ချာလီချက်ပလင်အကြောင်း လူမသိသေးတဲ့အချက်(၇)ချက်


ချာလီချက်ပလင်ကို အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ 1889 ခုနှစ် ဧပြီလ 16 ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မိဘတွေဟာဂီတဖျော်ဖြေရေးသမားများ ဖြစ်လို့ ဂီတနဲ့ နီးစပ်မှုရှိခဲ့ပါတယ်။ သူရဲ့ သူမတူတဲ့ ဟာသအမြင်တွေ၊ ခေတ်ကို ကောင်း ကောင်း သရော်နိုင်ခဲ့မှုတွေကြောင့် အသံမဲ့ရုပ်ရှင်လောကမှာ တစ်ခေတ်ဆန်းခဲ့ပြီး အောင်မြင်မှုတွေလည်း အများကြီးရခဲ့ပါတယ်။ အခုဖော်ပြမယ့် အကြောင်းအရာ ကတော့ ချာလီရဲ့ လူမသိသေးတဲ့ အချက် (7)ချက်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

(၁) ကလေးသရုပ်ဆောင်ဘ၀က စတင်ခဲ့ရတယ်

ချာလီဟာ သူရဲ့သရုပ်ဆောင်လောကကို ကလေးသရုပ်ဆောင်ဘ၀နဲ့ စတင်ခဲ့ပါတယ်။ သူ့အသက် ငါးနှစ် သား အရွယ်မှာ သူ့အမေဟာ ဖျော်ဖြေတင်ဆက်နေရာကနေ ရုတ်တရက် အသံဝင်ခဲ့လို့ သူ့အမေအစား Jack Jones ဆိုတဲ့သီချင်းကို ၀င်ရောက်သီဆိုပေးခဲ့ရာက သရုပ်ဆောင်ဘ၀ စတင်ခဲ့ပါတယ်။

(၂) မိဘမဲ့ဂေဟာမှာ အပ်နှံခြင်းခံခဲ့ရတယ်
ထိုခေတ်ကာလက မိဘတွေဟာ သရုပ်ဆောင်ဖြစ်သော်လည်း အလွန်နာမည်ကြီးတဲ့ သရုပ်ဆောင် မဟုတ်တဲ့အတွက်ခက်ခဲတဲ့ မိသားစုစားဝတ်နေရေးကို ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ လင်မယား
နှစ်ယောက်ဟာ ချာလီကို မိဘမဲ့ ကျောင်းကို ပို့ဖို့ ဆုံးဖြတ်ခဲ့ကြပြီး အဲဒီမှာ 18 လလောက် နေခဲ့ရတဲ့ အချိန်မှာကျောင်းတက်ခွင့် ရခဲ့သလို စာအုပ်တွေဖတ်ခွင့်လည်း ရခဲ့ပါတယ်။ ဒါပေမယ့် ကြိမ်နဲ့ခဏခဏ အပြစ်မရှိအပြစ်ရှာ ရိုက်နှက်ဆုံးမမှုတွေကြောင့် သူဟာ မပျော်ခဲ့ပါဘူး။

(၃) မြန်ဆန်စွာရောက်ခဲ့ရသော သန်းကြွယ်သူဌေးဘဝ

ချာလီရဲ့ အလွန်ရယ်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သူ့ကို သဲသဲလှုပ် အားပေးခဲ့ကြပြီး သူဟာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဘ၀ကို ရောက်ခဲ့ပါတယ်။ သူဟာ Mutual Film Corporation ရုပ်ရှင်ထုပ်လုပ်ရေးနဲ့ စာချုပ် ချုပ်ခဲ့ပြီး တစ်နှစ်လျှင် ပေါင် 670,000 ၀င်ငွေ ရရှိခဲ့ပါတယ်။ ဒါ့အပြင် First National ရုပ်ရှင် ထုတ်လုပ်ရေးအတွက်လည်း ဇာတ်ကားရှစ်ခု ရိုက်ပေးဖို့ စာချုပ်ချုပ်
နိုင်ခဲ့ပြီး ပေါင် 1 သန်း ရရှိခဲ့ပါတယ်။

(၄) အသံထွက်ရုပ်ရှင်ကို စွန့်ဦးတီထွင်ခဲ့သူ

ချာလီအောင်မြင်မှုရနေချိန်မှာ အသံထွက်ရုပ်ရှင် စတင်စမ်းသပ်ကာစ အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် သရုပ်ဆောင်နဲ့ အသံ ကွက်တိ ချိန်ဆနိုင်မှု မရှိတာကြောင့် အောင်မြင်မှုလည်း နည်းနေခဲ့ပါတယ်။ 1927 ခုနှစ်မှာ ထုပ်လုပ်ခဲ့တဲ့ The Jazz Singer ဇာတ်ကားမှာတော့ သူဟာ အခြားရုပ်ရှင် သရုပ်ဆောင်တွေကို
ကျော်ဖြတ်ကာ အကောင်းဆုံးဇာတ်ကားကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် 1930 ခုနှစ်မှာ ထုပ်လုပ်ခဲ့တဲ့ ” City Lights ” အသံထွက်ရုပ်ရှင်ဟာလည်း ၀က်ဝက်ကွဲအောင်မြင်ခဲ့ပြီး အသံထွက်ရုပ်ရှင်လောကကို ဦးဆောင်နိုင်ခဲ့ပါတယ်။

(၅) ဆယ်ကျော်သက် သုံးယောက်နဲ့ လက်ထပ်ခဲ့တယ်
ချာလီဟာ လေးကြိမ် လက်ထပ်ခဲ့ပြီး သူလက်ထပ်ခဲ့တဲ့ အမျိုးသမီးတွေအနက် သုံးယောက်ဟာ ဆယ်ကျော်သက်အရွယ်တွေဖြစ်ပါတယ်။ 1918 ခုနှစ်မှာ အသက် (17)နှစ်အရွယ် မင်းသမီး  Mildred Harris နဲ့ လက်ထပ်ခဲ့ပြီး နှစ်နှစ်အကြာမှာ ကွာရှင်းပြတ်ဆဲခဲ့ပါတယ်။ 1924 ခုနှစ်မှာတော့ အသက် 16 နှစ်အရွယ် Lita Grey နဲ့ လက်ထပ်ခဲ့ပြန်ပါတယ်။ အိမ်ထောင်သက်တမ်း 3 နှစ်သာ ကြာခဲ့ပြီး 1936 ခုနှစ်မှာတော့ တစ်ခုလပ်သရုပ်ဆောင်မလေး Paulette Goddard နဲ့ လက်ထပ်ခဲ့ပါတယ်။ တတိယတစ်ယောက်သာ အသက် 26 နှစ်အရွယ် အမျိုးသမီး ဖြစ်ပြီး 1942 ခုနှစ်မှာ ကွာရှင်းခဲ့ပါ
တယ်။ နောက်ဆုံး လက်ထပ်ခဲ့တဲ့သူကတော့ ချာလီ အသက် (54)နှစ် အရွယ်မှာ ဖြစ်ပြီး လက်တွဲဖော်အမျိုးသမီးက တော့ အသက်(18)နှစ်အရွယ် Oona O’Neill ဖြစ်ပါတယ်။ ချာလီဟာ အိမ်ထောင်ဘက်များနဲ့ ကလေး (11) ယောက်မွေးဖွားခဲ့ပါတယ်။

(၆) အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှု
ချာလီဟာ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုကို ခံခဲ့ရပါတယ်။ သူဟာ အမေရိကန်နိုင်ငံမှာ နှစ်ပေါင်း 40 လောက် နေထိုင်ခဲ့ပေမယ့် Modern Times ဇာတ်ကားဟာ အမေရိကန်ရဲ့ စက်မှုတော်လှန်ရေးစနစ်ကို သရော်တယ်လို့ ယူစခြင်း ခံခဲ့ရပြီး နိုင်ငံသားအဖြစ် ခံယူခွင့်ပိတ်ပင် ခံခဲ့ရသလို ပြည်နှင်ဒဏ် ပေးခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာ သူဟာ အမေရိကန် ပြည်ထောင်စုထဲကို တစ်ကြိမ်သာ ၀င်ခွင့်ရခဲ့ပြီး အဲဒီအချိန်က 1972 ခုနှစ်မှာ ကျင်းပတဲ့ ဂုဏ်ထူးဆောင် အကယ်ဒမီဆုကို လက်ခံရယူဖို့ သွားရောက် ရခြင်း ဖြစ်ပါတယ်။

(၇) ချာလီရဲ့ ခေါင်းတလား ခိုးယူခံခဲ့ရတယ်
ချာလီသေဆုံးတော့ သူ့ကို ဆွစ်သင်္ချိုင်းမှာ ခေါင်းတလားနဲ့ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပါတယ်။ ဒါပေမယ့် မကြာမီမှာပဲ လူနှစ်ယောက်က သင်္ချိုင်းဂူကို ဖောက်ထွင်းပြီး ပေါင် 6 သိန်းနဲ့ ရွေးရမယ်လို့ သူရဲ့ နောက်ဆုံးဇနီးကို ခြိမ်းခြောက်ခဲ့ပါတယ်။ ချာလီရဲ့ ဇနီးက ရွေးဖို့ ငြင်းဆန်ခဲ့တာကြောင့် ကလေးတွေကို သတ်မယ် လို့ ပြန်ပေးသမားတွေက ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ပြန်ပေးသမား နှစ်ယောက် အဖမ်းခံခဲ့ရပြီး ချာလီကိုလည်း မူလနေရာမှာပဲ ပြန်ပြီးသင်္ဂြိုဟ် ခဲ့ပါတယ်။

နတ်စည်တော် ( Shwemom)

No comments:

Powered by Blogger.