သတိ- ရည်းစားမရလျှင် အလုပ်ထွက်မည်


        ခုရက်ပိုင်း တရုတ် အင်တာနက်မှာ ပျံနှံနေတာကတော့ လူငယ်လေး တစ်ယောက်ရဲ့ အလုပ်ထွက်စာပဲဖြစ်ပါတယ်။  သူအလုပ်ထွက်ရတဲ့ အကြောင်းအရင်းကို ရေးထားတာကတော့  “ကုမ္ပဏီဟာ ခပ်သေးသေးလေးမို့ မိန်းကလေး အရေအတွက်လည်း နည်းလှပါတယ်။  ဒါ့ကြောင့် ဒီကုမ္ပဏီမှာ အလုပ်လုပ်ရင်းနဲ့ ရည်းစားရှာဖို့မလွယ်သောကြောင့် အလုပ်ထွက်ပါသည်” ဟူ၏။ 
          ထိုလူငယ်လေးကတော့ ထွက်စာရိုးရိုးတင်ရုံတင်မက သူ့ကိုယ်ပိုင် ဘလော့ဂ်မှာပါ သူ့ထွက်စာကို တင်လိုက်ပါသေးတယ်။  ခေါင်းစဉ်မှာကတော့ “ဒါဟာ ဟာသမဟုတ်ဘူး၊ ဒါဟာ ဆွန်တဲ ကျင်းတိုင် တဲ့ရှန်း ကားကုမ္ပဏီကို တင်တဲ့ တစ်ကယ့် အလုပ်ထွက်စာ” ဆိုပြီးတော့ ခေါင်းစဉ်နဲ့ တင်ထားပါသတဲ့ဗျား။ 
 
         သူ့ထွက်စာကို မြင်တော့ မန်နေဂျာက လက်မှတ်ထိုးပေးရုံသာမက အောက်မှာပါဖြည့်ပြီးတော့
ရေးပေးလိုက်ပါသေးတယ်။  မန်နေဂျာ ရေးထားတာကတော့ “မောင်ရင်.. ရည်းစားမရတာနဲ့ တစ်ခြားလူတွေကို အပြစ်လှိမ့်တင်မနေနဲ့၊ မောင်ရင့်ဘာသာ မောင်ရင် ရည်းစားမရှာနိုင်တာ” ဆိုပြီး ရေးထားတာပါ။  ဒါပေမယ့် ဒီထွက်စာဟာ အဲ့ဒီ ကုမ္ပဏီက  တကယ့် အလုပ်ထွက်စာ ဟုတ်မဟုတ်ကိုတော့ စုံစမ်းနေတုန်းပဲလို့ ဆိုပါတယ်။  အဆိုပါ ကုမ္ပဏီမှာတော့ လူပေါင်း ၁၀၀၀ လောက် အလုပ်လုပ်နေတယ်လို့ ဆိုသတဲ့။ 
         
ကဲ.. လူပျိုကြီးများ ရည်းစားရဖို့ အလုပ်ထွက်ကြဦးမလားဗျာ?

Ko Aung Htut ဘလော့မှ

No comments:

Powered by Blogger.