တရုတ်ရဲ့အံသြဖွယ်နေရာတစ်ခု (သို့) Blue Moon Valley
Blue Moon Valleyဟာ တရုတ်၊Yunnanပြည်နယ်ရဲ့ Lijiang မြို့ အနီးမှာရှိပါတယ်။ ဒီနေရာဟာ
ရေတွေကို တောင်တွေ၊ ရေကန်(၄)ခုနဲ့ ရေတံခွန်အနည်းငယ်ဆီက နှင်းတွေအရည်ပျော်ရာမှရရှိပါတယ်။ Shinka နှင်းတောင်လို့ ခေါ်တဲ့ဒီတောင်ကြားဒေသဟာ Shangri-Laမြို့ရဲ့အနောက်တောင်ဘက်အရပ်မှာ ၇ကီလိုမီတာ အကွာမှာ ရှိပြီးကားနဲ့ဆိုရင် ၁၅မိနစ် လောက်ပဲမောင်းရမှာဖြစ်ပါတယ်။ Shinkaတောင်ရဲ့
အမြင့်ဟာ မီတာ၄၀၀၀ခန့်ရှိပြီး၊ တောင်ထိပ်ပေါ်ကို ရောက်ခဲ့မယ်ဆိုရင် Meili နှင်းတောင်၊ကျောက်စိမ်းနဂါး
နှင်းတောင်တို့အပြင် Daochen နဲ့ Sichan တောင်တွေရဲ့မြင်ကွင်း ကို ကြည့်ရှု့နိုင်မှာပဲဖြစ်ပါတယ်။
Shinka ဆိုတာတိဘက်စကားလုံးကဆင်းသက်လာပြီး ဒရယ်တွေဝန်းရံတဲ့တောင်လို့ အဓိပ္ပါယ်ရပါတယ်။ ဗုဒ္ဓဒီနေရာကို လာစဉ်တုန်းက ဒရယ်နှစ်ကောင်ဟာဗုဒ္ဓရဲ့ဟောပြောဖို့စတင်လိုက်တာနဲ့ ဒူးထောက်တဲ့ ပုံစံပြောင်းပြီးနားထောင် နေခဲ့ကြတယ်လို့ ဆိုရိုးစကားရှိခဲ့တာကြောင့်ပါ။ဒါ့ကြောင့်ဒီဒေသက တိဘက်လူမျိုး
တွေဟာဒရယ်ကို လဘ်ကောင်းစေတဲ့ အရာတစ်ခုအဖြစ် ယူဆကြပါတယ်။
သမိုင်းအရဆိုရင်တော့ ဒီတောင်ဟာ တိဘက် Shengchuanနယ်ရဲ့မြို့နှစ်မြို့ဖြစ်တဲ့ Dukezong နဲ့ Tacheng တို့ကြားမှာ ရှိပါတယ်။ ဒါကြောင့်ဒီတောင်ဟာ တိဘက်နဲ့ Nanzhaoနိုင်ငံတွေကို ချိတ်ဆက်ထားတဲ့လမ်းကြောင်းဖြစ်ခဲ့ပါတယ်။Tea Horse Roadလို့အမည်ရတဲ့ဒီလမ်းနဲ့ ဒီတောင်တို့ဟာ ဗုဒ္ဓဘာသာဝင်တွေကြားရေပန်းစားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။
ဒီနေရာကို သိပ္ပံနဲ့ပါတ်ဝန်းကျင်လေ့လာမှု့တွေအတွက်သာမက အနားယူအပန်းဖြေမှု့တွေအတွက်ပါ လာရောက်လည်ပတ်နိုင်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လေ့ရှိတဲ့ အဓိကနေရာတစ်ခု ဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ ဒီနေရာမှာရှိတဲ့ လှပတဲ့ ရေလှေကားထစ်တွေရဲ့ရေအရောင်ဟာ အဖြူရောင်နဲ့စိမ်းပြာရောင်ကို မကြာခဏ ပြောင်းလဲလေ့ရှိတာပဲဖြစ်ပါတယ်။
#သုတဇုန်
No comments: