ထူးထူးဆန်းဆန်း အိမ်မွေးတိရစ္ဆာန်လေး
လူအများစုဟာ အိမ်မွေးအချစ်တော်လေးတွေကိုမွေးတဲ့အခါ ခွေး ၊ ကြောင်များကိုသာ အဓိက
မွေးတတ်ပါတယ်။ ဒါပေမယ့် တချို့သူတွေကတော့ ထူးထူးဆန်းဆန်းအကောင်တွေကိုမွေးမြူတတ် ကြ
ပါတယ်။Astya Lemur ဆိုသူလေးကတော့ သူ့ရဲ့အိမ်မွေးတိရစ္ဆာန်အဖြစ် ဖွတ်ကလေး တစ်ကောင် ကို မွေးမြူထားပါတယ်။ သူမကတော့ ဒီအကောင်လေးကို အရမ်းချစ်တယ်လို့ ဆိုပါတယ်။
ဖွတ်ကလေးရဲ့နာမည်ကို Manuel ဖြစ်ပါတယ်။ သူဟာ သူ့သခင်ရဲ့အသံကို နားလည်ပြီးတော့ အစာစားချင်လို့ ၊ ရေချိုးချင်လို့ စတဲ့အမူအရာတွေကိုလည်း လုပ်ပြတတ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ နားနောက်ဘက်ကို သခင်ဖြစ်သူက ပုတ်ပေးတာကို အလွန်နှစ်သက်တဲ့အပြင် ရေချိုးကန်ထဲ မှာ ရေကူးတာကိုလည်း အလွန်နှစ်သက်ပါသတဲ့။ ကျွန်တော်တို့အတွက်တော့ လန့်စရာ ဒီအကောင်လေးဟာ သခင်ဖြစ်သူအတွက်တော့ အလွန့်အလွန်ချစ်စရာကောင်းပါသတဲ့။
#သုတဇုန်









No comments: