မှတ်ဥာဏ်တိုးတက်စေဖို့ နည်းလမ်း(၇)သွယ်


လူတွေရဲ့ လူနေမှုဘ၀မှာ အသက်နဲ့ ခန္ဓာမြဲနေရုံနဲ့ ပြီးပြည့်စုံတာ မဟုတ်ပါဘူး။ အနာရောဂါကင်းရှင်းခြင်း၊ ကျန်းမာသက်ရှည်ခြင်း၊ စိတ်ချမ်းချမ်းသာသာနဲ့ နေရခြင်းတို့ဟာလည်း ဘ၀ရဲ့ နေပျော်ဖွယ် အဓိပ္ပါယ်ကို
ပြည့်စုံအောင်ဖွင့်ဆိုဆိုပေးပါလိမ့်မယ်။ အဲဒီအထဲမှာ အရေးကြီးတဲ့အချက်တစ်ခုအဖြစ် မှတ်ဉာဏ်
ကောင်းခြင်း၊ သာမာန်အကြောင်းအရာလေးတွေသော်မှ ဦးနှောက်က မေ့ပျောက်မှုမရှိဘဲ မှတ်မိနေနိုင်ခြင်းဟာလည်း ပါဝင်ပါလိမ့်မယ်။ ဒါကြောင့် Shwemomပရိသတ်ကြီးအတွက်မှတ်ဉာဏ်ကို
တိုးတက်စေဖို့ နည်းလမ်း (၇) မျိုးကို လက်ဆင့်ကမ်းလိုက်ပါတယ်။

(၁) သန့်ရှင်းလတ်ဆက်တဲ့ အစားအစာကို စားပါ
လူတွေရဲ့ အသက်၊ ခန္ဓာရည်တည်မှုမှာ အစာအဟာရဟာ အရေးပါပါတယ်။ မသန့်ရှင်းတဲ့ အစားအစာတွေ စားမိရင် မဖြစ်သင့်တဲ့ ရောဂါတွေဖြစ်မယ်၊ ဒါက လက်တွေ့ကျပါတယ်။ ဒီလိုပဲ အစားအစာတွေဟာ ဦးနှောက်ဆဲလ်တွေ ဖွံ့ဖြိုးမှုကိုအနေနှာက်အယှက်မပေးနိုင်တဲ့ အစားအစာ၊ အသီးအနှံတွေကို ရွေးချယ်စားသောက်ပါ။

(၂) ဦးနှောက်ကို အလုပ်ပေးပါ
လူကိုလည်း အစာကျွေးသလို ဦးနှောက်ကိုလည်း အစာကျွေးရပါတယ်၊ နားချိန်တန် နားပေး၊ မှတ်ချိန်တန် မှတ်ပေး ပုံမှန်အလုပ်တွေ လုပ်ပေးပါမှ ဦးနှောက်ကလည်း ကျန်းမာပါတယ်။ ဦးနှောက်ကို အလုပ်ပေးတဲ့နေရာမှာ အကောင်းဆုံးကတော့ စာဖတ်ခြင်းပါဘဲ။ နောက် ဂိမ်း၊ ပဟေဠိစတာတွေကိုလည်း သင့်တော်သလို ကစားပေးရပါတယ်။

(၃) ကာယလေ့ကျင့်ခန်း လုပ်ပါ
ခန္ဓာကိုယ်ကြီးတစ်ခုလုံးဟာ တစ်ခုနဲ့တစ်ခု မှီတည်ထောက်ပံ့ထားပါတယ်။ ကာယမကျန်းမာရင် စိတ္တလည်း မချမ်းသာနိုင်ပါ။ ဒီတော့ ကာယကျန်းမာဖို့ အစားတွေချည် စွတ်စားနေလို့ မဖြစ်ပါ။ သန်မာကြံ့ခိုင် ဖို့အတွက် ကာယလေ့ကျင့်ခန်းလေးတွေ လုပ်ပေးရပါတယ်။ ဒါဟာ စိတ်ဖိအားကိုလည်း လျှော့ကျစေလို့ ဦးနှောက်ကိုပါ ကျန်းမာစေပါတယ်။

(၄) အိပ်ချိန်လုံလောက်ပါစေ
အိပ်ချိန်မလုံလောက်ခြင်းဟာ စိတ်ဖိအားတွေကိုလည်း တစ်ဖြည်းဖြည်း တိုးပွားစေပါတယ်။ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာမကျန်းမာမှုကိုလည်း ဖြစ်စေပြီး ဦးနှောက်မှတ်ဉာဏ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

(၅) ဖိအားတွေကို ရှောင်ပါ
စိတ်ဖိအားကို ဖြစ်စေနိုင်တဲ့ အပြုအမူ၊ အပြောအဆို ပဋိပက္ခ၊ ပြဿနာရပ်တွေကို ရှောင်ပါ။ ကြုံလာရင်လည်း ရဲရဲရင်ဆိုင်ဖြေရှင်းပါ။

(၆) အလုပ်တွေ မနိုင်မနင်းမလုပ်နဲ့
အချို့က ပိုက်ဆံရှိရင် ပိုက်ဆံရှိသလောက် စီးပွားရေးကို တိုးချဲ့ကြပါတယ်။ ဒါဟာ စီးပွားရေးအရ
အောင်မြင်ချင် အောင်မြင်မှာပါ။ ဒါပေမယ့် ပြဿနာပေါင်းစုံကို စဉ်းစားရပါများလာတဲ့ ဦးနှောက်ဟာ မကျန်းမမာဖြစ်လာတတ်ပါတယ်။ ရုံးလုပ်ငန်းလို နေရာမျိုးမှာလည်း တစ်ယောက်တည်း အများကြီးကိုင်တွယ် ဖြေရှင်းရရင် ကြာတော့ ဦးနှောက်ခြောက်တယ်ဆိုတာ ဖြစ်လာတတ်ပါတယ်။

(၇) ရယ်ပါ … များများရယ်ပါ
ရယ်ခြင်းဟာ အသက်ကို ရှည်စေပါတယ်၊ ဉာဏ်ပွင့်စေတယ်၊ ဦးနှောက်ဖွံ့ဖြိုးမှုကို အချိန်တိုအတွင်း
ဖြစ်စေတယ်၊ ဦးနှောက်ကို ကျန်းမာစေပါတယ်။

နတ်စည်တော် (Shwemom)
shwemom.com


No comments:

Powered by Blogger.