ဖြစ်နိုင်ချေကို ချိုးဖျက်ပြခဲ့သူ


သူ့နာမည်က Mo Samuels လို့ခေါ်ပြီး အင်္ဂလန်နိုင်ငံ ကွန်ဝေါမြို့မှာနေထိုင်ပါတယ်။ သူ ၁၂ နှစ်သား
လောက်တုန်းက နေမကောင်းဖြစ်တာကနေ အတော်လေးပိန်ချုန်းသွားခဲ့ပြီး ၁၃ကီလိုလောက် အလေးချိန် ကျသွားခဲ့ပါတယ်။ များပြားလှတဲ့ ခွဲစိတ်စစ်ဆေးမှုတွေ အပြီးမှာ သူ့ဆီမှာ lymphodoema လို့ခေါ်တဲ့
ပြင်းထန်တဲ့ အဆစ်ယောင်ယမ်း ရောဂါတစ်ခု ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။ သူဟာ ဒီရောဂါကြောင့် ဘယ်တော့မှ လမ်းလျှောက်နိုင်တော့မှာ မဟုတ်ဘူး ၊ အမြဲအိပ်ယာထဲလဲနေရတော့ မှာလို့ ဆရာဝန်တွေက ခန့်မှန်းလိုက်ပါတယ်။



မှန်ပါတယ်။ ဘာမှမလုပ်ပဲ ဒီအတိုင်းနေသွားရင်တော့ သူဟာဘယ်တော့မှ လမ်းမလျှောက်နိုင်တဲ့ သူ ဖြစ်သွားမှာပါ။ ဒါပေမယ့် Samuel ဟာ ဒီအတိုင်းမနေပါဘူး။ ဆရာဝန်ပြောစကားကို မယုံကြည်သလို တစ်နေ့သူလူကောင်း ပကတိပြန်ဖြစ်ရမယ်လို့ ထင်မြင်နေသူပါ။ ဒီအတွက် သူဟာ Gym ကို သွားတာ
လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်ပါတယ်။ လူကောင်းတစ်ယောက်မဟုတ်တဲ့အတွက် အစပိုင်းမှာတော့ သူခက်ခဲပင်ပမ်းစွာ လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် မလျှော့တဲ့ သူ့ရဲ့ဇွဲစိတ်ဓာတ်က ရောဂါကို အနိုင်ယူသွားနိုင် ခဲ့ပါတယ်။



လမ်းမလျှောက်နိုင်တော့ဘူးလို့ ခန့်မှန်းခံရတဲ့သူဟာ ၂နှစ်အကြာမှာပဲ လမ်းလျှောက်နိုင်ရုံတင်မက ၊သာမန်လူထက် ကျန်းမာသန်စွမ်းတဲ့ ပရော်ဖက်ရှင်နယ် ခန္ဓာကိုယ်တည်ဆောက်သူ ဖြစ်လာပါတော့တယ်။ အခုတော့ သူဟာ အသက် ၁၉ နှစ် ပေါင် ၉၅ ပေါင် ရှိနေပြီး ကိုယ်ကာယပြိုင်ပွဲတစ်ခုမှာ တတိယဆု ရခဲ့ပါသေးတယ်။ တကယ်တမ်း လုပ်ချင်စိတ်သာရှိရင် မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ ကိစ္စတော်တော်များ များ
ကို ကျော်ဖြတ်နိုင်တယ် ဆိုတာကို Samuels က သက်သေပြလိုက်တာပါ။

#သုတဇုန်
fb.com/thutazone
www.thutazone.com

No comments:

Powered by Blogger.