတ်သက်၍ အောင်မြင်တိုးတက်မှုရှိမည်။ အချစ်ရေးနှင့်ပတ်သက် ၍ အဆင်ပြေမည်။ အိမ်ထောင်ရေးနှင့်ပတ်သက်၍ အထင်မြင်လွဲမှားကိန်းရှိသည်။ စက်ပစ္စည်း၊ ရတနာပစ္စည်းများ အဝင်အထွက်ဖြစ်မည်။ လူယုံမထားရ၊ လူပေါင်းမှားတတ်သည်။
အကျိုးပေးဂဏန်း ၂၊ ၄၊ ၈။
အထူးဟော - ကံကောင်းနေမည်။
ယတြာ - တနင်္လာနေ့နံနက်တွင် ငါးသက်စေ့လွှတ်ပါ။
အင်္ဂါ
စိတ်တွေလေနေမည်။ ရည်ရွယ်ချက်တွေလည်းများနေမည်။ ဆုံးဖြတ်ချက်တွေလည်း မြန်နေမည်။ သို့သော် ဆောင်ရွက်များအားလုံး အောင်မြင်မည်။ လုပ်ငန်းနှင့်ပတ်သက်၍ ဖြေရှင်းစရာများပေါ်ပေါက်လိမ့်မည်။ အချစ်ရေးနှင့် ပတ်သက်၍ ရှုပ်ထွေးလိမ့်မည်။ စွဲလန်းသူအသစ်တွေလည်းပေါ်မည်။ အချစ်ဟောင်းနှင့်လမ်းခွဲလိမ့်မည်။ စာမေးပွဲ၊ ပညာရေးအောင်မြင်မည်။ စက်ပစ္စည်း ဝင်ကိန်း၊ ထွက်ကိန်းရှိသည်။ ပစ္စည်းပျောက်ကိန်း၊ သူခိုးခိုးခံရကိန်းရှိ၍ ဂရုစိုက်ပါ။ ခြေ၊ လက်တို့အနာရကိန်းရှိ၍ ဂရုစိုက်ပါ။ သူများအရှုပ်၊ ကိုယ့်အရှုပ်ဖြစ်ကိန်းရှိသည်။
အကျိုးပေးဂဏန်း - ၃၊ ၅၊ ၇။
အထူးဟော - အောင်မြင်သူဖြစ်မည်။
ယတြာ - အင်္ဂါနေ့နံနက်တွင် အောင်သပြေ ၁၉ညွန့်ကို အိမ်ဘုရားကပ်လှူပါ။
ဗုဒ္ဓဟူး
ကံကောင်းသော အချိန်ကာလဖြစ်သည်။ ဆောင်ရွက်မှုများ၊ လုပ်ဆောင်ချက်များ အကောင်အထည်ပေါ်အောင်မြင် မည်။ ခရီးဝေးများ သွားကိန်းရှိသည်။ လမ်းခရီးအန္တရာယ်မရှိပါ။ အကြီးအကဲ၏ မြှောက်စားမှုဖြစ်လိမ့်မည်။ ဆုလာဘ် များလည်း ရကိန်းရှိသည်။ စွဲလန်းနှစ်သက်သူတွေ့မည်။ ကျန်းမာရေးကောင်းမည်။ ရည်ရွယ်ချက်တွေအောင်မြင်မည်။ စာမေးပွဲလည်း အောင်လိမ့်မည်။ ငွေရ၊ ငွေဝင်လိမ့်မည်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုရှိမည်။ ရှယ်ယာ လုပ်ငန်းများကွဲတတ်သည်။ စက်ပစ္စည်းများ၊ ရွှေထည်များ၊ မြေကွက်များ အပြောင်းအလဲအဝင်အထွက်ဖြစ်မည်။
အကျိုးပေးဂဏန်း - ၄၊ ၉၊ ၆။
အထူးဟော - ကံကောင်းမည်။
ယတြာ - ဗုဒ္ဓဟူးနံဘုရားကို ဗုဒ္ဓဟူးနေ့နံနက်တွင် အောင်သပြေ ၁၇ညွန့်ကပ်လှူပါ။
ကြာသပတေး
ရုတ်တရက် မမျှော်လင့်သော ထိတ်လန့်စရာဖြစ်ရပ်ဆန်းများနှင့်ကြုံတွေ့လိမ့်မည်။ စိတ်မော၊ လူမောဖြစ်ကိန်းရှိသည်။ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ အကောင်အထည်ဖော်ရန်နှောင့်နှေးလိမ့်မည်။ ပြောင်းရွှေ့မှုနှင့် ပြောင်းလဲမှုတွေ ကြုံတွေ့လိမ့်မည်။ သို့သော် စာမေးပွဲဖြေဆိုမှု၊ အင်တာဗျူးများအောင်ကိန်းရှိသည်။ အချစ်ရေးမှာ အထင်လွဲ စွပ်စွဲခံရကိန်းရှိသည်။ စိတ်ဝမ်းကွဲကိန်းလည်းရှိသည်။ ပြန်ခေါ်မည်။
အကျိုးပေးဂဏန်း - ၅၊ ၆၊ ၈။
အထူးဟော - အတိုက်အခံဖြစ်ပြီးမှ အောင်မြင်မည်။
ယတြာ - ကြာသပတေးနေ့နံနက်တွင် အောင်သပြေ ၁၉ညွန့်နှင့် အုန်း ၆ညွန့် အိမ်ဘုရားကပ်လှူပါ။
သောကြာ
စိတ်လေမည်။ တယူသန်၊ တဇွတ်ထိုးစိတ်ရှိမည်။ အိမ်ရှိအကြီးအကဲတို့၏ အထင်လွဲခြင်းခံရမည်။ အပြစ်တင်ခြင်း လည်းခံရမည်။ အပေါင်းအသင်းမှားကြုံမည်။ စိတ်တွေလေမည်။ အချစ်ရေးမှာ ကိုယ်ချစ်သူ အိမ်ကသဘောမတူ၊ အိမ်ကသဘောတူ ကိုယ်ကမချစ်ပြဿနာကြုံမည်။ အိမ်မှဆင်းသွားကိန်းရှိသည်။ ချစ်သူ၏ လှည့်စားခြင်းခံရတတ်၍ ဂရုစိုက်ပါ။ အလုပ်အကိုင်အဆင်ပြေမည်။ ငွေဝင်ကောင်းမည်။ ခရီးထွက်ဖြစ်မည်။ ဝမ်းဗိုက်ဥပါဒ်ပေးတတ်သည်။ သတိထားပါ။ အဝေးမိတ်ဆွေ၏ အကူအညီရမည်။ စီးပွားရေးလုပ်ငန်းသစ်များ အောင်မြင်မှုရှိမည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိသည်။ ဆုကြီးမည်။
အကျိုးပေးဂဏန်း - ၁၊ ၆၊ ၉။
အထူးဟော - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
ယတြာ - သောကြာနေ့နံနက်တွင် အိမ်ဘုရားကို သစ်သီး ၉ မျိုး လှူပါ။
စနေ
အောင်မြင်မှု၊ တိုးတက်မှုများ ကြိုးစားသလောက်အောင်မြင်မည်။ ရည်ရွယ်ချက်၊ ရည်မှန်းချက်များလည်း အောင်မြင် မည်။ ပြည်တွင်း၊ ပြည်ပခရီးများလည်း ရောက်ဖြစ်မည်။ ကျန်းမာရေးကောင်းမည်။ စီးပွားရေး ဝင်ငွေကောင်းလာမည်။ အလုပ်အကိုင်တိုးတက်မှုရှိမည်။ အချစ်ရေးနှင့်ပတ်သက်၍ မိဘသဘောတူတာကိုယူဖြစ်မည်။ လုပ်ငန်းပြောင်းလဲမှု၊ မြေအရောင်းအဝယ်ဖြစ်မှု၊ စက်ပစ္စည်းပြောင်းလဲမှုများဖြစ်လိမ့်မည်။ ကိုယ်ပိုင်လုပ်ငန်း၊ ရှယ်ယာလုပ်ငန်းများ အကျိုးပေးမည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိသည်။
အကျိုးပေးဂဏန်း - ၇၊ ၀၊ ၄။
အထူးဟော - အောင်မြင်မည်။
ယတြာ - စနေနံနက်တွင် ဘုရားကိုထီးလှူပါ။
မြစ်မခ မီဒီယာ တွင် ဖော်ပြထားသော ဒေါက်တာထွန်းလင်း (ဘုတလင်) ၏
၇ ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်းမှ ကူးယူဖော်ပြသည်။
No comments: