ထိုင်းနိုင်ငံ Kumphawapi က ကြာပန်းနီကန်
ဒီကန်ရဲ့ အမည်ကိုတော့ Nong Han လို့ခေါ်ပြီး ထိုင်းနိုင်ငံက Kumphawapi မြို့မှာ ရှိပါတယ်။ ၈၀၀၀ဧက လောက်ကျယ်ဝန်းတဲ့ ကန်ထဲမှာ သန်းချီနေတဲ့ အနီရောင်ကြာပန်းတွေဟာ ကန်အပြည့်နီးပါး ပေါက်နေပါတယ်။ ကန်က အလွန်ကျယ်ပေမယ့် အနက်ကတော့ ၃ပေ ကျော်ပဲရှိပါတယ်။ ခရီးသွားတွေကတော့ ဒီကန်ထဲမှာ လှေတွေ ၊ မော်တော်ဘုတ်တွေနဲ့ သွားရတာကို အလွန်သဘောကျတယ် လို့ ဆိုပါတယ်။
#သုတဇုန်
fb.com/thutazone
www.thutazone.com








No comments: