ကမ္ဘာ့အမြင့်ဆုံးရုပ်တု(၅)ခု

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ကမ္ဘာ့အံ့ဖွယ်တွေ အများကြီး ရှိပါတယ်။ အချို့နေရာများမှာ စာရင်းမှတ်တမ်းမ၀င်သေးပေမယ့် အချို့အရာတွေကတော့ မှတ်တမ်းဝင်နေခဲ့ပါတယ်။ အဲဒီအထဲမှာ ရွှေတိဂုံစေတီတော်၊ မင်းကွန်းခေါင်းလောင်းကြီး၊ ကျိုက်ထီးရိုးစေတီတော် စသည်တို့ဟာ ကမ္ဘာ့အံ့ဖွယ် စာရင်းဝင်တွေ ဖြစ်ပါတယ်။ အခု ကမ္ဘာ့အမြင့်ဆုံးရုပ်တုတွေထဲမှာလည်း မုံရွာမြို့မှာရှိတဲ့ လေးကျွန်းစကြာရပ်တော်မူဆုတောင်းပြည့် ဘုရားကြီးက ဂုဏ်ယူစွာ ပါဝင်နေ
တာကို တွေ့ရပါတယ်။ ဒါကြောင့် ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကြီး(၅) ခုရဲ့ အမြင့်ပေ-စတာတွေကို ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်။

(၁) နွေရာသီဗုဒ္ဓဘုရားကျောင်း (တရုတ်)


ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓရပ်တော်မှုဘုရားကျောင်းကြီး ဖြစ်ပါတယ်။ ဉာဏ်တော်အမြင့်ကတော့ 128 မီတာ (419 ပေ၊ 11.37 လက်မ) အမြင့်ရှိပြီး Jiuhua တောင်တန်းပေါ်မှာ အောက်ခံ 25 မီတာ(82) ပေအမြင့်ရှိတဲ့
ပန်းကလပ်ပေါ်မှာ တည်ထားကိုးကွယ်ထားပါတယ်။

(၂) လေးကျွန်းစကြာရပ်တော်မှုဆုတောင်းပြည့်ဘုရားကြီး (မုံရွာ-မြန်မာ)

ဒုတိယအမြင့်ဆုံး ရုပ်တုအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှာ တည်ထားကိုးကွယ်တဲ့
လေးကျွန်းစကြာရပ်တော်မူဆုတောင်းပြည့်ဘုရားကြီးက ရပ်တည်နေပါတယ်။ အမြင့်ကတော့ 116 မီတာ (380 ပေ၊ 6.9 လက်မ) အမြင့်ရှိပါတယ်။2008 ခုနှစ်မှာ အပြီးသက် တည်ဆောက်နိုင်ခဲ့ပြီး မုံရွာမြို့ရဲ့ ကျက်သရေဆောင် ဆင်းတုတော်မြတ်ကြီး ဖြစ်ပါတယ်။

(၃) Ushiku Daibutsu ရုပ်ပွားတော်မြတ်

Ushiku Daibutsu ရုပ်ပွားတော်မြတ်ဟာ ဂျပန်နိုင်ငံမှာ တည်ရှိပါတယ်။ ကျောက်သားစစ်စစ်တွေနဲ့ တည်ဆောက်ထားတယ်လို့ ဖော်ပြခြင်းခံထားရပြီး အမြင့်ပေကတော့ 110 မီတာ (360 ပေ၊ 10.7 လက်မ)အမြင့်ရှိပါတယ်။

(၄) Nanshan Haishang Guanyin

Nanshan Haishang Guanyin ရုပ်တုဟာ တရုတ်ပြည် ဟိုင်နန်ကျွန်းမှာ တည်ရှိတဲ့ ကွာရင်မယ်တော် ရုပ်တု ဖြစ်ပါတယ်။ အဲဒီရုပ်တုဟာ ကရုဏာတရားကို ဖော်ညွှန်းတည်ဆောက်ထားတယ်လို့ သိရပါတယ်။ အမြင့်ပေ 108 မီတာ(354 ပေ၊ 3.9 လက်မ) အမြင့်ရှိပါတယ်။

(၅) အင်ပါယာ Yan နဲ့ Huang ရုပ်တု

တရုတ်သမိုင်းမှာ သြဇာကြီးမားခဲ့တဲ့ မင်းဆက် Yan နဲ့ Huang တို့ဟာ ယခုအချိန်ထိ ၀ိဉာဉ်အဖြစ်နဲ့ တရုတ်ပြည်သူတွေကို ဆက်လက် ဆောင့်ရှောက်နေတယ်လို့ ယူစခဲ့ကြပြီး Yan နဲ့ Huang တို့ရဲ့ ရုပ်တုကို နှစ်ပေါင်း 20 ကြာ တည်ဆောက် ဂုဏ်ပြုခဲ့ကြပါတယ်။ အမြင့်ကတော့ 106 မီတာ ( 347 ပေ၊ 9.2 လက်မ) အမြင့်ရှိပါတယ်။

နတ်စည်တော် (Swhemom)

No comments:

Powered by Blogger.