ဆာလောင်နေတဲ့ အိမ်ယာမဲ့တွေအတွက် အလကားစားလို့ရမယ့် အစီအစဉ်


 နေ့တိုင်းနေ့တိုင်းမှာ စားသောက်ဆိုင်တွေနဲ့ အခြား အစားအစာဆိုင်ကြီးငယ်က ရောင်းလို့မကုန်တဲ့စားစရာ
တွေဟာ အလဟသ ဖြစ်နေရပါတယ်။ ဒီအကြောင်းကို အိန္ဒိယနိုင်ငံ Kochi မြို့က စားသောက်ဆိုင်ပိုင်ရှင် တစ်ယောက်က စဉ်းစားမိသွားပါတယ်။



ဒီလို အစားအစာတွေကို အလဟသမဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့နည်းလမ်းကိုနောက်ဆုံး သူတွေ့သွားပါတယ်။ ဒါကတော့ သူ့ဆိုင်ရဲ့ ရှေ့မှာ ရေခဲသေတ္တာတစ်လုံးထားပြီး ပိုလျှံကျန်ရစ်တဲ့ အစားအစာတွေကို ဒီအထဲမှာ ထားလိုက်တာပါပဲ။ ပြီးတော့ ဒီအစားအစာတွေကို ဆာနေတဲ့ မည်သူမဆို တစ်ပိုင်တစ်နိုင် စားနိုင်သလောက် ယူနိုင်ပါတယ် တဲ့။



 ဒါဟာ အတော်ကောင်းတဲ့ အစီအစဉ်တစ်ခုပါပဲ။ သူ့ရဲ့ဆိုင်မှာလည်း တစ်နေ့ကို ဟင်းပွဲ ၇၀ ၊ ၈၀ လောက်က ကျန်ရစ်ကာ အကားဖြစ်နေရပါတယ်။ ဒီလိုလုပ်လိုက်တဲ့ အတွက် သူကုသိုလ်ရသွားသလို မ၀ယ်စားနိုင်တဲ့ အိမ်ယာမဲ့တွေလည်း ၀မ်းဝသွားရပါတယ်။ ဒီအတွက် အစာတွေဟာ အလဟသ မဖြစ်တော့ပဲ လူ့အဖွဲ့အစည်းကို တတ်နိုင်သလောက် ကယ်တင်သလို ဖြစ်သွားမှာပါ။ ချီးကျူးဖို့ကောင်းတဲ့ စားသောက်ဆိုင်ပိုင်ရှင်ပါပဲ။

#သုတဇုန်

No comments:

Powered by Blogger.