ဆန်းပြားတဲ့ စာအုပ်ကာဗာများ
ကျွန်တော့်နာမည် Aniko ပါ။ ဒီနေ့အချိန်မှာ ကျွန်တော်ဟာ အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်နေပေမယ့် တချိန်ကတော့ ကျွန်တော်ဟာ သာမန်လခစားဝန်ထမ်း တစ်ယောက်ဖြစ်ခဲ့ပါတယ်။ မိဘတွေကလည်း လခကောင်းမွန်တဲ့ အလုပ်တစ်ခုသာ လုပ်စေချင်ခဲ့ပါတယ်။ ကျွန်တော်ဝါသနာပါတာက အနုပညာပါ။ ဒါပေမယ့် ဒါကို ခဏမေ့ထားပြီး မိဘတွေဖြစ်ချင်တာကို ဆက်လုပ်ခဲ့ပါတယ်။ ၆နှစ်ကျော်ပြီးတဲ့နောက်မှာ ဒီဇိုင်နာဘွဲ့ကိုရခဲ့ပြီး ဖက်ရှင်ဒီဇိုင်နာ အဖြစ် ကုမဏီတစ်ခုမှာဝင်လုပ်ခဲ့ပါတယ်။ အလုပ်ကမဆိုးသလို လခကလည်း အတော်လေးကောင်းမွန်ပါတယ်။ သို့သော် ဒီလိုလုပ်နေရတာ ကျွန်တော်မပျော်ပါဘူး။
သိပ်မကြာခင်မှာပဲ ဒီအလုပ်က ကျွန်တော်ထွက်လိုက်ပါတယ်။ နောက်ဘယ်တော့မှ ပြန်လာဖို့လဲ စိတ်ကူးမရှိတော့ပါဘူး။ ကျွန်တော်ဝါသနာပါတဲ့ ဆန်းပြားတဲ့ ပန်းချီ ဓာတ်ပုံဖန်တီးခြင်း ၊ နှစ်သက်ဖွယ် လက်လုပ်အရုပ်ကလေးတွေဖန်တီးခြင်း နဲ့ အခြားဆန်းဆန်းပြားပြား ပစ္စည်းလေးတွေ ဖန်တီးတာကို စတင်လုပ်ခဲ့ပါတယ်။
အစပိုင်း သိပ်မသိကြပေမယ့် လပိုင်းအနည်းငယ်အကြာ ဒီပစ္စည်းလေးတွေကို ၀ဘ်ဆိုဒ်အချို့ပေါ်တင်လိုက်ပြီးနောက်မှာတော့ လူကြိုက်များခဲ့ပြီး ၊ အမှာစာတွေထောင်ပေါင်းများစွာ ရရှိခဲ့ပါတယ်။ အခုတော့ ကျွန်တော့်ဘ၀ဟာ အဓိပ္ပါယ်ရှိသွားပါပြီ။ ကိုယ်လုပ်ချင်တဲ့အလုပ်ကို အမြဲလုပ်နေရတာဖြစ်တဲ့အတွက် ကျွန်တော်အမြဲပျော်ရွင်နေမှာပါ။ မိတ်ဆွေတို့လည်း ကိုယ်မနှစ်သက်တဲ့အလုပ်ကို ကြိတ်မှိတ်မလုပ်ပဲ ယုံကြည်ရာ ၀ါသနာပါတဲ့အလုပ်ကို လုပ်ကြရင် ပိုအောင်မြင်လိမ့်မယ်လို့ ကျွန်တော်ပြောရဲပါတယ်။
အောက်ကပုံတွေကတော့ ကျွန်တော်ဖန်တီးထားတဲ့ ပစ္စည်းအချို့ထဲက စာအုပ်အဖုံးလေးတွေပါ။ ကြည့်ကြည့်ပါဦး :)
အောက်ကပုံတွေကတော့ ကျွန်တော်ဖန်တီးထားတဲ့ ပစ္စည်းအချို့ထဲက စာအုပ်အဖုံးလေးတွေပါ။ ကြည့်ကြည့်ပါဦး :)




















No comments: