ကမ္ဘာ့အလှဆုံး ပိုက်ဆံများ

 ကော်စတာရီကာ နိုင်ငံရဲ့ ငါးကျပ် တန်ပိုက်ဆံပါ။  ၁၈၉၄ မှ ၁၉၀၂ အတွင်း ကော်စတာရီကာရဲ့ သမ္မတ ရာဖေး ရက်လီရှား ကက်စရို ရဲ့ ပုံနဲ့ ဂွာရီယာ မိုရာဒါ သစ်ခွပန်း(ကော်စတာရီကာရဲ့ နိုင်ငံကိုယ်စားပြု ပန်း)ကိုဖော်ပြထားပါတယ်။  ဒီပိုက်ဆံတွေကိုတော့ ၂၀၁၀မှာ အသစ်လဲလှယ်သုံးစွဲကြပြီ ဖြစ်ပါတယ်။

 ကလေးတွေ ဟော့ကီကစားနေတဲ့ပုံနဲ့ဖောပြထားတဲ့ ကနေဒါ ၅ ဒေါ်လာတန် ပိုက်ဆံပါ။  ဒါဟာ ရော့ခ်ျ ကယ်ရီယာရဲ့ ၀တ္တုတို "ကလေးဘ၀ ဆောင်းရာသီဟာ အလွန့် အလွန်ကို ရှည်လျှာတယ်၊ ကျွန်တော်တို့ ကျောင်းရယ်၊ ဘုရားရှိခိုးကျောင်းရယ်၊ စကိတ်စီးတာရယ် ဒါနဲ့ဘဲ ကုန်လွန်ရတယ်၊ ဒါမေမယ့် အကယ့် ပျော်ရွှင်စရာ ဘ၀ကတော့ စကိတ်စီးခြင်းသာဖြစ်တယ်" ဆိုတဲ့ ၀တ္တုလေးကို ဖော်ကျူးထားတာပါ။


 အရောင်သွေးစုံတဲ့ ဒီ ပိုက်ဆံစာ ၁၉၆၅ခုနှစ် က ထုတ်ဝေခဲ့တာပါ။  သြစတျေးလျှ ကတော့ ဒီပိုက်ဆံကို နန်းဆန်တဲ့ ပိုက်ဆံလို့အဲ့ဒီရာစုနှစ်က သတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီပိုက်ဆံကို လူကြိုက်နည်းလာခဲ့ပါတယ်။

 အီဂျစ် ပိုက်ဆံ "အီဂျစ်ပေါင်" ရဲ့ ပိုက်ဆံ တစ်မျိုးပါ။  ဒီပိုက်ဆံတွေကို ဘာသာ ၂မျိုးနဲ့ ဖော်ပြပါတယ်။


 ဒါကတော့ ယူအေအီးနိုင်ငံရဲ့ တစ်ရာ ဒါဟမ် ပိုက်ဆံပါ။  ကမ္ဘာ့ ကုန်သွယ်ရေး ဋ္ဌာနပုံကိုလည်း ဖော်ပြထားပါတယ်။  ယူအေအီနိုင်ငံရဲ့ ပိုက်ဆံတိုင်းမှာ သိန်းငှက်ပုံကို ဖော်ပြပါတယ်။ ရည်ရွယ်ချက်ကတော့ လိမ်လည်လှည့်ဖျားမှု့တွေကို ကာကွယ်ဖို့ပါတဲ့။


 ပါကစ်စတန်နိုင်ငံရဲ့ ၅ ရူပီး တန်ပိုက်ဆံပါ။  ဒါပိုက်ဆံမှာတော့ ၂၀၀၈ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ ဂါဝါဒါ ဆိပ်ကမ်းပုံ ကို ဖော်ပြထားပါတယ်။


 မလေးရှာနိုင်ငံရဲ့ ၅ ရင်းဂစ်တန် ပိုက်ဆံမှာတော့ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်ကို ဖော်ပြထားပါတယ်။ ဒါ့အပြင် ပက်ထရိုးနက် အမွှာမျှော်စင်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။  ဒါအပြင် Multimedia Super Corrido ကိုလည်း ဖော်ပြထားပါသေးတယ်။


တောင်အာဖရိကနိုင်ငံရဲ့ ၂၀ ရန်ဒ်ပိုက်ဆံပါ။  ဒီ ပိုက်ဆံတွေမှာတော့ အမျိုးမျိုးသော "ကြီးမားသော တိရစ္ဆာန်ငါးကောင်" လို့ သူတို့တင်စားတဲ့ တရစ္ဆာန်ပုံတွေကို ဖော်ပြထားပါတယ်။



 ဒါကတော့ ဖရန်ရှ် ပိုလီနီရှား နိုင်ငံရဲ့ ၁၀၀၀ တန် ပိုက်ဆံဖြစ်ပါတယ်။  ဒီပိုက်ဆံတွေကိုတော့ CPF franc လို့ ခေါ်ပါတယ်။

 ထိုင်းနိုင်ငံရဲ့ ဘတ် ၅၀၀ တန် ပိုက်ဆံပါ။  ဒါဟာ ပျမ်းမျှ အင်္ဂလန် ၁၀ ပေါင်နဲ့ ညီမျှပါတယ်။

 ဒါကတော့ စူရီနမ်မီစ် ရဲ့ ၁၀ ဒေါ်လာတန်ပိုက်ဆံပါ။  ၂၀၀၄ ခုနှစ်မှာ နယ်သာလန်နိုင်ငံရဲ့ အဓိကငွေကြေးစနစ်နဲ့ ချိတ်ဆက်တဲ့  ဆူရီနမ်မိစ် ပိုက်ဆံတွေနဲ့ အစားထိုးခဲ့ပါတယ်။


 ဟွန်ဒါရက်စ် နိုင်ငံရဲ့ ၁ လင်ပီယားပါ။  ၁၉၃၁မှာ လင်ပီးယားငွေကြေးကို စတင်မိတ်ဆက်ခဲ့ပြီး၊ ၁၆ ရာစုအကုန်အုပ်စိုးတဲ့လူတွေက ဒီနာမည်ကို ပေးခဲ့တာပါ။


 နယူဇီလန်ရဲ့ ၅ ဒေါ်လာတန်ပါ။  နယူဇီလန်နိုင်ငံမှာ ပေါက်ဖွားရှင်သန်နေတဲ့ အ၀ါရောင် မျက်လုံးရှိတဲ့ ပင်ဂွင်းပုံလေးတွေကို ကိုယ်စားပြုပါတယ်။


 ဘဟားမားနိုင်ငံရဲ့ ၁ဒေါ်လာတန်ပိုက်ဆံပါ။  ဘဟားမား တော်ဝင် ရဲတပ်ဖွဲ့ရဲ့ ဘင်ခရာတီးဝိုင်းပုံကို ရိုက်နှိပ်ဖော်ပြထားပါတယ။


 လစ်ဗျားနိုင်ငံရဲ့ ၁ ဒင်နာ ပိုက်ဆံဖြစ်ပါတယ်။  ၁၉၇၁မှာ အခြားပုံစံကို အစားထိုး အသုံးပြုခဲ့ပါတယ်။


 အိန္ဒိယနိုင်ငံရဲ့ ၁၀၀၀ တန် ရူပီးဖြစ်ပါတယ်။  နိုင်ငံ ခေါင်းဆောင် ဖခင်ကြီးဖြစ်တဲ့ မဟတ္တမ ဂန်န္ဒီ ကို အရှေဖက် မှာ ဖော်ပြထားပြီး၊ အနောက်ဖက်မှာတော့ စိုက်ပျိုးရေး၊ ကမ်းလွန်ရေနံ၊ ဂြိုလ်တု၊ သံရည်ကျိုလုပ်ငန်းတွေအပြင် မိန်းမငယ်တစ်ဦး ကွန်ပျူတာနှင့် အလုပ်လုပ်နေပုံတို့ကို ပေါင်းစပ်ဖော်ပြထားပါတယ်။

အင်ဒိုနီရှာနိုင်ငံရဲ့ ၁၀၀၀ တန် ရူးပီးယားပါ။  ဒါဟာ အင်ဒီယား ရူပီးနဲ့ မတူဘဲ ရူပီးယားလို့ ခေါ်ပါတယ်။ ဒီပိုက်ဆံဟာ အင်ဒိုနီရှားနိုင်ငံရဲ့ ရိုးရာ ပါလမ်ဘန်းက အိမ်ကို ရိုက်နှိပ်ဖော်ပြထားပါတယ်။

ကိုအောင်ထွဋ်ဘလော့မှ

No comments:

Powered by Blogger.