Amtrak ကို ချွတ်ပြခြင်း


 နှစ်စဉ် ဇူလိုင်လရဲ့ ဒုတိယအပတ် စနေနေ့တိုင်းမှာ ကယ်လီဖိုးနီးယားပြည်နယ် Laguna Niguel မြို့က ထောင်ပေါင်းများစွာသော လူများစွာဟာ Amtrak ရထားဘက်ကိုကျောပေးကာ သူတို့ရဲ့အောက်ပိုင်း အ၀တ်တွေကို ချွတ်ပြလေ့ရှိပါတယ်။ နေရာကတော့ Mugs Away Saloon ဘားရဲ့အပြင်ဘက်မှာပါ။ ဒီပွဲတော်ကိုတော့ Mooning of The Amtrak လို့အမည်ပေးထားကြပါတယ်။


 ဒီရူးကြောင်ကြောင်ပွဲတော်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၆နှစ်တည်းက စတင်ကျင်းပခဲ့တာပါ။ အဲဒီတုန်းက လူတစ်ယောက်ဟာ ဒီခြံစည်းရိုးနားမှာ ရှိသမျှလူတိုင်းကို ဘောင်းဘီချွတ်ဖို့ စိန်ခေါ်ပါတယ်။လောင်းကြေး ကတော့ အရက်တစ်လုံးပါ။ ဒါကိုရွှတ်နောက်နောက် လူအချို့က လက်ခံပြီး ဘောင်းဘီအပြိုင် ချွတ်ပြီး ရထားကို နှုတ်ဆက်တဲ့အခါ ဒီပွဲတော်ဟာ စတင်ဖြစ်ပေါ်လာပါတော့တယ်။



အဲဒီနေရာ ရောက်ပြီဆို ရထားဟာ အရှိန်လျော့သွားတာကြောင့် ရထားပေါ်ကလူတွေက အတိုင်းသားမြင်
နေရပါတယ်။ ဒါပေမယ့် ဘောင်းဘီ ၊ စကတ်တွေ အပြိုင်ချွတ်ကြတဲ့ ယောက်ျား ၊ မိန်းမ ၊ ကြီးငယ် မျိုးစုံ တို့ကတော့ မရှက်တဲ့အပြင် ရထားပေါ်ကလူတွေကိုတောင် ၀မ်းသာအားရ နှုတ်ဆက်နေတတ်ကြပါတယ်။

#သုတဇုန်

No comments:

Powered by Blogger.