ဒီရောဂါလက္ခဏာ ရှိနေပါက အထူးဂရုစိုက်ပေးဖို့လို
ခန္ဓာကိုယ်မှ တစ်စုံတစ်ခု သိပ်မဟန်ဖြစ်တိုင်း လက္ခဏာတွေ သတိပေးပြီး အဲဒါတွေကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ် ချို့တဲ့တာ လူတွေ အမေ့တတ်ဆုံးအချက်တွေထဲက တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ယင်းလက္ခဏာတွေကို သေချာ ဂရုမစိုက်လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီချို့တဲ့မှုတွေဟာ အစောပိုင်းကတည်းက ထင်ရှားတဲ့လက္ခဏာတွေ အမြဲတမ်း ဖြစ်ပေါ်ပြီး မိမိအနေနဲ့ ရှာဖွေတတ်ဖို့သာ လိုပါတယ်။
နှုတ်ခမ်းထောင့် အက်ကွဲ ဖူးသလား။ ဖြစ်ဖူးပါက အောက်ပါချို့ယွင်းမှုတွေ ခံစားကောင်း ခံစားခဲ့ပါလိမ့်မယ်။
· Vitamin B ချို့တဲ့ခြင်း
· နှုတ်ခမ်းပျက်စီးစေတဲ့ အစာခြေ အက်ဆစ်ထုတ်လုပ်မှု များလာခြင်းကြောင့် အစာအိမ်ရောဂါခံစားရခြင်း
· သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဖြစ်ပွားခြင်း
· ဆီးချိုရောဂါဖြစ်ပွားမှု အန္တရာယ်ဖြစ်နိုင်ခြေရှိခြင်း
ဒီရောဂါလက္ခဏာကို သတိထားမိပါက လွယ်ကူစွာ ဖြေရှင်းနိုင်ကြောင်း သိထားသင့်ပါတယ်။ မိမိပုံမှန်စားသုံးတဲ့ အစားအစာကို ပြင်ဆင်ပြီး အသား၊ ဒိန်ချဉ်၊ တရုတ်ဆီးသီးခြောက်၊ ကညွတ်နဲ့ ပဲတွေ ပိုမိုမှီဝဲစားသုံးပေးဖို့ လိုအပ်ပါတယ်။ ဒီအစားအစာတွေကို ဗီတာမင်-စီ ကြွယ်ဝတဲ့ အစားအစာတွေနဲ့ ပေါင်းစားခြင်းက မှန်ကန်တဲ့ လမ်းကြောင်းပေါ် ပြန်ရောက်စေပါလိမ့်မယ်။
Trend Myanmar

No comments: