အန္တရာယ်ရှိတဲ့ Slow Down နေရာတွေမှာ 3D ပန်းချီကို အသုံးချမယ့် အိန္ဒိယ
သေချာတာကတော့
Slow Down နေရာရောက်တော့မယ် ဆို အရှိန်ကိုလျှော့ချပါလိမ့်မယ်။ ဒါပေမယ့်
တစ်နိုင်ငံလုံး အနှံ့ Slow Down တွေလိုက်လုပ်ရရင်လည်း ကုန်ကျစရိတ်က
အတော်များမှာ
ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယ ပို့ဆောင်ရေးဝန်ကြီး Nitin Gadkari ဟာ ခေတ်စားလာတဲ့ 3D ပန်းချီကို အသုံးချလိုက်တာပဲ ဖြစ်ပါတယ်။
အန္တရာယ်ရှိတဲ့နေရာတွေမှာ
3D ပုံစံ Slow Down တွေကို အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်။ ပုံမှန်ထက်
ရုပ်လုံးပိုကြွနေတဲ့ ဒီ 3D တွေကိုမြင်ရင် ယာဉ်မောင်းသူတွေဟာ
အရှိန်ကိုလျှော့ချကြ မှာပဲ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်
ကုန်ကျစရိတ်သက်သာစေသလို ယာဉ်မတော်တဆမှုများကို လည်း လျှော့ချပေးနိုင် မှာလည်းဖြစ်ပါတယ်။ အိန္ဒိယဟာ ကမ္ဘာ့ယဉ်မတော်တဆမှု အများဆုံးနိုင်ငံထဲက တစ်နိုင်ငံဖြစ်တာကြောင့်
ဒီနည်းလမ်းဟာ အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ၀န်ကြီးက ဆိုပါတယ်။
ဒီနည်းလမ်းဟာ အသုံးဝင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ၀န်ကြီးက ဆိုပါတယ်။
#သုတဇုန်
#သုတဇုန်
fb.com/thutazone



No comments: