ကြိုးစားမှုလေလား နှိပ်စက်မှုလေလား တရုတ်အားကစား


တရုတ်ဟာ အခြားနေရာတွေမှာလည်း တိုးတက်နေသလို အားကစားမှာလည်း ထိပ်တန်းအဆင့် ရှိတဲ့ နိုင်ငံတစ်ခု ဖြစ်ကြောင်း အားလုံးသိကြမှာပါ။ ဒီလိုကြိုးစားမှုရဲ့ နောက်ကွယ်မှာ ပြင်းထန်တဲ့
လေ့ကျင်မှုတွေရှိနေပါတယ်။



Shichahai မြို့ဟာ တရုတ်အားကစားသမားတွေကို အဓိကမွေးထုတ်ပေးတဲ့ မြို့ပါ။ ဒီမြို့က သင်တန်း
ကျောင်းမှာ ၆ နှစ်ကနေ ၁၈ နှစ်အတွင်း သင်တန်းသား ၆၀၀ လောက်ဟာ အချိန်ပြည့်လေ့ကျင့်ရပါတယ်။ တစ်ပတ်မှာ ၆ ရက် ၊ ၁ရက်မှာ ၈နာရီ အပြင်းအထန် လေ့ကျင့်ရပါတယ်။ တချို့ကလေးတွေဆို အရွယ်နဲ့ မမျှတဲ့ လေ့ကျင့်မှုတွေကို လေ့ကျင့်နေ ရပါတယ်။ တချို့ကလေးတွေဆို မလုပ်နိုင်တဲ့အတွက် ငိုယိုအော်ဟစ်
နေကြရပါတယ်။ ကလေးအများစုဟာ ဆင်းရဲတဲ့အတွက်ကြောင့် မလုပ်ချင်ပေမယ့် လုပ်နေကြရခြင်း
ဖြစ်ပါတယ်။





ဒီလို လေ့ကျင့်မှုကြောင့်လည်း တရုတ် ရွှေတံဆိပ်ပိုင်ရှင် အများအပြားဟာ ဒီမြို့ကထွက်တာ များပါတယ်။ အားကစားမှာ အောင်မြင်မှုအတွက် နိုင်ငံကို ဂုဏ်တက်စေခဲ့ပေမယ့် ကစားသမားတွေ အတွက်တော့ မကောင်းခဲ့ပါဘူး။ အားကစားကို အချိန်ပြည့်လေ့ကျင့်ခဲ့ရတာကြောင့် အနားယူစဉ်မှာ အခြားအလုပ်လည်း မလုပ်တတ်တော့ ၊ နိုင်ငံကလည်းပြည့်ပြည့်၀၀ မထောက်ပံ့တော့တာကြောင့် ဆင်းရဲခြင်း နဲ့ အလုပ်လက်မဲ့ တို့ကိုဖြစ်စေပါတယ်။ အဆိုးဆုံးကတော့ ငယ်စဉ်က အရွယ်နဲ့မမျှပြင်းထန်တဲ့လေ့ကျင့်မှုဒဏ်တွေ ဟာ ကြီးမှစုပြုံထိုးနှက်လာတာပါ။ အနားယူသွားတဲ့ တရုတ်ကစားသမား ၈၀% လောက်ဟာ ငယ်စဉ်က
လေ့ကျင့်ခဲ့တဲ့ ဒါဏ်တွေကြောင့် ကျန်းမာရေးပြသနာတွေကိုရင်ဆိုင်နေရပါတယ်။






#သုတဇုန်

No comments:

Powered by Blogger.