သင်ဒါတွေ သိသလား
အရက်ဖြတ်ဖို့ စပျစ်ရည်သောက်စို့
အရက်စွဲနေသူများ အတွက် အရက် သောက်ချင်စိတ်ကို အများဆုံး ပြေပျောက် စေနိုင်တာလည်း စပျစ်ရည်ပါပဲ။ အရက်ဖြတ်သူများ အတွက် တန်ဖိုးအရှိဆုံး အစားထိုး အစာအဖြစ် စပျစ်ရည်ကို အသုံးပြုနိုင်ပါတယ်။
အရေပြားပေါ်က အနာတွေ
မုန်လာစေ့ကို ညက်အောင် ကြိတ်ခြေပြီး ကြေညက် ပျစ်ချွဲသွားတဲ့အခါ ရေနဲ့ မပျစ်မကျဲ ဖျော်၍ မျက်နှာပေါ်က အပြစ်အနာအဆာတွေ ပျေက်ကင်းစေဖို့ လိမ်းပေးနိုင်ပါတယ်။ ၀က်ခြံ၊ မှဲ့ခြောက်ကို ပျောက်ကင်းစေပါတယ်။ Dr. Aman ရေးတဲ့ Medicinal Secrets of Your Food ထဲမှာတော့ ပွေးပေါက်ခြင်း ကိုလည်း နိုင်နင်းတယ်လို့ ဖော်ပြထားပါတယ်။
သွေးအားနည်းခြင်း
ပဲပုတ်စေ့မှာ သံဓာတ်များစွာ ပါဝင်တဲ့အတွက် သွေးအားနည်းရောဂါ ဝေဒနာရှင်ကို များစွာ အထောက်အကူ ပြုနိုင်ပါတယ်။ သွေးအားနည်းသူတွေဟာ အစာချေဖျက်ရန်လည်း ခက်ခဲ လှတာကြောင့် သွေးအားနည်း ရောဂါရှင်ကို ပဲနို့တိုက်ကျွေးခြင်းဖြင့် အစာကြေလွယ်ပြီး သံဓာတ်လည်း ဖြည့်ပေးနိုင်ပါတယ်။
မျက်စိနာ
သပြေသီး ပြုတ်ရည်နဲ့ မျက်စဉ်း ခတ်ပေးလျှင် မျက်စိနာ ရောဂါကို သက်သာစေပါတယ်။
Messenger News Journal

No comments: