ပျော်ပွဲစားထွက်ရာက သရဲခြောက်ခံရ
ဘရစ္စ်တို မှာနေထိုင်ကြတဲ့ Friends Lola Swan နဲ့ Kate Channon ဆိုတဲ့
အမျိုးသမီးနှစ်ဦးဟာ တနင်္လာနေ့မှာတော့ ဘရစ္စ်တိုနားမှာ ရှိတဲ့ သစ်တောထဲမှာ
camp ထိုးပြီး နေဖို့ စိတ်ကူးပြီး ထွက်လာခဲ့ကြပါတယ်။
သူမတို့ရောက်တဲ့အချိန်က နေ့လည်ဘက်ဖြစ်ပြီး camp ကိုလည်းနေ့ခင်းကတည်းက
ပြင်ဆင်လို့ ပြီးခဲ့ပါတယ်။
ဖုန်းထဲက ဓါတ်ပုံကို အနီးကပ်ဆွဲကြည့်တဲ့အခါ
အဲဒီနောက်မှာတော့ သူတို့နှစ်ဦးဟာ အနီးအနားကနေ ထူးဆန်းတဲ့ အသံမျိုးတွေ ကြားခဲ့ရတာကြောင့် ကြောက်လန့်ခဲ့ကြပါတယ်။
သူတို့နှစ်ဦးစလုံး ကလေးတစ်ယောက် စကားပြောသံလိုလို ကြားရပြီး သူတို့ရဲ့ camp အနောက်ဘက် သစ်တောထဲမှာ သရဲလိုလို ပုံရိပ်ကို မြင်ခဲ့ရပါတယ်။ ဒါနဲ့ နောက်တစ်နေ့ မနက်ရောက်တဲ့ အထိ မစောင့်တော့ဘဲ သူမတို့ ရိုက်ကူးထားတဲ့ဓါတ်ပုံတွေကို ဖုန်းထဲမှာ ပြန်ကြည့်ခဲ့ပါတယ်။
အဲလို ပြန်ကြည့်လိုက်တဲ့အခါမှာတော့ တွေ့လိုက်ရတဲ့ သရဲလိုလို ပုံရိပ်တွေက ညဘက်မှာ ဘာတွေ ထပ်မြင်ရမယ်ဆိုတာကို တွေးမကြည့်ရဲလောက်အောင် သူတို့ ကြောက်လန့်ခဲ့ပါတယ်။
အသက် ၂၈နှစ်ရှိ Swan က “ကျွန်မဖုန်းကို ချက်ချင်း လွှင့်ပစ်လိုက်မိတယ်။ ကျွန်မသိလိုက်တယ်။ ကျွန်မတို့နှစ်ယောက်ကို တစ်စုံတစ်ဦးက စောင့်ကြည့်နေပြီဆိုတာ ဒီဓါတ်ပုံက သက်သေပဲ” လို့ ပြောပါတယ်။ “နောက်ပြီး တစ်ညလုံး လူတွေ လမ်းလျှောက်နေသလိုမျိုး ခြေသံတွေ၊ သစ်ကိုင်းခြောက်တွေကို တက်နင်းမိတဲ့ အသံတွေ ကြားရတယ်” လို့ပြောပါတယ်။
၂၄နှစ်ရှိ Channon ကတော့ သူမလေချွန်လိုက်တဲ့အခါ ပြန်ပြီး လေပြန်ချွန်တဲ့အသံ ကြားလိုက်ရတဲ့အတွက် အလွန့်ကို တုန်လှုပ်ခြောက်ခြားခဲ့ပါတယ်။ ဒါ့အပြင် သူမတို့ရဲ့ ခရီးစဉ်အတွင်း တူ(hammer) ပျောက်နေပြီး ညဘက် ၁နာရီလောက်မှာ ကလေးသံတွေ ကြားခဲ့ရပြီး အဲဒါဟာ နောက်ဆုံး အသံကြားရခြင်း ဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့ကြောင့် အရမ်းကို ခြောက်ခြားလာပြီး ကျွန်မတို့ရဲ့ ပျော်ပွဲစားက ကြောက်စရာကောင်းနေတာမို့ ညတွင်းချင်း ပစ္စည်းတွေသိမ်းပြီး ထွက်ပြေးလာခဲ့ကြတယ်လို့ ပြောပါတယ်။ သူမတို့ရဲ့ ကြုံတွေ့လာတဲ့ အဖြစ်အပျက်က ၁၉၉၉ ခုနှစ်အတွင်းက တောထဲမှာ ပျောက်ဆုံးသွားတဲ့ ကျောင်းသား ၃ယောက်အကြောင်း ရိုက်ကူးထားတဲ့ Blair Witch Project နဲ့တောင် ခပ်ဆင်ဆင်လို့ ပြောပါတယ်။
ref: dailymail.co.uk
World-Myanmar

No comments: