ဘွဲ့ ၂၄ ခု ပိုင်ဆိုင်တဲ့ ကမ္ဘာ့ဘွဲ့အများဆုံးသူ
လူတစ်ယောက် ဘွဲ့ ၃ ခုလောက်ရရင်ပဲ တော်တော်များတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် အင်ဒိုနီးရှားက ၀ယ်လင်ကူစူမား ဆိုသူကတော့ အသက် ၃၅ နှစ် အတွင်း ဘွဲ့ပေါင်း ၂၄ ခု ကို ယူပြနိုင်ခဲ့ပါတယ်။
ဒီလို ဘွဲ့ပေါင်း ၂၄ ခုကို ရဖို့အတွက် ၁၅နှစ်တိုင်တိုင် နေ့စဉ်နီးပါး မနက်၇ နာရီကနေ ည ၁၀ နာရီ အထိကျောင်းတွေ ဆက်တိုက်ပြေးလွှားတက် ခဲ့ရတယ်လို့
ဆိုပါတယ်။ သူ့ရဲ့ပင်ကိုယ်ဥာဏ်ကလည်း အမျိုးမတူတဲ့ သင်ခန်းစာတွေကို
တပြိုင်နက်ကောင်းစွာ သင်ယူနိုင်တဲ့အပြင် ပိုက်ဆံတတ်နိုင်သူ
တစ်ယောက်ဖြစ်ခြင်းကြောင့်လည်း ဒီလို ဘွဲ့ပေါင်းများစွာကို
ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပိုပြီးလေးစားဖို့
ကောင်းတာက သူယူခဲ့တဲ့ဘွဲ့တွေထဲမှာ ဒီပလိုမာဘွဲ့တွေအပြင် အချိန်ပေးပြီးကြိုးစားရတဲ့ Bachelor ဒီဂရီ ၈ခုနဲ့ Master ဒီဂရီ ဘွဲ့ ၃ခုပါဝင်နေတာပါပဲ။
ကောင်းတာက သူယူခဲ့တဲ့ဘွဲ့တွေထဲမှာ ဒီပလိုမာဘွဲ့တွေအပြင် အချိန်ပေးပြီးကြိုးစားရတဲ့ Bachelor ဒီဂရီ ၈ခုနဲ့ Master ဒီဂရီ ဘွဲ့ ၃ခုပါဝင်နေတာပါပဲ။
သူ့ရဲ့ဘွဲ့တွေဟာ စီးပွားရေး ၊ စီမံခန့်ခွဲမှု ၊ ငွေကြေး အခွန် ဆိုင်ရာဘွဲ့တွေ အပြင် ဥပဒေ နဲ့ အင်ဂျင်နီယာ ဘွဲ့တွေလည်း ပါဝင်နေပါတယ်။ သူဟာ ဆက်လက်ပြီး ကျောင်းဆက်တက်ဦးမလား ဆိုတောကတော့ မသိသေးပါ ဘူး။ တကယ်လို့ သူမင်္ဂလာဆောင်ရင်တော့ အတော်ခက်ခဲမှာပါပဲ ။ ဘာလို့လဲ ဆိုတော့ ဖိတ်စာပုံမှန်ရိုက်မယ်ဆိုရင် သူ့နာမည် ၀ယ်လင် ကူစူမား နောက်ကနေ ST,SE, S.Sos , Kom , SS , SAP , S.Stat , S.Akt, MT, MSM, Mkn, REP-l, CPBD, CPPM , CFP , Aff.WM , BKP , QWP , CPHR , ICPM , AEPP , CBA , CMA စတဲ့သူ့ဘွဲ့တွေကို ထည့်သွင်းရေးသားရမှာ ဖြစ်လို့ပါပဲ :)
#သုတဇုန်
fb.com/thutazone
www.thutazone.com


No comments: