ကြင်နာတတ်တဲ့ ရဲအရာရှိ
အသက် ၁၃ နှစ်အရွယ် Cameron Simmons ဆိုတဲ့ကောင်လေးဟာ သူ့မိခင်နဲ့ စကားများပြီးနောက် ရဲစခန်း ကို ဖုန်းဆက်ခဲ့တဲ့အတွက် ဘာဖြစ်မှန်းမသိတာကြောင့် ရဲအရာရှိ Gaetano Acerra ဟာ ကောင်လေးရှိရာကို ချက်ချင်းသွားခဲ့ပါတယ်။
ရဲအရာရှိကို ကောင်လေးက " သူတို့ ဟာဆင်းရဲတဲ့အတွက် အိပ်ယာလည်း မရှိတာကြောင့်ကြမ်းပြင်ပေါ်
အိပ်ရပါတယ် ၊ စားပွဲလည်းမရှိ တာကြောင့် အိမ်စာတွေကို ကြမ်းပြင်ပေါ်မှာပဲ လုပ်ရပါတယ် ၊ ဒီအတွက် သူဒီအိမ်မှာ မနေချင်တော့ဘူး ၊ သူ့အမေနဲ့ စကားများတာလည်း ဒီကိစ္စကြောင့်ဖြစ်ပါတယ်" လို့ သူ့ဘ၀အကြောင်းကို ရင်ဖွင့်ပါတယ်။ ရဲအရာရှိလည်း ကောင်းလေးကို နှစ်သိမ့်ပြီးပြန်သွားခဲ့ ပါတယ်။
ကောင်လေးကလည်း ကလေးပီပီသူ့စိတ်ထဲရှိတာပြော လိုက်ရတဲ့အတွက် ကျေနပ်ပြီး ဒီကိစ္စကို
မေ့ပျောက်သွားပါတယ်။
ဒါပေမယ့် နောက်တစ်ပတ် အကြာမှာတော့ ရဲအရာရှိဟာ ကောင်လေး ရှိရာကို နောက်တစ်ခေါက်ထပ် လာခဲ့ပါတယ်။ ကောင်လေးအတွက် အိပ်ယာ ၊ စားပွဲ နဲ့ တီဗီ တို့အပြင် ဂိမ်းစက်တစ်လုံးပါ ယူလာခဲ့ပါတယ်။ မမျှော်လင့်ထားတဲ့အတွက်ကောင်လေးလည်း အတော်ဝမ်းသာသွားပါတယ်။ ရဲအရာရှိကတော့"ကျွန်တော်ဒါကို လုပ်တာနာမည်ကြီးချင်လို့မဟုတ်ပါဘူး၊ စိတ်ထဲကဒါကိုလုပ်သင့်တဲ့ အလုပ်ထင်လို့ လုပ်လိုက်ခြင်းဖြစ်ပါတယ်" လို့ ဆိုပါတယ်။
လောကကြီးမှာ အချို့က ရယူဖို့ချည်း ကြိုးစားနေပေမယ့် အချို့ကတော့ ပေးဆပ်ဖို့ သင်ယူနေ ပါတယ်။





No comments: