ကိုလံဘီယာက အံသြဖွယ်ကျောက်ဆောင်ကြီး


သူ့နာမည်ကို El Peñon De Guatape လို့ခေါ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံက ပုပ္ပါးတောင် နဲ့ ဆင်ပါတယ်။ ပုပ္ပါးတောင်က မီးငြိမ်းတောင်ဖြစ်ပြီး သူကတော့ ကြီးမားတဲ့ကျောက်တောင်ကြီးပါ။ အမြင့်ပေ ၇၀၀၅ ပေ ရှိတဲ့ အတွက် အလွန်မတ်စောက်ပြီး တောင်ထိပ်ဖျားကိုရောက်ဖို့ ၁နာရီလောက်တက်ရပါတယ်။



 ၁၉၅၀ ခုနှစ်မတိုင်ခင်က ကျောက်ဆောင်ပေါ်ကို ပျဉ်းပြားများကနေတစ်ဆင့် ခက်ခဲစွာတက်ခဲ့ရတဲ့အတွက် လူတိုင်းမတက်နိုင်ပါဘူး။ ဒီနောက်ပိုင်းမှ လက်ရန်းလှေကားတွေကို တပ်ဆင်လိုက်တဲ့အတွက် လွယ်ကူ စွာတက်နိုင်ကြပြီဖြစ်ပါတယ်။ လှေကားအစင်းပေါင်း ၆၀၀ ကျော်ကို ကျော်ဖြတ်ပြီးမှတောင်ထိပ်ပေါ်
ကိုရောက်နိုင်မှာပါ။ တောင်ထိပ်ကို ရောက်ရင်တော့ အလွန်လှပတဲ့ ကိုလံဘီယာနိုင်ငံ ရှုခင်းတွေကို တ၀ကြီးကြည့်ရမှာပဲ ဖြစ်ပါတယ်။ ခရီးသွားတွေ အလာများတဲ့နေရာတစ်ခု ဖြစ်ပါတယ်။







#သုတဇုန်
fb.com/thutazone
www.thutazone.com

No comments:

Powered by Blogger.