ဘယ်စကားကို ဘယ်လိုသုံးသလဲ



ကျွန်တော်တို့ အရပ်ထဲမှာ စကားပြောတဲ့အခါ ရိုးရိုးမပြောပဲ အစားထိုးပြောလေ့ရှိပါတယ်။ စကားနည်းတဲ့ကောင်ကို တေမိ ၊ ကျေးဇူးရှင်ပြစ်မှားတဲ့သူကို ဒေ၀ဒတ်လိုကောင် ၊ ပြည့်တန်ဆာ ဆိုရင် ညမွှေးပန်း စသည်ဖြင့်ပေါ့။ ဒီလိုသုံးလေ့ရှိတဲ့ စကားလေးတွေကို ဗဟုသုတ အဖြစ်ဖော်ပြလိုက်ပါတယ်။

နာမ်ပုဒ်များ
ဒေ၀ဒတ်ကျေးဇူးရှင် ပြစ်မှားသူ
တေမိနှုတ်နည်းသူ
စူစကာအစားကျူးသူ
မဟော်သဓာဉာဏ်ကြီးသူ
ဝေဿန္တရာအလှူရက်ရောသူ
ဇောတိကချမ်းသာသူ
မာတင်္ဂအတောင်းအရမ်းထူသူ
အဇာတသတ်မိဘစော်ကားသူ
ဝေဿကာရကုန်းခေါ်သူ
ဦးပုညအခါပေးသူ
အညှာအချက်အချာဖြစ်သူ
လေအိုးစကားပြောလွန်းသူ
ပိဋကတ်အိုးကွဲပညာရှိဟန်ဆောင်သူ
ခဲမူးစေ့အပြစ်မကင်းစင်သူ
ခြကောင်မိမိပိုင်သောပစ္စည်း စားသုံးဖျောက်ဖျက်သူ
လောက်ကောင်သစ္စာဖောက်သူ
ဂြိုဟ်ကောင်အနှောင့်အယှက်ပေးသူ
ကပ်စေးနဲစေ့ပွတ်စေးနဲသူ
အခြောက်မိန်းမရှာ
ညမွှေးပန်းပြည့်တန်ဆာ

 ကြိယာပုဒ်များ
ကြာခိုသည်ဖောက်ပြန်သည်
ကြိုးကိုင်သည်ဦးစီးချယ်လှယ်သည်
ကောက်သင်းကောက်သည်အပြီးသတ်စုသိမ်းသည်
ကျွဲမြီးတိုသည်စိတ်ဆိုးသည်
ခေါင်းပုံဖြတ်သည်ဖြတ်လျှပ်စားသည်
ခြေရာတိုင်းသည်တုနှိုင်းသည်
ခြံခုန်သည်နယ်ပြောင်းသည်
ချွတ်နင်းသည်တိတ်တဆိတ်ဝင်သည်
ပလ္လင်ခံသည်တင်ကြို စကားခင်းသည်
စခန်းသွားသည်လုပ်ဆောင်သည်
စက်ပုန်းခုတ်သည်လျှို့ဝှက်လုပ်သည်
စန်းပွင့်သည်ချစ်ခင်သူပေါသည်
ဇော်ဆွဲသည်ထူးချွန်သည်

ကြိယာဝိသေသနပုဒ်များ
အိတ်သွန်ဖာမှောက်အလုံးစုံ
မျောက်သစ်ကိုင်းလွတ်မှီခိုမဲ့စွာ
လိပ်ခဲတဉ်းလဉ်းမပြီးမပြတ်ဘဲ
ကရွတ်ကင်းလျှောက်မဆုံးနိုင်ဘဲ
တောင်စဉ်ရေမရအစီအစဉ်မရှိ
ခရေစေ့တွင်းကျအသေးစိတ်လျက်
ကရားရေလွှတ်သွက်လက်စွာပြောခြင်း
အမျှင်မပြတ်တဆက်တည်း
ရေလာမြောင်းပေးမြှူးကမ်းလမ်းကြောင်းလျက်
ချီတုံချတုံမပြတ်မသားဘဲ
မီးလောင်လေပင့်မြှောက်ပင့်လျက်
ကွင်းလုံးကျွတ်လုံးဝ
မတုန်တက်သေးမလှုပ်မရှားဘဲ

မြန်မာ့သွေး ဘလော့မှ

No comments:

Powered by Blogger.