ရှူးဖိနပ် အရံ ၁၆၀ ကို အနံ့အသက် စွဲလန်းမှုကြောင့် ခိုးခဲ့တဲ့ အမျိုးသား
တရုတ်နိုင်ငံရဲ့ ဟိုဘေပြည်နယ်မှာ အသက် ၃၃ နှစ်ရွယ် အမျိုးသားတစ်ဦးကို အမျိုးသမီးစီး ရှုးဖိနပ်တွေ ခိုးယူမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ သူခိုးယူခဲ့တဲ့ ဖိနပ်အရံပေါင်း ၁၆၀ ရှိပြီး ခုလို ခိုးယူတာဟာ သူ့ရဲ့ အနံ့အသက်စွဲလန်းစိတ်ကြောင့်ပါတဲ့။
ဒါဂို ကောင်စီ ရဲအရာရှိတွေက သံသယရှိသူ Yang ဆိုသူရဲ့ နေအိမ်မှာ အနည်းဆုံး အမျိုးသမီး ရှူးဖိနပ် အစုံ ၁၆၀ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နောက် Yang အနေနဲ့ ဒီ ရှူးဖိနပ်က အနံ့အသက် ရှူရှိုက်ရတာ သဘောကျစွဲလန်းနေကြောင်း ဝန်ခံခဲ့ပါတယ်။
အခုနှစ် ဖေဖော်ဝါရီလကတည်းက ခရိုင်ရဲအာဏာပိုင်တွေက အမျိုးသမီးတွေရဲ့ ရှူးဖိနပ်များ အလစ်သုတ် ခံရခြင်းနဲ့ ပတ်သက်ပြီး အမှုတွေလိုက်နေခဲ့တာ ဖြစ်ပါတယ်။ အခိုးခံရတဲ့ ဖိနပ်တွေအားလုံး လမ်းဘေး စင်္ကြံမှာ လှန်းထားခဲ့ကြတာချည်း ဖြစ်ပါတယ်။ နောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုကို စတင်ဆောင်ရွက် ခဲ့ပါတယ်။ ဧပြီ ၁၈ ရက်နေ့မှာ Yang ကို ပစ်မှတ်ထားခဲ့ပါတယ်။ သူ နောက်ထပ် ရှူးဖိနပ် (၁) ရံ ခိုးခါနီးအချိန်မှာပဲ ရဲတပ်ဖွဲ့က သူ့အပြုအမူကို ရိပ်မိပြီး ချက်ချင်း ဖမ်းဆီးလိုက်နိုင်တာပဲ ဖြစ်ပါတယ်။
Trend Myanmar

No comments: