ဘောင်းဘီမ၀တ်တတ်လို့ ရဲစခန်းကို ဖုန်းဆက်ခဲ့တဲ့ကလေးမလေး


ကာရိုလိုင်းနားက အသက် ၂ နှစ် အရွယ်ကလေးမလေးဟာ ရဲစခန်းဖုန်း နံပါတ် ၉၁၁ ကို အရေးဖော် ဖုန်းဆက်ခဲ့တာကြောင့် ရာအရာရှိက ၀န်ထမ်းတွေကို လွှတ်ပေးခဲ့ပါတယ်။

ရဲတွေ ရောက်သွားတော့ ဘောင်းဘီတ၀က်ပဲ ၀တ်ထားရသေးတဲ့ ကလေးမလေးက အိမ်တံခါးဝကို ထွက်လာပြီး ဘောင်းဘီဝတ်လို့ မရကြောင်းပြောတဲ့အတွက် ရဲဝန်ထမ်း အမျိုးသမီးက ၀တ်ပေးခဲ့ပါတယ်။ ပြီးတော့ သူ့ကို ဖက်ထားပေးခိုင်းထားတာကြောင့် ဖက်ထားပေးခဲ့ ရပါသေးတယ်။

ဒါဟာ အရေးဖော်ကိစ္စမဟုတ်ပေမယ့် ရဲဝန်ထမ်းတွေက ကောင်မလေး အပေါ် အပြစ်မမြင်ကြပါဘူး။ အရေး
ဖော်တစ်ခုခုဖြစ်တဲ့အခါ ရဲစခန်းကို ဆက်ရမယ့် ဖုန်းနံပါတ်ကို ခေါ်တတ်နေတာနဲ့တင် အထင်ကြီးဖို့ကောင်း
ပါတယ် လို့ ဆိုပါတယ်။

ရဲစခန်းကို ဖုန်းဆက်ဖို့ ၉၁၁ ကို ဘာလို့ခေါ်ရလဲလို့ ကောင်မလေးကိုမေးတဲ့အခါ သူ့မ မိခင်က အရေးဖော် တစ်ခုခုဖြစ်ရင် ၉၁၁ ကို ဆက်ရမယ်လို့ သင်ပေးထားတာကြောင့် ခုလိုဆက်ရတာပါ လို့ဖြေသွားပါတယ်။
သူမစိတ်ထဲမှာ ဘောင်းဘီဝတ်လို့ မရတာကို အရေးဖော်ကိစ္စလို့ ထင်သွားဟန်တူပါတယ် :)

#သုတဇုန်
fb.com/thutazone
www.thutazone.com

No comments:

Powered by Blogger.