အောင်မြင်ချင်သူတိုင်း ပြုလုပ်ရမယ့်နည်းလမ်း (၅)သွယ်


ကျွန်တော်ပြီးခဲ့တဲ့ သြဂုတ်လတုန်းက အသက် ၃၀ မပြည့်ခင်မှာပဲ သန်းကြွယ်သူဌေး ဖြစ်လာခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ကျွန်တော်ထက် အောင်မြင်ထက်လူငယ်တွေ အများကြီးပါပဲ။ကျနော် အခုလိုအောင်မြင်အောင် ဘယ်လိုကြိုးစားလာရတယ်ဆိုတာ ပြောပြချင်ပါ တယ်။ သင် ရည်မှန်းထားတာတွေကိုဖြစ်မြောက်အောင်
လုပ်နိုင်ပြီး စိတ်ကျေနပ်မယ်ဆိုရင် သင်ကိုယ်သင် အောင်မြင်နေပြီလို့ ပြောနိုင်ပါပြီ။အခုဆောင်းပါးမှာ ဘ၀မှာအောင်မြင်ဖို့ အကြံပေးချက်တွေကို ဖော်ပြလိုက်ပါတယ်။

သင်ဟာ တံခါးလက်ကိုင်ကို ဘယ်လိုလှည့်ပြီးဖွင့်ရမှန်းမသိရင် အထဲကို ၀င်လို့ရမှာ မဟုတ်ပါဘူး။
အောင်မြင်မှုလမ်းကြောင်းကနေ သွေဖယ်စေသော ကိစ္စများကို လုပ်ဆောင်နေသရွေ့သ၍ သင် အောင်မြင်မှာ မဟုတ်ပါဘူး။ လူတွေ မအောင်မြင်ရတဲ့အဓိကအကြောင်းကတော့ နည်းစနစ်မကျတဲ့ အတွေးအခေါ်တွေကို လက်ကိုင်ထားပြီး အောင်မြင်မှု လမ်းကြောင်းကနေသွေဖယ်သွားလို့ပါ။ အခုဖော်ပြမှာက ကျနော် သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်လာအောင် ကျနော်လက်ခံကျင့်သုံး
ခဲ့တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။


၁။ အကြိမ်ပေါင်းများစွာ ကြိုးစားပါ

ကလေးငယ်တစ်ယောက်ဟာ ပစ္စည်းတစ်ခုကို ဘယ်လို ကိုင်ရမယ် ဆိုတာတောင် မသိပါဘူး။ သူဟာ လက်ထဲမှာ ကိုင်တယ်၊ နည်းလမ်း မမှန်တော့ ပြုတ်ကျတယ်၊ပြန်ကိုင်တယ်၊နောက်ဆုံးတော့ သူ ပစ္စည်း ကို အောက်သို့လွတ်မကျအောင် ကိုင်နိုင်ခဲ့ပါတယ်။လူတိုင်း ကျရှုံးဖူးပါတယ်။ လဲလျင် ပြန်ထိ အဲဒါဘ၀။ သင်တကယ်အောင်မြင်ချင်တယ်ဆိုလျင် အကြိမ်ပေါင်းများစွာ ကြိုးစားလိုက်ပါ။ နောက်ဆုံးမှာ သင်မုချ
အောင်မြင်ပါလိမ့်မည်။အယ်ဒီဆင်တောင် မီးသီးတစ်လုံးအလင်းရဖို့ အကြိမ်ပေါင်းတစ်သောင်းခန့် ကြိုးစားခဲ့ရပါတယ်။


၂။ လိုက်လျောညီထွေမှု ရှိပါစေ

သင် ဒီနည်းလမ်နှင့် ကြိုးစားလို့ မအောင်မြင်လျင် ပထမနည်းလမ်းကို ဘာကြောင့်မအောင်မြင်တာလဲ
ပြန်လည်သုံးသပ်ပြီး နောက်တစ်ကြိမ်ပြန်လည်ကြိုးစားလိုက်ပါ။နည်းလမ်းတစ်ခုမှာ ဘယ်လိုအားနည်းချက်
တွေ ရှိခဲ့တယ်ဆိုတာ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်လိုက်ပါ။


၃။ အောင်မြင်မယ်လို့ ယုံကြည်စိတ်အပြည့်နဲ့လုပ်ပါ

အယ်ဒီဆင်ကိုယ်တိုင်ပင်လျင် လျှပ်စစ်မီးသီးကို ရရှိဖို့ အကြိမ်ပေါင်း ၁ထောင်ခန့် မဆုတ်မနစ် ကြိုးစားရ ပါတယ်။ “ ကျွန်တော့်ကို လူတွေက အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း ဘာလို့ မီးသီးအောင်မြင်
အောင် မလုပ်နိုင်သေးတာလဲလို့ လှောင်ပြောင်ရင် ကျနော်ပြန်ပြောလိုက်တဲ့ လက်သုံးစကားက
တော့ ကျနော် မအောင်မြင်တာ မဟုတ်ပါဘူး၊ မီးလုံးကို တီထွင်ရာမှာ အလုပ်မဖြစ်တဲ့ နည်းလမ်းတွေ ကို တွေ့ရှိခဲ့တာပါ”
လို့ ပြောခဲ့ပါတယ်။ အောင်မြင်မှုပါရမီဆိုတာ ကြိုးစားအားထုတ်မှု ၉၉ရာခိုင်နှုန်း၊ စိတ်ကူးကောင်းခြင်း ၁ရာခိုင်နှုန်း ပေါင်းစပ်ထားပါတယ်လို့ အယ်ဒီဆင်က ဆိုပါတယ်။


၎။ လေ့လာခြင်းကို မရပ်တန့်လိုက်ပါနဲ့

မအောင်မြင်သေးတဲ့လူတစ်ချို့ဟာ ကိုယ့်ကိုကိုယ် စိတ်ဓာတ် ကျလေ့ ရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ အောင်မြင်အောင် ဘယ်လိုကြိုးစားရမယ်၊ပန်းတိုင်ကို ရောက်အောင် ဘယ်လိုသွားရမယ် ဆိုတာကို မသိကြသေးလို့ပါ။သင် ကိစ္စတစ်ခုကို အောင်မြင်အောင် မစွမ်းဆောင်နိုင်ရင် ဘာကြောင့် ကျရှူံးရတယ်ဆိုတာ ပြန်လည် သုံးသပ်လိုက်ပါ။ ပြီးရင် အမှားကို ပြင်ဆင်ပြီး နောက်တစ်ကြိမ် ထပ်ကြိုး စားလိုက်ပါ။ သင်တစ်ကယ်အောင်မြင်ချင်တယ်ဆိုရင်တော့ ပညာရပ်တွေကို ဆက်လက်လေ့လာ ရပါမယ်။ လေ့လာခြင်းကို ရပ်တန့်လိုက်ပြီဆိုတာနဲ့ ကျရှုံးမှုလမ်းကြောင်း စတင်နေပြီလို့ မှတ်ယူထား လိုက်ပါ။


၅။ စိတ်ဓာတ်ကြံ့ခိုင်ပါ

ပတ်ဝန်းကျင်က လူတွေဟာ သင့်ကို အပြစ်ရှာကဲ့ရဲ့မယ်၊ လှောင်ပြောင်မယ်၊ သိက္ခာချမယ်၊ မင်းကို
ငြင်းပယ်မယ်ဆိုရင်တောင် သင် စိတ်ဓာတ်မကျဘဲ ခံနိုင်ရည်ရှိရပါမယ်။ သင် မအောင်မြင်ခင်မှာ
တော့ အခက်အခဲ၊အတားအဆီးအများကြီး ရင်ဆိုင်ရပါမယ်။သင် တကယ်အောင်မြင်ချင်တယ်ဆိုရင်တော့ မအောင်မြင်ခင် ပြိုလဲမသွားအောင် စိတ်ဓာတ်ကြံခိုင်ဖို့ အရေးကြီးပါတယ်။ အောင်မြင်ဖို့အတွက် အချိန်တွေ၊ သည်းခံမှုတွေ စတေးရပါတယ်။ သင် အောင်မြင်ဖို့ အချိန်တွေအများကြီးပေးဆပ်နေရပေမယ့် ချက်ချင်း
အောင်မြင်ဖို့ မလွယ်ပါဘူး။ ချက်ချင်း မအောင်မြင်နိုင်ဘူးလို့ ကျနော်ဆိုလိုတာ မဟုတ်ပါဘူး၊ကောက်ရိုး မီး သဖွယ် တဟုန်ထိုးအောင်မြင်တာကရေရှည်အတွက် မကောင်းပါဘူး၊ကျနော်လည်း အခုလို့ သန်းကြွယ် သူဌေးတစ်ယောက်ဖြစ်ဖို့ ၁၀နှစ်ကျော်ကြာအောင် အချိန်တွေပေးခဲ့ရလို့ပါ။

အားလုံး အောင်မြင်ကြပါစေ
www.2knowmyself.com မှ M.Farouk Radwan ၏ 5 tips that can make you more successful ကို ဘာသာပြန်ပါတယ်။

Myanmar Knowledge Bank မှ
https://www.facebook.com/myanmarknowledgesharer/

No comments:

Powered by Blogger.